二❣️(Zawgyi)

165 8 0
                                    

မနက်ခင်း အချိန် ငှက်ကလေးတွေ ဟာ သီချင်းဆိုနေကြပြီ အန်ကယ် လူးဝစ် ဟာလည်း တစ်အိမ်ဝင် တစ်အိမ်ထွက် သတင်းစာတွေ လိုက်ပို့နေတယ် ။ဘေးအိမ်က အိမ်နီးနားချင်း အန်တီကြီးတွေက တော့ ပြတင်းပေါက် ဝရန်တာကနေ အချင်းချင်း morning လို့နှုတ်ဆက်နေကြတယ် ***မြို့ရဲ့ လမ်းကျဉ်းကျဉ်းထဲမှာ စက်ဘီး သံတွေ လူသံတွေ နဲ့ အသက်တွေဝင်လို့နေတယ် ရှေ့မျက်စောင်းထိုး အိမ်က မဒမ် အေရီ ဟာလည်း ကလေးတွေအတွက် မနက်စာ အတွက်အလုပ်ရှုပ်နေပြီး ခင်ပွန်းဖြစ်သူ ကယ်ဗင် ကလည်း အလုပ်သွားဖို့ အတွက်ပြင်ဆင်နေတယ် မနက်ခင်းမှာ အပြေး လေ့ကျင့်နေတဲ့သူတွေ အလုပ်သွားဖို့ပြင်ဆင်နေတဲ့ သူတွေ အိမ်သားတွေအတွက်မနက်စာပြင်ဆင်ပေးနေတဲ့ အိမ်ထောင်ရှင်မကောင်းတွေ နဲ့ နွေးထွေးလို့နေတဲ့

ဒီလိုမျိုးဘဲ အာရှသား နှစ်ယောက်နေထိုင်တဲ့ ဒီနှစ်ထပ်တိုက်အိမ်လေး မှာဆိုရင်လည်း Xiao Zhan က မနက်ခင်းစောစောထပြီး ဝရန်တာ မှာ စိုက်ထားတဲ့ ပန်းပင်တွေကို ရေလောင်းနေတယ် ဘေးအိမ်က လူတွေကိုလည်း နှုတ်ဆက်ရင်းပေါ့ ပြီးတော့ ဝရန်တာ ဘေးနားမှာ ခွက်လေးထဲ မှာ ဆန်လေးတွေရယ် ရေရယ် ငှက်လေးတွေ အနားယူဖို့ အတွက် သစ်ချောင်းတွေလို စင်လေးတွေရယ် ပေါ့  ပြီးတော့ Xiao Zhan အတွက် ဒီမနက်ခင်းဟာ ပိုလို့တောင်မှ ပျော်ရွှင်နေတယ် သူတစ်ယောက်တည်း မဟုတ်တော့ဘူး ဆိုတဲ့ အသိကြောင့်ပေါ့ သူနဲ့ မနက်စာ အတူစားမဲ့လူလည်း ရှိပြီ ဆိုင်မှာ အတူတူ အလုပ်လို့ရမဲ့ အဖော်လည်းရှိပြီ ညစာကို အတူတူ စားပေးမဲ့ လူလည်း ရှိပြီ အို ဒီထက်ကောင်းတဲ့ အရာ ရှိဦးမှာမဟုတ်တော့ဘူး အတွေးတွေနဲ့ပြုံးရွှင်နေတဲ့ Xiao Zhan ဟာ မီးဖိုခန်းမှာ ကြက်ဥပြုတ်နေပြီး ပေါင်မုန့်မီးကင်ရယ် ဝမ် အတွက် latte တစ်ခွက်ရယ် သူ့အတွက် black coffee တစ်ခွက်ရယ် နဲ့ မနက်စာ ကို ပြင်ဆင်ပြီး အအိပ်မက်တဲ့ ဝမ် ကို နိုးရတော့တယ်

"ဝမ် ထတော့ ဝမ် မိုးလင်းနေပြီ ဝမ် ကျောင်းသွားနောက်ကျတော့မယ် ဝမ် ရေ "

Xiao Zhan အသံက နူးညံ့လွန်းတာကြောင့် Yibo အဖို့ နိုးဖို့နေနေသာသာ ပြန်တောင်ထမလာချင်စရာ ကောင်းအောင် ချိုမြိန်လွန်းနေတယ် ပြီးတော့ အိမ်မက်ထဲ မှာ Xiao Zhan က သူ့ mochi ပါးကို ခပ်ပါးပါး ရိုက်နေတယ်တဲ့ Yibo က သာမာတ်အချိန်မှာ ရုပ်ကရေခဲရိုက်ထားတဲ့ ရုပ်လိုအေးစင်နေပေမဲ့ ကလေးဆန်တတ်တာကို အတူနေကြည့်ဖူးမှဘဲ သိမယ်တဲ့ အထူး သဖြင့် အိပ်နေတဲ့ အချိန်ဆို နှုတ်ခမ်းလေးက လုပ်ယူထားတာ မဟုတ်ဘဲ အရှေ့ကို ခမ်ဆူဆူလေး ထွက်နေပြီး အမြဲ ကြုတ်ထားတဲ့ မျက်ခုံးတွေဟာလည်း ပြေလျော့နေပြီး ပါးလေးကလည်း ဖိထားတော့ ပိုတောင် ဖောင်းထွက်နေတာ (ရေးနေရင်း ငါ အသည်းယားပြီး ကိုက်စားမိတော့မယ် Yibo ရေ )  အိပ်နေတဲ့ အချိန်ဟာ ရုပ်အဆိုးဆုံး အချိန်ဆိုရင် Yibo ဟာချွင်းချက်အနေနဲ့ ကလေးဆန်ဆန် ချစ်ဖို့ကောင်းပြီး ဖြူစင်နေတဲ့ ကလေးငယ် တစ်ယောက်ပါဘဲ

希望我们永远在一起(Completed)Where stories live. Discover now