Take Me There 01 ii

1.8K 73 3
                                    

သူတို့၏ထိပ်လန့်ဖွယ်စကားပြောသံများကို "အန်းထနာ" ကြားသောအခါ သူမ၏အရိုးထဲကပင်တုန်လှုပ်သွားတော့လေသည်

စာချုပ်တစ်ခုလား!
သူတို့ဘာတွေပြောနေတာလည်း!
အချစ်တစ်ခုကိုစာချုပ်နဲ့ဆုံးဖြတ်နေတာလား!
အန်းထနာ၏ ခေါင်းထဲ၌ အတွေးများစွာပင်

ထို့နောက် ထိုအမျိုးသား၏ ရေခဲသဖွယ်အေးစက်၍ဩရှသော အသံတို့သည် သူမ၏နားထဲသို့တစ်ဖန်ပြန်ဝင်လာတော့သည်

ထိုအမျိုးသား၏အရှေ့၌မျက်ရည်များဖြင့်တစ်ဆက်ဆက်တုန်ကာရပ်နေသောအမျိုးသမီး၏ အခြေအနေမဟန်သည်ကို 'အန်းထနာ'မြင်လိုက်သည်

"ငါသွားကူလိုက်ရမလား ဒီလူကဘာလို့မိန်းကလေးကိုစာချုပ်နဲ့ဆုံးဖြတ်နေတာလည်း သူတို့ပက်သက်မှုကဘာတွေလည်း ဒါပေမဲ့ ငါအခုသွားကူလိုက်ရင် ငါ့ကိုမြင်သွားလိမ့်မယ် မဖြစ်ဖူး မဖြစ်ဘူး သူမဆက်၍ပုန်းနေကာသူတို့၏စကားသံများကိုနားထောင်ဖို့ဆုံးဖြတ်လိုက်တော့သည်"

မစ္စ မော်ရွင်..ဒီနေရာကသင့်တော်တဲ့နေရာမဟုတ်ဘူး
ငါပြောတာနားထောင်ပါ ဟု (အမည်းရောင် T-shirt နှင့် ဘောင်းဘီကို ဝတ်ဆင်ထားသော ထွားထွားကြိုင်းကြိုင်းလူတစ်ယောက်က စကား ပြောလိုက်သည်)
စာချုပ်အရ ချစ်သူရည်းစားသည် ချစ်ခြင်းမေတ္တာက လွဲ၍ ကျန်တဲ့ဘယ်အရာမဆို မင်းစိတ်ကြိုက်တောင်းဆိုလို့ရပါတယ်
မင်း သူ့ကို ချစ်ဖို့တောင်းဆိုတာ စာချုပ်အရ ပျက်ပြယ်တယ်ဆိုတာ မင်းသိတယ်မလား မစ္စမော်ရွင်

အန်းထနာ အရမ်းကိုအံ့ဩသွားတော့သည် သူမ၏အံ့ဩမှုကြောင့်သူမနှုတ်ခမ်းမှအသံထွက်လာသည်ကို သူမလက်ဖြင့်အမြန်ဖုံးဖိလိုက်မိလေတော့သည်

သူမဘာဖြစ်နေတယ်ဆိုတာမယုံနိုင်ဘူး!
အလွန်ဒေါသထွက်စရာကောင်းပြီး သူမကိုသူမ မယုံကြည်နိုင်လေအောင် အံ့ဩနေသည်
လက်တွေ့ဘဝမှာ အချစ်ကိုစာချုပ်နဲ့ဖြတ်တာရှိတယ်ပေါ့ ဒါကလုံးဝကိုရူးသွပ်ခြင်းဘဲ

မျက်ရည်များဖြင့်တုန်ရီစွာရပ်နေသည့်ထိုအမျိုးသမီးကိုသူမ ထင်ထင်ရှားရှားမြင်လိုက်ရတော့ ပိုလို့ပင်အံ့ဩသွားလေသည်

အမလေးလေး!!
သူမ၏လက်တွေဖြင့်သူမနှုတ်ခမ်းကို မနည်းလုံအောင်ထပ်မံကာဖုံးလိုက်ရတော့သည်

အန်နာမိုရီ!!!
နာမည်ကြီးမင်းသမီးအန်နာမိုရီ

အန်းထနာ သူ့မျက်လုံးတွေကိုသူမလုံးဝမယုံနိုင်ခဲ့ပေ
ဘာကြောင့် အရည်အချင်းရှိ၍လှပသောအမျိုးသမီးသည် ယောက်ျားတစ်ယောက်ရဲ့ မေတ္တာကို တောင်းခံနေရတာတုန်း
သူတို့ရဲ့ဆက်ဆံရေးက စာချုပ်အရတဲ့လား
ဒီလိုမိန်းမလှလေးက ဒီလိုအေးစက်ခက်ထန်တဲ့ ယောက်ျားတစ်ယောက်ရဲ့ စာချုပ်အရ ရည်းစားလုပ်ခဲ့တာလား?
အို ဘုရားရေ
ဒီစာချုပ်အကြောင်းသာ သိသွားရင် အကုန်တုန်လှုပ်သွားတော့မှာဘဲ

သူမ အေးစက်စက်နိုင်သော ထိုအမျိုးသားကို ပုန်းကွယ်၍ကြည့်မိတော့သည်
ထိုယောက်ျားသည် အရပ်ရှည်ပြီး ပုခုံးကျယ်ကာ ဆံပင်ကို သေချာပြင်ဆင်ထားသည် အဝတ်အစားမှာ သေချာ ဝတ်ဆင်ထားပုံရ၍ ချမ်းသာသည့်အသိုင်းအဝိုင်းကဆိုသည်မှာ သူမရိပ်မိလိုက်သည်
ထိုယောက်ျား၏ ကျောပြင်ကိုသာ သူမ မြင်ရ၍ မျက်နှာကိုမူ မမြင်ရပေ!!

ခနကြာတွင် အေးစက်စက်နိုင်သော ထိုယောက်ျားထံမှ စကားသံထွက်လာလေသည်
ထိုစကားတို့သည် အေးစက်ခင်က်ထန်နေလေ၏

"ငါမင်းကိုဒီနေ့ပြောမှရတော့မယ်
ငါမင်းကို မချစ်ဖူး
ဘယ်တော့မှလည်းချစ်လာမှာမဟုတ်ဘူး
ပြီးတော့...မင်းစာချုပ်ကိုချိုးဖောက်တယ်
မင်းကိုငါဘယ်လိုဆက်ဆံရမလည်းဆိုတာငါသိသွားပြီ...."

အင်နာမိုရီ သည် ထိုယောက်ျားရှေ့၌ဒူးထောက်ချလိုက်လေသည်

"ဘုရားရေ...ဒီလိုလူမျိုးအတွက် အင်နာမိုရီက ဒူးထောက်တယ်တဲ့လား ငါ့မျက်စိငါ မယုံနိုင်တော့ဘူး...ဒီလူက ဘာတွေများကောင်းနေလို့ ဒူးထောက်နိုင်ရတာလည်း"

ထို့နောက် T-shirt အမည်း ဘောင်းဘီအမဲဝတ်ထားပြီး သန်မာထွားကြိုင်းတဲ့ လူတစ်စုက အင်နာမိုရီကို ကားပေါ်ခေါ်တင်သွားသည်ကို သူမ မြင်လိုက်တယ်
အလိုလေး!!ဒါအနိုင်ကျင့်နေတာလား?
သူမ စူးစိုက်ကြည့်နေလိုက်တော့လေသည်

နောက်ဆုံးတွင် သူမ သတိပြန်ဝင်လာပြီး ဒီနေရာကနေ ထွက်သွားဖို့ဆုံးဖြတ်လိုက်တော့သည်

ထွက်သွား!!မင်းဒီမှာရှိနေတာငါသိတယ်
အမိန့်ပေးလိုက်သည်နှင့် သူမ အရမ်းတုန်လှုပ်သွားပြီး တစ်ခမျှ အေးခဲသွားလေသည်
သူတို့စကားပြောနေတာကို ခိုးနားထောင်နေတာ သူသိသွားတာများလား...သူမတွေဝေကာကြောက်လန့်နေသည်

နောက်ဆုံးမှာ သူမ အသက်ပြင်းပြင်းရှုလိုက်၍
သတ္တိရှိစွာ ထွက်လာလေသည်

Hellbound With You(ချင်မင်းဟွာ Vs အန်းထနာ)Where stories live. Discover now