∆~26

786 37 0
                                    

အခန်း/26

လမ်းကြားထဲပြန်ရောက်တော့ကယ်လီကသူမဒုက္ခိတတစ်ယောက်လိုတွားသွားရင်းနာကျင်မှုကြောင့်ညည်းတွားရင်းမတ်တပ်ရပ်လိုက်သည်
ကယ်လီ ကသူမလက်ထဲမှအညစ်အကြေးများကိုဖယ်ရှားရန်ကြိုးစားနေသကဲ့သို့သူမ၏လက်များအားခါလိုက်၏
သူမမျက်လုံးထဲတွင်ဒေါသများတဖြည်းဖြည်းပြေပျောက်သွားပြီးသူမပိုတည်ငြိမ်လာသည်
ကျားမလေးတစ်ကောင်အသွင်ကနေဖြူစင်လှပသောမိန်းကလေးအသွင်သို့ပြန်လည်ပြောင်းလာပြန်သည်

အမှောင်ထဲတွင်ရပ်‌နေသော Kai သည် နံရံအားမှီလျက်ကျယ်ကျယ်ပြန့်ပြန့်ပြုံးလိုက်သည်
သူသည်လက်ခုတ်လက်ဝါးတီးကာကောင်မလေးအားအားပေးချင်သော်လည်းသူ၏တည်ရှိမှုအား သူမကို မတွေ့စေချင်

ထို့နောက်ကောင်မလေးသည်စတင်လှုပ်ရှားပြီးလက်များကိုဆန့်ထုတ်ကာလမ်းလျောက်ရန်ဟန်ပန်ပြင်လိုက်တယ်
Kai လည်းသက်ပြင်းချလိုက်ပြီးထိုနေရာမှထွက်သွားရန်ပြင်ဆင်လိုက်သည်
ရုတ်တရက်သူမထံမှအော်သံသေးသေးလေးကိုသူကြားလိုက်ရသည်

Kai ၏ခေါင်းသည်သူမရှိရာသို့အချိန်မှီပြန်ရောက်သွားသည်....သို့သော်ကောင်မလေးကတော့မရှိတော့ပေ
သူသည်မြေပြင်ပေါ်ရှိယောက်ျားများအားအလျင်အမြန်ကြည့်လိုက်သည်...ထိုယောက်ျားများသည်မူလနေရာတွင်ဟန်ပန်မပျက်ရှိနေဆဲ

'ဒါဆိုသူမဘယ်သွားတာလဲ'

Kai သည်သူမကိုနောက်ဆုံးတွေ့လိုက်ရသောနေရာဆီသို့အလျင်အမြန်ပြေးသွားလိုက်သည်
သူလှည့်ပတ်ကြည့်လိုက်ပေမယ့်သူမကိုဘယ်နေရာမှမမြင်ရဘူး!‌"ဟေး...မင်းဘယ်ရောက်သွားတာလဲ?"

"အိုး...ဖာ့ခ်!"ကျိန်ဆဲသံတစ်ခုအားသူကြားလိုက်ရသည်
သူ့ရဲ့မျက်လုံးတွေကအသံလာရာသို့ရောက်ရှိသွားပြီးမေးရိုးများပြုတ်ကျမတက်ပင်အံ့အားသင့်သွားရသည်
ထိုသိုင်းသမားလေးကတကယ်ကိုပင် ကြွင်း ထဲကိုကျသွားတာလား...ဒါကသူ့အတွက်မယုံနိုင်စရာဖြစ်ခဲ့သည်...သူမသည်လွန်ခဲ့သောအခိုက်အတန့်တွင်အလွန်အေးစက်ပြီးသူမြင်ဖူးသမျှထဲမှာအမိုက်ဆုံးမိန်းကလေးပင်ဖြစ်ကောင်းဖြစ်နိုင်သည်
သို့သော်သူမသည်မယုံကြည်နိုင်စွာပင်ကြွင်းထဲသို့ကျသွားသည်
မင်းကို‌ေပြာဖို့စကားလုံးတောင်မကျန်တော့ဘူး ... Kai ကမယုံကြည်ဘဲခေါင်းကိုသာယမ်းပြလိုက်သည်

Kai ကထိုင်ချလိုက်ပြီးလမ်းကြားရှိ ကြွင်း ကိုငုံ့ကြည့်လိုက်သည်

"အား...ဒီအပေါက်ကတော့!"
ကောင်မလေးကနာကျင်နေပုံရသော်လည်းသူမသည်အခြားသူများကဲ့သို့အော်ဟစ်အကူအညီတောင်းခြင်းမပြုပေ
မည်သည့်အခြေအနေမျိုးတွင်မဆိုမိန်းကလေးများသည် ပထမဦးဆုံးပုံမှန်အားဖြင့်အော်ဟစ်အကူအညီတောင်းသည်ကို သူ သိသည်
ဒါပေမဲ့သူမကတော့ဒီလိုမဟုတ်ဘူး...ကျိန်ဆဲနေပြီးအပေါ်သို့တက်ရန်ပင်ကြိုးစားနေသည်

Hellbound With You(ချင်မင်းဟွာ Vs အန်းထနာ)Onde histórias criam vida. Descubra agora