三❣️(Unicode)

163 13 0
                                    

ဖယောင်းတိုင် မှုတ်ပြီးတဲ့ နောက်မှာ နှစ်ယောက်သား ခေါင်မိုးထပ်ကို တက်လာကြတယ် ကိတ်ကို ပါယူပြီးတော့ပေါ့ matcha အရသာ ကိတ်ဟာ စားကောင်းနေသာထက် မြတ်နိုးတန်ဖိုးထားရတဲ့ လူကလုပ်ပေးထားတာ ဆိုရင် ပိုပြီး အမြတ်တနိုးတန်ဖိုးထားကြတာက နိယာမကြီး တစ်ခုမလား

"ge ကျွန်တော့်မွေးနေ့ ge ဘယ်လိုသိတာလဲ ပြီးတော့ ကျန့်ကော သိလား ge ကပထမဆုံးဘဲ ကျွန်တော့်မွေးနေ့ကို သတိတရနဲ့ မွေးနေ့ဆုတောင်းပေးတာရော ကိတ်လုပ်ပေးတာရော ပြီးတော့ ကျေးဇူးတင်ပါတယ် " လို့ ကျလုဆဲဆဲမျက်ရည်လေးတွေဟာ လေညှင်းတစ်ချက်လောက် ကျီစယ်ဝှေ့လိုက်တဲ့ အချိန်မှာ ပုလဲရောင်ကြည်တောက်နေတဲ့ မျက်ရည်တွေဟာ လက်ချောင်းသွယ်သွယ် နူးနူးညံ့ညံ့ လက်ဖဝါးပေါ်မှာ မြေခပါတယ် ပြီးတော့ Xiao Zhan က လက်မလေးနဲ့ ဖြူဝင်းနေတဲ့ ပါးမို့ပေါ်က မျက်ရည်တွေကို ခက်ဖွဖွ သုပ်ပေးတယ် ပြီးတော့ နှစ်သိမ့်ပေးတယ်

" ဝမ် မွေးနေ့မှာ မငိုကောင်းဘူးလေ ဝမ် ရဲ့ ပြီးတော့ ge က ဝမ် ပျော်ဖို့ အတွက် လုပ်ပေးတာလေ ငိုဖို့ အတွက်မှမဟုတ်ဘဲ ပြီးတော့ အရင်က ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ အခု ge ရှိတယ်မလား အရင်က အထီးကျန်တာတွေအကုန်လုံး ကိုအကုန်ပြန်ကုစား ပေးနိုင်မှာ မဟုတ်မှန်း ge သိပေမဲ့ အခုကစပြီး ဝမ် အထီးကမကျန်တော့ ဘူးဆိုတာ ge ကိုယုံ ပြီးတော့ ရပ်ခြားရပ်ဝေးမှာ တစိယောက်တည်း ကျောင်းလာတက်တယ် ဆိုကတည်း က ဝမ်က သတ္တိရှိတဲ့ ကောင်လေးတစ်ယောက်ပါ အခု အိမ်ကိုလွမ်းလို့ မလား အင်း ငိုလိုက် ဒါပေမဲ့ အခုသိထားရမှာက ဝမ် တစ်ယောက်တည်း မဟုတ်ဘူး ge ရှိတယ်လေ နော် "

မွေးနေ့မှာ Xiao Zhan ဟာ Yibo ရဲ့ အခြားတစ်ဖက် ခြမ်းကိုပါ သိရှိလိုက်ရတယ် အပြင်မှာ ဘယ်လောက်တောင် သန်မာပြခံစားချက်မဲ့တဲ့ပုံပေါ်နေပေမဲ့ တကယ်တမ်းတော့ ဂရုစိုက်မှုတွေလိုအပ်နေတဲ့ ကြောင်ပေါက်ကလေး တစ်ကောင်ပါ တစ်ယောက်တည်း နေလာတာကြာတော့ အကောင်ပေါက်လေးက အထီးကျန်ပြီး ငိုတော့တာဘဲ ဒါပေမဲ့ Xiao Zhan မသိလိုက်တာက Yibo ဟာ ကြောင်ပေါက်လေး မဟုတ်ဘဲ ယုန် ကိုစားမဲ့ ကျားပေါက်လေး ဆိုတာကိုပေါ့ ^_^

希望我们永远在一起(Completed)Where stories live. Discover now