Author note ❣️(Zawgyi)

66 2 0
                                    

Hello နောက်ဆုံးတော့ ဒီဟာလေးကို ပြီးသွားခဲ့ပြီပေါ့ အမှန်တော့ Jing က one shot ရေးဖို့ဆုံးဖြတ်ထားတာပါ ပြီးတော့ plot ကချထားတာ မဟုတ်ဘဲ BXD Day မှာ ငါတစ်ခုခုလုပ်ရမယ်ဆိုတဲ့ idea ပေါ်လာခဲ့ပါတယ် ဒါပေမဲ့လေ one shot အဖို့အရမ်းရှည်သွားပါတယ် ရေးတာအတောမသတ်နိုင်ဖြစ်သွားတာပါ အချိုတွေက Jing အတွက် အရမ်းရေးရခက်တာပါ အပြင်ဘဝမှာ လည်းကိုယ်က ရည်စားလေးတစ်ယောက်တစ်လေ တောင်မထားဖူးပါဘူး Romance ကားတွေမကြည့်တာ တစ်နှစ်ပြည့်ပါတော့မယ် အဲ့တာကြောင့် ရေးထားတာတွေက မရှင်းမလင်းတွေ ဖြစ်နိုင်ပါတယ် မြင်သာအောင်မဖော်ပြနိုင်ဘူးဆိုရင် Jing အပြစ်ပါ ။

ဇာတ်သိမ်းက နဂိုကတည်းက စဉ်းစားထားပြီးသားပါ plotမေ့နေပေမဲ့လည်းပေါ့ :') အပြင်ဘဝမှာပါ အဲ့လ်ုလေး တစ်ယောက်နဲ့ တစ်ယောက် ရိုးရှင်းပြီး ချစ်ခြင်းတွေနဲ့ပြည့်နေတဲ့ ဘဝကို ဖြတ်သန်းစေချင်တဲ့ ရည်ရွယ်ချက် ဘေးနားမှာ အမြဲရှိနေမဲ့ လက်တစ်စုံ အဲ့လိုမျိုးလေး တစ်ဘဝစာ မဟုတ်ဘဲ ဘဝတိုင်း ဘဝတိုင်းမှာ Wang & Xiao (or) Leo & Sean ကို အတူရှိချင်တာ Jing ရဲ့ အတ္တသေးသေးလေးမို့ အဲ့လိုသိမ်းဖြစ်သွားပါ အဲ့တော့ Extra မရှိတော့ပါဘူး ရှိရင် နောက်ဘဝကဟာကို ရေးရမဲ့ အနေအထားပါ အဲ့တော့ S2 ဖြစ်သွားလိမ့်မယ် အဲ့တော့ Extra မရှိပါဘူး

+လေးတွေက မထည့်တော့ပါဘူး စစိတ်ကူးကထဲက နူးနူးညံ့ညံ့လေး နဲ့ မြတ်နိုးမှုတွေနဲ့ တည်ဆောက်ထားတဲ့ ချစ်ခြင်းကို ပြချင်လို့ပါ ပြီးတော့ Jing က 16တောင်မပြည့်သေးပါဘူး XD အဲ့တော့ ကျော်ချလိုက်ပါတယ် အဲ့အခန်းကတော့ ဖြည့်တွေးလိုက်ကြပါ ကိုယ်က ဖတ်နိုင်တယ် မရေးနိုင်တဲ့ အင်နိုးဆန့် လေးပါ

    ပြီးတော့ ဇာတ်သိမ်း ဂယက်အကြောင်းလေး နည်းနည်းပြောချင်ပါတယ် တကယ်တော့ 6ရက်နေ့ ဒါမှမဟုတ် 7 ရက်နေ့မှာ ပြီးမဲ့ဇာတ်သိမ်းကို 30ရက်မှ ဇာတ်သိမ်းဖြစ်သွားပါတယ် အဲ့အတွက်တော့ ဦးတော် XD ကြားမှာ နေမကောင်းဖြစ်တာရယ် အသက်ရှူတိုင်းနာနေတဲ့အနာရယ် ခေါင်းထဲက ဘာမှကိုမထွက်လာတော့တာဘဲ ပြီးပြီးရော ရေးချင်ပေမဲ့ ပထမဆုံး fic ကို ပြီးစလွယ် ဇာတ်မသိမ်းချင်ပါဘူး

    အဲ့ဒါနဲ့ ဒီနေ့ရေးမယ်စဉ်းစားလိုက်တော့ plot ကမေ့သွားပါတယ် :') အစကပြန်ဖတ်လိုက်ပြီးတော်တော်ကြာမှ mood ကပြန်ဝင်လာတာပါ ကိုယ်ရေးထားတာကို မယုံနိုင်ဖြစ်ရပါသေးတယ် ဒီ sweet တဲ့အခန်းတွေ ငါရေးထားတာလားဆိုပြီး တွေ့လား ဂယက်တစ်သိန်း XD

  အဓိကပြောချင်တာက Jing က Author တစ်ယောက်မဟုတ်ပါဘူး အပျော်တမ်းစာရေးတဲ့ အဆင့်တောင်မရှိပါဘူး ဒီတိုင်း Wang နဲ့ Xiao ကိုချစ်တဲ့ သာမာန်ကောင်မလေး တစ်ယောက်ပါ သူတို့နဲ့ပတ်သက်တာ ကို ကိုယ်တိုင်ဖန်တီးချင်လို့ ဒီ fic ရေးဖြစ်ခဲ့သလို Wang နဲ့ Xiao ကြောင့် ဘဝမှာ မလုပ်ဖူးတဲ့ဟာတွေ အကုန်လုပ်ခဲ့ပါတယ် ပန်းချီလုံးဝမတော်တဲ့ Jing ကသူတို့နှစ်ယောက်နဲ့ ပုံတွေဆွဲဖြစ်ခဲ့ပါတယ် (မလှပေမဲ့လည်းပေါ့ ) ပြီးတော့ "ဝမ်" ဆိုတဲ့ နာမ်စားလေးက Jing အရမ်းကြိုက်တဲ့ နာမ်စားလေးပါ လေးနက်မှုတွေနဲ့ မြတ်နိုးခြင်းတွေပါဝင်ပြီး တည်ငြိမ်ဆွဲဆောင်မှု ရှိတဲ့ နာမ်စားလေးလို့ ခံစားရတာပါ Jing အတွက်ပြောတာပါ နာမ်စားတွေကို ခေါ်ရင်မကြိုက်တဲ့ Jing ကချွင်းချက်အနေနဲ့ အကိုတို့နှစ်ယောက်ကို နာမ်စားလေးတွေ ခေါ်ရတာ နှစ်သက်ခဲ့ပါတယ်

ပြီးတော့ ကျေးဇူးတင်ချင်တာကတော့ အသံတိတ်ကိုယ်ပျောက် reader တွေပါ မကောင်းမကန်းလေးကို ဖတ်ပေးကြတဲ့ အတွက် duo xie ကျေးဇူးအများကြီးကိုတင်ပါတယ် @              မကောင်းမကန်းဖြစ်ပေမဲ့ စကတည်း ဘေးမှာရှိပြီး အားပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် အကယ်၍ unnnie သာမရှိရငိ ဒီfic ကဇာတ်သိမ်းထိ ရေးဖို့ရာ ဖြစ်နိုင်ချင်မှဖြစ်မှာပါ အဲ့အတွက် အများကြီးကိုကျေးဇူးတင်ပါတယ်  💗 Te amo ❤️

နောက်ဆုံးတော့ အတည်နှုတ်ဆက်ပါပြီ WangXiao ရဲ့ လှပတဲ့ချစ်ခြင်းကို မဖော်ပြနိုင်ခဲ့ရင် Jing ရဲ့လိုအပ်ချက်သာ ဖြစ်ပါတယ်

တောတောင်တွေကမပြောင်းလဲဘူး စိမ်းပြာရေတွေက အမြဲစီးဆင်နေတယ် နောင် Fic မှာပြန်တွေ့ကြပါမယ် နှုတ်ဆက်ပါတယ် <3

谢谢大家。

博君一肖是真的。BJYXSZD ❣️❣️

1日10月2021年

Jing05

希望我们永远在一起(Completed)Where stories live. Discover now