四❣️(Unicode)

145 11 0
                                    

*** မြို့ရဲ့ လမ်းမရဲ့ထက်မှာ မီးရောင်စုံ တွေနဲ့ စားသောက်ဆိုင်တွေ ပစ္စည်း အရောင်းဆိုင်တွေပြည့် နှက်နေတယ် မိုးရွာပြီးလို့ တိုက်လာတဲ့ လေအေးအေးတွေ နဲ့ ပန်းခြံဘေးနားမှာ Perfect ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေနေကြတယ် Yibo နဲ့ Xiao Zhan တို့က ပန်းခြံကို ပတ်ပြီး အဲ့မှာ ရပ်ပြီး သီချင်း နားထောင်နေကြတယ် အဲ့ အချိန်မှာ Yibo က Xiao Zhan ဘက်ကိုဘဲ ခေါင်းစောင်းပြီး ငေးကြည့်နေတယ် " ကော ကျွန်တော် ပြောစရာရှိတယ် သိလား....

" Zhan Ge Di Di Ai Ni " ကော သိလား " ကျန့်ကောဝေါ်အိုက်နီ " ကျွန်တော် ကျန့်ကောကို ချစ်တယ် ကျန့်ကော ကျွန်တော် ကိုယ့်ဘာသာကိုယ် ဆန်းစစ်ပြီးသွားပြီ... အစတုန်းကတော့ ငယ်သေးလို့ စိတ်ကစားတယ်လို့ ထင်ပေမဲ့ ကြာလာတော့ အဲ့လိုမဟုတ်ဘူးဆို တာကျွန်တော် သိလာတယ် ပြီးတော့ ကျွန်နော် ဒီစကားပြောဖို့အတွက် ကျွန်တော် အတွက်အရမ်းခက်ခဲ ခဲ့တာသိလား ကျွန်တော့် မားနဲ့ ပါးတို့ကိုတောင် မပြောတာကို နော် ... အဲ့တာနဲ့ Xiao Zhan က ကြောင်နေရင် ပြီးမှ စကားပြောဖို့ပြင်တော့

" အားး ကော ခဏနေအုံး ကော စပြောလိုက်တာနဲ့ ကျွန်တော့် ကိုလက်ခံတာနော် ပြီးတော့ အသံမထွက်ဘဲ ငြိမ်နေရင်လည်း လက်ခံတယ်လို့ဘဲ သတ်မှတ်မှာ နော် ပြီးတော့ ဒီအချိန်ကစပြီး ကျွန်တော်က ဒီက အဘိုးကြီး Xiao Zhan ကို ကာကွယ်ပေးတော့မှာ "

" ahh ... guo zai zai လေးက ကာကွယ်ပေးမယ်ဆိုဘဲ ပြီးတော့ ကိုယ်စောင့်နေခဲ့တာ ဝမ် အခုမှပြောရလား ဝမ် ပြီးတော့ ကိုယ်မင်းကို ငြင်းမယ်လို့ ဘယ်လိုတွေးမိရတာလဲ ကိုယ် ပါးစပ်ကနေ ထုတ်မပြောပေမဲ့ အပြုအမူက နေဘဲ ကိုယ်ကဖော်ပြချင်ခဲ့တာပါ "

" ဝမ် ... ငါဆိုတဲ့ ရှောင်းကျန့်က မင်းကိုချစ်တယ် ဝမ်"

လို့ လက်လေးနှစ်ဖက်ကို Yibo ပါးလေးပေါ် ကိုင်ပြီး ဝမ်းသာမျက်ရည်စို့နေတဲ့ ကျောက်စိမ်းလိုကြည်လဲ့နေတဲ့ Xiao Zhan ရဲ့မျက်လုံးဟာ Yibo ရဲ့ မျက်လုံးကို ကြည့်ပြီး မြတ်မြတ် နိုးနိုးကြည့်ပြီး ပြောလိုက်တယ်

ပြီးတော့ Yibo က Xiao Zhan ရဲ့ ဆေးရောင်မကူဘဲ ခပ်ရဲရဲ နီထွေးနေပါသော အမြတ်တနိုးတန်ဖိုးထားရပါသော မှဲ့နက်ပိုင်ရှင်ရဲ့ နှုတ်ခမ်းပေါ် သူ့ရဲ့ နှုတ်ခမ်းပါးနဲ့ ထပ်တူကျစေပြီး ပန်းခြံအနီးတစ်ဝိုက် ပတ်ဝန်းကျင်ကတော့ နူးညံ့တဲ့ ချစ်ခြင်းတွေ ပျံ့လွင့်နေပြီး အချစ်ငှက်လေး နှစ်ကောင်ကတော့ မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်ခြင်းသင်္ကေတ တွေနဲ့ *** မြို့ရဲ့ ညနေခင်းဟာ ဆိုရင်ဖြင့် ပြည့်စုံ perfect ဖြစ်နေပါတယ်................

JING05

6日9月2021年

တိုသွားတာသိပါတယ် အများကြီးတိုသွားတာပါ ‌မနက်ဖြန်အပြီးရေးပေးပါမယ် ၂ပိုင်းလောက်ဘဲကျန်တော့ပါတယ် ................

希望我们永远在一起(Completed)Where stories live. Discover now