∆~24

761 32 0
                                    

အခန်း/24

"အ !!! ငါ့ကိုသွားခွင့်ပြုပါ ! မင်းဟွာ ကျွန်မကိုကူညီပါအုံး!"
သူမသည်အဘယ့်ကြောင့်ထိုယောက်ျား၏နာမည်ကိုခေါ်နေမှန်းမသိ...သူမတကယ်အော်ခေါ်သင့်တာ ကယ်လီ မဟုတ်ဘူးလား?
သူမရဲ့အော်သံကိုမကြားနိုင်တာသိပေမဲ့လည်းသူမအော်ခေါ်မိနေတုန်း

"ကယ်လီ !!!! ငါ့ကိုကူညီပါအုံး!!!"

ထိုလူသည်တုန့်ပြန်လာသည်နှင့်သူ၏နောက်မှပေါက်ကွဲသံတစ်ချို့ကိုလည်းကြားလိုက်ရသည်
ထိုလူသည်လှည့်ကြည့်လိုက်သည်နှင့်သူမ၏လည်ချောင်းများတွင်လည်းပြောစရာစကားများပင်ပျောက်ရှသွားလေရဲ့
သူ၏ရှေ့ကယောက်ျားသည် သန့်စင်ခန်း အတွင်းမှဆွဲထုတ်ခံရကာ ရေချိုးခန်းဘက်သို့ပင်ရောက်သွားလေ၏

"ဘ-ဘ-ဘာလဲ" ထိုယောက်ျားရဲ့စကားမဆုံးခင်မှာရုတ်တရက်နောက်ပြန်ငိုက်မိသွားကာအေးခဲပြီးမာကျောတဲ့နံရံပေါ်မှာပင်အရိုက်ခံလိုက်ရသလို
ထိုလူသည်မှင်တက်သွားပြီးသူ၏ ဦးခေါင်းသည်ပြင်းထန်သောရိုက်သံများနှင့်အတူနွေးထွေးပြီးစေးကပ်သောအရာတစ်ခုခုသည်သူ့ခေါင်းမှတစ်ဆင့်နောက်ကျောသို့လှိမ့်ဆင်းလာသည်

"အရူးကောင်..... ငါဘယ်သူလဲမင်းမသိဘူးလား"

ထိုယောက်ျား၏မျက်လုံးအားမှုန်ဝါးလာကာသူ၏အသိစိတ်ထဲတွင်သူ့ကိုရိုက်နှက်နေသောသူကိုသာမြင်နိုင်တော့သည်
ထို့နောက်သူသည်နံရံပေါ်သို့မြှောက်တင်ခံလိုက်ရပြီးကြီးမားပြီးအင်အားကြီးသောလက်တစ်စုံသည်သူ၏လည်ပင်းပေါ်သို့ကျရောက်လာသည်
သူ့ကိုဆုပ်ကိုင်ထားသောထိုလူရဲ့လက်မောင်းများအားကုပ်ခြစ်လိုက်ပေမဲ့ထိုယောက်ျားသည်တော့မည်မျှမှခံစားရသည့်ပုံမပေါ်
ထိုလူ၏လက်များသည်သံမဏိကဲ့သို့ခိုင်ခံသည်

"မင်းသူမကိုထိလိုက်တာလား " ထိုလူကမေးလိုက်တယ်
ထိုလူရဲ့အသံထဲမှာဒေါသများနဲ့အတူလူသတ်တော့မည့်အငွေ့အသက်များပါပါရှိနေသည်
သူသည်ဤလူမျှပင်သွေးထွက်သံယိုရိုက်ခတ်မှုများကိုခံစားခဲ့ရပြီးထိုလူသည်သူ့အားသတ်ရန်ဝန်လေးသည့်ပုံလည်းမပေါ်ပေ
ဒီလူနဲ့မရှုပ်သင့်ဘူးဆိုတာကိုသူသိလိုက်သည်

"မဟုတ်ဘူး ... " သူသည်ထိုယောက်ျားအားအော်ဟစ်လိုက်သည်
ထိုလူ၏ရိုက်ခတ်မှုများကိုသူသည်းမခံချင်ခဲ့သော်လည်းယခုအချိန်တွင်‌ေတာ့ဘာမှပင်မလုပ်နိုင်တော့..သူမသေချင်သေးဘူး!
"ငါ-ငါ-သူမရဲ့ပုခုံးကိုထိခဲ့တယ်...ဒါပေမဲ့ငါဘာမှမလုပ်ခဲ့ဘူး"

ချင်မင်းဟွာ သည် သူ၏ဆုပ်ကိုင်မှုအားလျော့ချလိုက်သည်နှင့်ထိုလူသည်ကြမ်းပြင်ပေါ်သို့ပင်လဲကျသွားသည်
စကားတစ်လုံးမှမဆိုဘဲ သူ၏အနောက်ကအနေအေးတဲ့ကောင်မလေးကိုသာကြည့်လိုက်မိတယ်

သူမတွင်ကြောက်ရွံ့ခြင်း.. တုန်လှုပ်ခြင်း... စိတ်ရှုပ်ထွေးခြင်းနှင့်စိတ်ခံစားချက်များရောထွေနေသည်က်ုမြင်လျှင်အလျင်အမြန်ပင်သူမ၏ခန္ဓာကိုယ်ပေါ်တွင်မည်သည့်အမာရွတ်များပင်ရှိမည်ကိုလည်းကြည့်လိုက်သေးသည်
သူ့မျက်လုံးတွေကအေးစက်နေပြီးသူမကိုကြည့်နေရင်းကြောက်ရွံ့လုနီးနီးဖြစ်သွားသည်
သူမမနာကျင်ဘူးဆိုတာသိပေမဲ့သူ့ရဲ့သွေးသားဆန္ဒကမလျှော့ခဲ့‌ေပ
အဲဒီအစားအဲဒါကပိုပြင်းထန်လာတယ်

သူသည်သွေးများဖြင့်ဖုံးလွှမ်းနေသောကြမ်းပြင်ပေါ်တွင်လဲကျနေသောလူကိုကြည့်ပြီး သူ၏ဒေါသသည်အနီရောင်မှပင်အမဲရောင်သို့ပြောင်းသွားလေပြီ
သူ၏ မျက်လုံးများသည် အန္တရာယ်များနှင့်ပြည့်နှက်နေသည့်အမှောင်ထုအဖြစ်သို့ပြောင်းလဲသွားခဲ့သည်
ချင်မင်းဟွာ ထိုလူ၏ကော်လာအားဆုပ်ကိုင်ကာသူမရှေ့တွင်ဒူးထောက်စေလိုက်သည်
‌ထိုလူသည် ကြမ်းပြင်ပေါ်တွင်သူ၏လက်နှစ်ဖက်အားချလိုက်သည်နှင့် ချင်မင်းဟွာ ထိုလူ၏လက်နှစ်ဘက်ကိုခြေဖြင့်တက်နင်းလိုက်ကာထိုလူ၏လက်ကိုပင်ချိုးပစ်တော့မလို

ထိုလူ၏ကျယ်လောင်သောအော်ဟစ်သံသည်သန့်စင်ခန်းတွင်ပဲ့တင်ထပ်နေသည်
အလွန်ပင်ညစိညမ်းသောအသံကြီးဖြစ်သောကြောင့် အန်းထနာသည် သူမ၏မျက်လုံးများအားပိတ်ကာ နားများကိုပင်ပိတ်ထားမိသည်
ချင်မင်းဟွာသည်ထိုလူ၏မျက်နှာအား နှစ်ချက်တိတိ ထပ်ထိုးပစ်လိုက်သည်နှင့်ထိုလူသည်သတိမေ့မျောသွားကာသွေးအိုင်များထဲတွင်ပင်လဲလျောင်းကျသွားသည်
အလွန်ပြင်းထန်သောမုန်တိုင်းများအပြီးတွင်သန့်စင်ခန်းသည်တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားပြန်သည်
ထို့နောက် ချင်မင်းဟွာ သည်သူမအားတစ်ဖန်ပြန်ကြည့်ကာသူမဘက်သို့ဖြည်းဖြည်းချင်းလျှောက်သွားလိုက်တယ်
သူ၏မျက်နှာသည်ဒေါသနှင့်သွေးများဖုံးနေသောမျက်နှာဖုံးတစ်ခုဖြစ်နေသေးသဖြင့်သူမရှောင်ဖယ်ချင်သည်...သို့‌ေသာ်လည်းမနေနိုင်...သူမ၏နှလုံးသားသည်ပြင်းထန်စွာခုန်နေသည်.... သူမရဲ့ခံစားချက်တွေကရှုပ်ထွေးနေခဲ့တယ်
သူမနှင့်အနီးကပ်ဆုံးနေရာသို့ရောက်လာသည်နှင့်သူသည်သူမ၏နားထဲသို့တိုးတိုးလေးပြောလိုက်သည်...သူ၏အသံတွင်ခံစားချက်မဲ့နေကာအေးစက်နေသောအငွေ့အသက်များပင်ပါရှိနေသည်

"အန်းထနာ...ဒါကကိုယ်မင်းကိုပြောတဲ့ငရဲဘဲ..ငရဲထက်လည်းဆိုးတယ်...မင်းခံစားနိုင်မှာမဟုတ်ဘူးလို့လည်းကိုယ်ပြောခဲ့တယ်နော်"

=================================

Hellbound With You(ချင်မင်းဟွာ Vs အန်းထနာ)Wo Geschichten leben. Entdecke jetzt