∆~23

746 30 0
                                    

အခန်း/23

ဘား၏ထောင့်တစ်နေရာတွင် အန်းထနာသည် တ်ယောက်ယောက်နှင့်စကားပြောနေလေသည်

"မင်းတစ်ယောက်ယောက်ကိုရှာနေတာလား?" ထိုလူကသူမအားမေးလိုက်သည်နှင့်သူမကခေါင်းငြိမ့်လိုက်တယ်

"အမ်း... ငါ့သူငယ်ချင်းကိုမတွေ့တော့လို့လေ..ဝိုင်သောက်ဖို့စောင့်နေတာ...သူ့ကိုအခုမတွေ့တော့လို့"
သူမသည် ကယ်လီအားနောက်ဆုံးတွေ့ခဲ့သောနေရာသို့ညွှန်ပြလိုက်သည်
သူမ၏မျက်နှာတွင်လည်းစိုးရိမ်စိတ်များပင်ဖြစ်ပေါ်လာသည်

"မင်းငါ့နဲ့အတူသူမကိုလိုက်ရှာချင်လား "
ထိုလူကယဉ်ယဉ်ကျေးကျေးမေးလိုက်သည်နှင့် သူမက မျက်တောင်ခတ်လိုက်သည်...သို့သော်ကယ်လီ၏စကားများကိုလိုက်နာရန်လိုသေးသည်
သူမကိုဒီမှာစောင့်နေဖို့လိုတယ်

"သူမကသန့်စင်ခန်းကိုသွားခဲ့တာဖြစ်နိုင်တယ် မိန်းကလေးတွေတစ်ယောက်တည်းသန့်စင်ခန်းသွားရတာတော်တော်အန္တရာယ်များတယ်" အဆိုပါအမျိုးသားကဆက်ပြောလာသည်

"အန္တရာယ်များလား?"

"အရက်မူးနေသောအမျိုးသားအချို့ကမိန်းကလေးတွေကိုအဲ့နေရာမှာနှိပ်စက်ကြတယ်လေ"

သူမ ၏မျက်လုံးများသည်တုန်လှုပ်သွားပြီးသူမ၏နှလုံးသားသည်ပြင်းထန်စွာခုန်လာသည်သူမကသူ့သူငယ်ချင်းအတွက်စိုးရိမ်စပြုလာသည်
သူမဟာကယ်လီကိုခေါ်ဖို့ကြိုးစားခဲ့ပေမယ့်သူမဘေးကအိတ်ထဲမှာကယ်လီရဲ့ဆဲလ်ဖုန်းတုန်ခါသွားသည်
သူမသည်သူမနှင့်အတူသူမ၏ဖုန်းကိုမယူခဲ့ပုံရသည်
သူမ သည်ဘားပတ်လည်ကိုတစ်ဖန်လှည့်ကြည့်လိုက်ပြီးသူမသူငယ်ချင်း၏ခြေရာကိုပင်မတွေ့

သူမရဲ့စိုးရိမ်မှုကိုအခွင့်ကောင်းယူပြီး CEO ဖြစ်သူကမတ်တပ်ရပ်ပြီးသူ့လက်ကိုကမ်းလိုက်တယ် "လာ...ငါသူမကိုရှာဖို့ကူညီမယ်"
သူမသည်လက်မခံချင်သော်လည်းသူမသူငယ်ချင်းအတွက်အမှန်တကယ်ပင်စိုးရိမ်မိသည်

"ကောင်းပြီ" သူမသဘောတူလိုက်ကာသူ၏လက်အားငြင်းပယ်ကာမက်တပ်ထရပ်လိုက်သည်

"ကိုယ့်နောက်လိုက်ခဲ့"
သူသည်ပြုံးပြလိုက်ကာ သူမကခေါင်းငြိတ်လိုက်သည်
သူမမျက်လုံးများသည်လူအုပ်အတွင်းမှမျက်နှာများကိုစကင်ဖတ်နေသောကြောင့်သူမ၏မျက်လုံးထဲတွင်တောက်ပနေသောအရာကိုမမြင်ရဘဲအမျိုးသမီးသန့်စင်ခန်းသို့ပင်ဦးဆောင်လိုက်သည်

သူမ၏သူငယ်ချင်းအပေါ်စိုးရိမ်စိတ်သည်ပိုမိုကြီးထွားလာသည်
အမျိုးသမီး၏သန့်စင်ခန်းသည်မီးရောင်မှိန်မှိန်လင်းနေသော်လည်းသူမသည်မကြောက်နိုင်တော့ပင်...ကယ်လီအားချက်ချင်းပင်အော်ခေါ်လိုက်သည်
"ကယ်လီ...နင်ဒီမှာလား...နင်ဒီမှာရှိလား?"
ဘာအ‌ဖြေမှပြန်မရခဲ့... အခန်းတံခါးအချို့သည်ပိတ်ထားပုံရသော်လည်းသူမသည်သေချာစေရန်တံခါးတစ်ခုစီကိုတွန်းဖွင့်လိုက်သည်..ကံမကောင်းစွာပင်ထိုအခန်းထဲတွင်သူမမှ လွဲ၍အခြားမည်သူတစ်ဦးမျှပင်မရှိခဲ့

သူမအရမ်းစိုးရိမ်စပြုလာပေမယ့်သတိမထားမိခဲ့ပေသူမရှေ့တွင်ဖြစ်ပေါ်နေသောအန္တရာယ်ကိုပေါ့

"Mrs..မင်းသူ့ကိုတွေ့လား?အပြင်ရှိလူကသူမအားအော်ပြောလိုက်သည်

"ဟင့်အင်း ... ဒီမှာဘယ်သူမှမရှိဘူး" သူမကသန့်စင်ခန်းတံခါးကိုဖွင့်ကာအပြင်သို့ထွက်လာသည်
ရုတ်တရက်ထိုလူသည်သန့်စင်ခန်းထဲသို့ ဝင်လာကာသူမ၏ထွက်လမ်းကိုပိတ်ဆို့လိုက်သည် ထို့နောက်သူကသူမအားအခန်းတစ်ခုအတွင်း၌တွန်းထည့်ပြီးသော့ခတ်လိုက်သည်

"သခင်လေးဘာလုပ်တာလဲ?" သူမသည်စိုးရိမ်စိတ်ကြီးစွာမေးလိုက်သည်

"အန်းအန်း...မင်းအရမ်းလှတယ် ... "သူ့အသံကတိတ်ဆိတ်နေပြီးသူ့မျက်လုံးတွေကတပ်မက်မှုများဖြင့်တောက်ပနေတယ်

အန်းထနာ သည်သူမရဲ့အခြေအနေအားရုတ်တရက်သတိပြုမိသဖြင့်ကြောက်ရွံ့ထိတ်လန့်လာသည်
သူမခန္ဓာကိုယ်သည်တုန်လှုပ်လာပြီးသူမ၏ကြောက်ရွံ့မှုကိုတုံ့ပြန်သောအားဖြင့်သူမ၏လက်ဖဝါးများပင်ချွေးစို့လာသည်

ချင်မင်းဟွာ ကသူမကိုသူ၏အိပ်ခန်းထဲကိုဆွဲခေါ်သွားတဲ့အခါသူမအနည်းငယ်ကြောက်ရွံ့ခဲ့တယ်
ဒါပေမယ့်အဲဒီတုန်းကသူမဟာဆန္ဒရှိသူတစ်ယောက်ဖြစ်ခဲ့တယ်
သူမယခုခံစားနေရသောအရာသည်မတူညီသောကြောက်ရွံ့မှုပင်
သူမထက်အင်အားကြီးသူတစ်ဦးကသူမအားလွှမ်းမိုးခံရခြင်းကိုကြောက်ရွံ့ခြင်း...သူမထိန်းချုပ်မှုနှင့်ရွေးချယ်မှုများလွဲချော်မည်ကိုကြောက်ရွံ့ခြင်း....မသိသောသူစိမ်းအချို့၏သနားကြင်နာခြင်းကိုကြောက်ရွံ့ခြင်း... သူမသေမှာကိုလည်းကြောက်တယ်

"သ..သ..သခင်လေး ကျွန်မကိုလွှတ်ပေးပါ...ကျွန်မရှင့်ကိုမလိုချင်ဘူး..."
သူသည်သူမအားနံရံဘက်သို့တွန်းလိုက်သည်
နာကျင်မှုများကြောင့်သူမ၏နှုတ်ခမ်းများပင်တုန်ရီလာသည်

"ကိုယ်မင်းကိုလွှတ်လိုက်မယ်ထင်လား" ထိုလူသည်သူမအားပြုံးပြလိုက်သည်
သူသည်အရသာရှိသောအရာတစ်ခုကိုစားသုံးတော့မည့်အလားသူမ၏နှုတ်ခမ်းများကိုပင်ယစ်မူးစွာနမ်းရှုံ့လာသည်
သူကသူမကိုမထိရသေးပေမယ့်သူမအရမ်းစက်ဆုပ်နေပြီလို့ခံစားလိုက်ရတယ်
သူမကသူ့ကိုသူမနှင့်ဝေးအောင်တွန်းပို့ရန်ကြိုးစားခဲ့သည်
သူမသည်သူမ၏လက်များဖြင့်ထိုလူ၏ရင်ဘတ်အားရိုက်ပုပ်သော်လည်းထိုလူသည်နာကျင်သည့်ပုံမပေါ်
ထိုလူသည်သူမအားလက်မလွှတ်ချင်သည့်ပုံစံဖြင့်သူမ၏လက်များအားတင်းကျပ်စွာဆုပ်ကိုင်လာလေသည်

သူမ ကယ်လီ ပြောတာကိုနားထောင်ခဲ့သင့်တယ်
ဒီနေရာကကောင်းတဲ့နေရာမဟုတ်ဘူးဆိုတာသူမသိခဲ့သင့်တယ်
သူမဒီကိုလာပြီးဒီအတွေ့အကြုံလို့ခေါ်ရမယ့်အရာတွေကိုလွယ်လွယ်ကူကူရနိုင်တယ်လို့သူမထင်ခဲ့မိတယ်
သူမသည်သူမကိုယ်သူမသတ္တိရှိပြီးရဲရင့်သည်ဟုထင်ခဲ့မိသည်
ယခုတွင်မူထိုရဲရင့်မှုများနှင့်သတ္တိများသည်အဘယ်မည်နည်း
သူမတကယ်ကိုသတိလက်လွတ်ဖြစ်သွားတယ်
သူမသည်ယခုအချိန်ထိအကူအညီမဲ့ခြင်းကိုမသိခဲ့ပေ
သူမသည်အလွန်ကြောက်ရွံ့သွားပြီးသူမ၏တစ်ကိုယ်လုံးပင်တုန်လှုပ်လာသည်

"ကောင်းတယ်..ကလေးလေး ... မကြောက်ပါနဲ့...ကောင်းအောင်လုပ်ပေးမယ်လို့ကိုယ်ကတိပေးတယ်နော်"ထိုလူသည်သူမဟပုခုံးလေးများအားဆုပ်ကိုင်ကာတိုးတိုးလေးညည်းလာ၏

ထိုလူ၏မျက်နှာသည်သူမ၏အနားသို့ကပ်လာသည်နှင့်အမျှ သူမသည် ထအော်မိသည်

==================================

Hellbound With You(ချင်မင်းဟွာ Vs အန်းထနာ)Onde histórias criam vida. Descubra agora