∆~25

793 38 0
                                    

အခန်း/25

သူမပုခုံးများပင်တုန်လှုပ်လာသည်
သူ၏အေးခဲနေသောအသံသည်သူမ၏အေးခဲနေသောတုန်လှုပ်ခြင်းမှသူမအားသတိပေးလာသယောင်သူမ၏ခန္ဓာကိုယ်သည်စတင်တုံ့ပြန်လာသည်
အရာအားလုံးကမြန်မြန်ဆန်ဆန်ဖြစ်ပျက်ခဲ့တာမို့သူမဘာတွေဖြစ်နေလဲဆိုတာကိုပင်မသိနိုင်တော့
တစ်စက္ကန့်အတွင်းပင်သူမသည်ထိုလူနှင့်လော့ချထားသောသန့်စင်ခန်းအတွင်းတွင်ရှိနေသေးသည်
သူမ၏နားထဲတွင်ကျယ်လောင်သောအသံရှုသံများနှင့်အတူနှလုံးခုန်သံများပင်မြန်လာသည်
သူမ၏အုံးနှောက်သည်ထိုအခြေအနေအားလက်ခံဖို့မည်သို့မျှမဖြစ်နိုင်
ထို့နောက်သသူမမျက်လုံးများကိုပိတ်လိုက်ပြီးနောက်စက္ကန့်ပိုင်းတွင်သူမမျက်နှာမှတဆင့်လေဝင်လေထွက်ကိုခံစားလိုက်ရကာထိုလူပျောက်သွားသည်
သူမထိတ်လန့်သွားသော်လည်းသက်ပြင်းသာချနိုင်လိုက်ကာသူမ၏ခန္ဓာကိုယ်အားရေများဖြင့်ဆေးကြောလိုက်သည်
'ဒီလူကမရှိတော့ဘူး...သူမလုံခြုံသွားပြီ...ဒီလူကတကယ်မရှိတော့ဘူး...'
စက္ကန့်ပိုင်းမှာပင်သန့်စင်ခန်းရဲ့အခြားတစ်ဖက်ကကျယ်လောင်တဲ့အသံတွေကိုသူမကြားလိုက်ရပြန်တယ်
မတည်ငြိမ်သောခြေထောက်များဖြင့်သူမသည်ဤကျိန်စာသင့်ခန်းမှပြေးထွက်ရန်ဆုံးဖြတ်လိုက်တယ်
သူမသည်ယခုလွတ်မြောက်နေပြီးသူမသည်ဤနေရာမှတတ်နိုင်သမျှမြန်မြန်ထွက်ပြေးရန်လိုအပ်သည်
သူမ၏ဦးနှောက်ကသူမကိုသတိပေးနေသည်ပင်
'..ပြေး...ဒီနေရာကနေအမြန်ပြေး...'

တုန်ယင်နေသောခြေထောက်တစ်စုံနှင့်ရေချိုးဇလုံကိုကိုင်ကာတံခါးဆီသို့ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်
သူမနောက်ထပ်ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးထိုလူကိုတွေ့လိုက်သည်နှင့်သူ၏လည်ပင်းအားဆုပ်ကိုင်ထားပြီးခေါင်း၏အနောက်ဘက်နံရံ၌သွေးများစွန်းထင်းနေသည်ကိုတွေ့လိုက်ရလေတယ်

ထိုအချိန်တွင်သူမဘာမှမခံစားရပေ..သူမသည်သူ့ကိုဒေါသထွက်ခြင်း..သူ့ကိုသနားခြင်း...သူ့အပေါ်အခြားမည်သည့်ခံစားချက်မှမခံစားရပေ
သူမလုံးဝထုံကျင်သွားသည်
သူမသည်မျက်လုံးအဝိုင်းသားနှင့်မျက်နှာမပြသောလူကိုသာကြည့်မိနေသည်
သူဟာဘယ်သူလဲဆိုတာကိုတကယ်ဂရုမစိုက်ခဲ့ပေမယ့်သူမကလှည့်ကြည့်လိုက်သောအခါသူ၏အေးစိမ့်စိမ့်မျက်လုံးများ‌ေကြာင့်သူမသည်အေးခဲသွားသည်
'မင်..မင်...မင်းဟွာ..ဘ- သူကဘာလဲ ?... !

သူမသည်သူ့ကိုငေးကြည့်နေစဉ်ထိတ်လန့်ခြင်း...စိတ်ရှုပ်ထွေးခြင်းနှင့်အခြားခံစားချက်များစွာကိုခံစားလိုက်ရသည်
မှတ်တမ်းတစ်ခုကဲ့သို့အတွေးများစွာဖြင့်သူမ၏ ဦးနှောက်လည်ပတ်မှုရပ်တန့်သွားသည်
'မင်းဟွာ...သူကဒီမှာရှိနေတယ်...သူကငါ့ကိုကယ်လိုက်တယ်'

သူမဟာဦးနှောက်သည်ဖုတ်ကောင်တစ်ကောင်အဖြစ်ပြောင်းသွားသလိုခံစားခဲ့ရတယ်
ဒါပေမယ့်သူမကို ချင်မင်းဟွာက တကယ်ကယ်တင်ခဲ့သည်

Hellbound With You(ချင်မင်းဟွာ Vs အန်းထနာ)Donde viven las historias. Descúbrelo ahora