五(Final)❣️(Unicode)

186 10 8
                                    

10.5.2021 မှာ Sean ရဲ့မွေးနေ့ ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို ဝန်ခံခဲ့တဲ့ နေ့လေးတစ်ခုပေါ့ ဒါက တစ်သက်တာ အတွက်အမှတ်တရ ရှိနေမဲ့နေ့လေး ပြီးတော့ အဓိပ္ပာယ် အရှိဆုံး နေ့လေးပေါ့ ရည်းစားဖြစ်ပြီးနောက်ပိုင်း ပြောင်းလဲမှုလေးတွေ ရှိလာတယ် ဥပမာ တစ်ကုတင်ထဲ အတူအိပ်ကြတာတို့ ၊ ညဘက်ကျ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖြစ်ကြတာတို့ ( အဟမ်း ဘာကို ဆိုလိုချင်လဲ သိကြတယ်မလား ကျမက ကလေးဆိုတော့ ကျော်ချလိုက်တယ် ဟီးဟီး ဖြည့်တွေးပေးကြပါ ^_^ )


 မနက်ကျရင် morning kiss ပေးတာရယ် ၊ စက်ဘီးမစီးတော့ ဘဲ နှစ်ယောက်သား အမြဲလက်ကို ကိုင်ပြီးသွားကြတာရယ် ပြီးတော့ ဒီနှစ်တွေ အတွင်းမှာ Yibo ကတော့ ကျောင်းပြီးသွားတော့ တရုတ်ပြည်ကို ပြန်ပြီး သူ့မိသားစုပိုင် ကုမ္ပဏီမှာ အလုပ်လုပ်တယ် Xiao Zhan ကတော့ ပေါင်မုန့်ဆိုင် ကိုဟိုမှာဖွင့်ထားပြီး ဝန်ထမ်းတွေနဲ့ ထားခဲ့တယ် ဒီမှာတော့ Yibo အတွက် အိမ်မှာ ကုမ္ပဏီသွားဖို့ အတွက် ဟင်းချက်ပေးတယ် Xiao Zhan က Designer တစ်ယောက် အိမ်မှာဘဲ အေးအေးဆေးဆေးနေပြီးတော့ ပန်းချီဆွဲတယ် Design တွေလာအပ်ရင် ဆွဲတယ် ကျန်တဲ့ အချိန် တွေကို Yibo နဲ့ အတူကုန်ဆုံးတယ်

နောက်၅နှစ် အကြာမှာ သူတို့ နိုဝင်ဘာ ၁၄ ၂၀၂၆ မှာ မီလန် မှာသူတို့ရဲ့ အချစ်တွေကို တစ်သက်လုံး တည်မြဲဖို့ရာ ကတိကဝတ်ပြုပြီး လက်စွပ်ရဲ့ Design ကို အသသးစိတ်ကြည့်မယ်ဆိုရင် WX ဆိုတဲ့ စာလုံးလေးကိုစိန်လေးတွေနဲ့ အသေးစိတ်ဆင်ထားတာကို တွေ့ရလိမ့်မယ်


အဲ့လိုနဲ့ အသက်၃၀ ပြည့်မွေးနေ့မှာ Xiao Zhan က Yibo ဆိုတဲ့ ကောင်လေးကို မွေးနေ့ လက်ဆောင်ရခဲ့တယ် အသက်၄၀ မှာတော့ Jin Guo ဆိုတဲ့ ခြေပုတို ကြောင်လေး တစ်ကောင်ကိုပေးခဲ့တယ် ဒါက Xiao Zhan ကကြောင်အရမ်းချစ်တတ်တာကြောင့်ဘဲ တစ်ခါတစ်လေ Wang အူတိုက Jin guo က Xiao Zhan နားတအား ကပါတယ် ဒီလို မှန်းသိမဝယ်ပေးပါဘူး ဆိုပြီး အားတိုင် နှာခမ်းကို ဆူပြီး အမြဲပြောလေ့ရှိတယ် အဲ့အချိန်ကျရင် Xiao Zhan က " Aii ya Ge ရဲ့ ခွေးပေါက်လေး ကိုကြည့်ပါအုံး ဘယ်သူက Geရဲ့ ဝမ်ပေါက်လေး အသည်းလေး ကို စိတ်ဆိုးအောင်လုပ်တာလဲ " လို့ မျက်နှာလေးကို အုပ်ပြီး ခပ်ပြုံးပြုံးလေး နဲ့ပြောပြီး နှာဖူးပေါ်ကို နူးညံ့မြတ်နိုးတို့ မှုနဲ့အတူ ချစ်စရာ အနမ်းလေး တစ်ခုစွန့်ကြဲတယ် ( ငါလည်း အဲ့လ်ုချော့ခံချင်တယ် ဒါပေမဲ့ Yibo လိုချစ်ဖို့မှ မကောင်းတာ T_T )

希望我们永远在一起(Completed)Where stories live. Discover now