∆~13

821 26 1
                                    

အခန်း/13

အိပ်ခန်းသည်မီးခိုးရောင်နှင့်အနက်ရောင်စပ်ထားပြီးယောက်ျားပီသသောအရောင်ဖြင့်အလှဆင်ထားသည်
အခန်း၏မီးရောင်သည်မှိန်ဖျော့ဖျော့အနေအထားတွင်ရှိကာ သူသည် ဘုရင်ကဲ့သို့အိပ်ယာကြီးဘေးတွင်မတ်တပ်ရပ်နေသည်
သူမသည် ထိုအခန်းထဲသို့ဝင်လိုက်သည်နှင့်နောက်ဆက်တွဲပြသနာများကိုလည်းသိသဘ်
သူမကိုယ့်ကိုကိုတော့မလိမ်နိုင်ပေ
သူမရင်ထဲမှာတော့ဒီလူဟာသူမအချစ်ဝတ္ထုတွေမှာဖတ်ခဲ့ဖူးတဲ့ယောကျာ်းလေးတွေလိုပင်...
သူ၏ကောင်မလေးအား အဖေလိုယုယပြုစုပြီး...သူမချစ်သောမိန်းကလေးအားအိပ်ယာပေါ်သို့တင်မည့်သူမဟုတ်ပေ
သို့သော်ဤယောက်ျားသည်ကားထိုကဲ့သို့သောသူမဟုတ်သည်ကိုလည်းသူမသိသည်
သူမရှင်းရှင်းလင်းလင်းသိပါသည်
သူမတို့ပထမဆုံးတွေ့တဲ့အချိန်မှာပင်ထိုယောက်ျားသည်သူမအားမည်သို့သောအခါမှချစ်လာမည်မဟုတ်ပေဟုပြောဆိုခဲ့ဖူးသည်
အတိုချုပ်အားဖြင့်သူသည်ကုမ္ပဏီအတွက်သို့မဟုတ်သူ၏လိင်ပိုင်းဆိုင်ရာလိုအပ်ချက်များအတွက်ရည်းစားတစ်ယောက်သာလိုချင်ပေသည်သူသည်သူမအားမည်သို့သောအခါမှချစ်လာမည်မဟုတ်ဟုပြောဆိုခဲ့ကာသူမအားသူနှင့်အဝေးဆုံးသို့ရှောင်ရန်လည်းသတိပေးခဲ့ဖူးသည်
သို့သော်လည်းထိုလူသည်သူမရှာဖွေနေခဲ့သောလူ...သူမ၏ဆန္ဒ...သူမကိုမချစ်နိုင်သောယောက်ျားဟုသူမ မယုံကြည်သောကြောင့်သူမသည်ငရဲကဲ့သို့နက်ရှိုင်းသောနေရာသို့လိုက်ရန်ဆုံးဖြတ်ခဲ့သည်
သူမအားပြန်မချစ်သောယောက်ျားတစ်ယောက်နှင့်ဒီလိုမလုပ်ခင်သူတို့အချင်းချင်းချစ်မိသည်အထိစောင့်မယ့်လူအမျိုးအစားမဟုတ်ဘူးဆိုတာသူမသိသည်မို့သူမသည်စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားခဲ့ပြီးပြီ
သို့သော်ဤအရာသည်သူမထင်သလောက်မလွယ်ကူပေ
သူမသည်ဤအရာကိုလုပ်ရန်သတ္တိပင်မွေးမြူခဲ့ရသည်
သူမသည်အထက်တန်းကျောင်းတုန်းကလိင်ဆက်ဆံခြင်းကိုအတန်းဖော်တွေဆီကတစ်ဆင့်ကြားသိခဲ့ရပေမဲ့ဤကဲ့သို့နေရာတွင်သူမရောက်လာမည်ဟုမထင်ထားခဲ့ချေ
သူမသည်အသက်ကိုခပ်ပြင်းပြင်းရှုထုတ်လိုက်ကာသူမ၏ဆုံးဖြတ်ချက်များအတွက်စဉ်းစားခဲ့သော်လည်းနောက်ဆုတ်ရန်ဆန္ဒမရှိခဲ့ပေ
သူမသည်ထိုလူအားသူမကိုယ်တိုင်ငရဲသို့ခေါ်ဆောင်ပေးရန်စိန်ခေါ်ခဲ့ဖူးသည်
ထိုအရာသည်သူမ၏ရွေးချယ်မှုပင်...သူမ၏ဆန္ဒများမပြည့်ဘဲနှင့်တော့သူမမသေနိုင်
ထိုလူသည်ကုတင်၏ဘေးတွင်ရှိ‌ေသာစားပွဲဆီသို့‌ေလျာက်လှမ်းလိုက်သောအခါ သူမ သည်သူမ၏မျက်လုံးများကိုခဏပိတ်ထားလိုက်သည်ကြမ်းပြင်သည်နူးညံ့သောကော်ဇောများဖြင့်ဖုံးလွှမ်းနေသောသူ၏ခြေသံများအားမကြားရပေ
သူမမျက်လုံးများပြန်ဖွင့်လိုက်သောအခါပြင်းထန်သောစိတ်ခံစားမှုများပြည့်လျှံသွားပြီးဒါကိုကျော်ဖြတ်ရန်သူမသည်စိတ်ဆုံးဖြတ်လိုက်သည်
သူမသည်ထိုနေရာတွင်ရပ်နေကာသူ့အားတိတ်တဆိတ်ကြည့်နေမိသည်
ထိုလူသည် သူ၏လက်ပတ်နာရီကိုဖြုတ်ကာစားပွဲပေါ်တွင်တင်လိုက်သည်
အခန်း၏အခြားတစ်ဖက်၌သူ၏ဂျာကင်အင်္ကျီကိုချွတ်လိုက်သည်
သူ၏အကျီအားထိုင်ခုံ၏အနောက်တစ်နေရာတွင်ချိတ်ဆွဲထားလိုက်သည်
သူမသည်သူ့ကိုသတိထားမိသည်
လူသားဆန်သောသူ၏လှုပ်ရှားမှုများသည်သူမ၏စိတ်ထဲတွင်ချစ်စရာကောင်းသည်
ထို့နောက်သူသည်ကုတင်ဆီသို့လျောက်လှမ်းလာလိုက်သည်
သူသည်ကုတင်ပေါ်တွင်ထိုင်ပြီးခြေထောက်တစ်ဖက်ကိုဖြောင့်ဖြောင့်ထားပြီးအခြားတစ်ဘက်ကိုခေါက်ထားလိုက်သည်
ထို့‌ေနာက်သူ၏ဒူးခေါင်းသည်လက်ကောက်ဝတ်ပေါ်တွင်တင်လျက်သူ၏ဒူးခေါင်းသည်လေထဲတွင်လွင့်နေသည်။
သူသည်သူ၏ရှပ်အင်္ကျီကိုအခြားလက်နဲ့ဖြည်းဖြည်းချင်းဖြုတ်လိုက်ပြီးရင်ဘတ်နားရောက်သည်နှင့်သူ၏လက်အားရပ်တန့်လိုက်သည်
ကျယ်ပြန့်တဲ့ကုတင်အလယ်မှာသူထိုင်နေတဲ့မြင်ကွင်းသည်သူမအားကယောင်ခြောက်ခြားဖြစ်စေသည်
သူမမျက်လုံးတွေကိုပွတ်သပ်လိုက်ပြီးသူမထိုအရာတွေအားစိတ်ကူးမယဉ်ဖို့သေချာဖို့လိုတယ်ဟုသူမဆုံးဖြတ်လိုက်သည်
သူမ၏စိတ်ကူးတွေကဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုလည်း သူသိသည်
ထိုလူသည်အလွန်ပင်ဆွဲဆောင်မှုရှိကာSexyကျလွန်းသောကြောင့်သူမ၏ရင်များသည်အလွန်ပင်ခုန်လာသည်
သူမသည်သူ့အားဆက်မကြည့်ရန်မျက်စိမှိတ်လိုက်သည်..သို့သော်လည်းမရပေ
သူမသူဆီကပင်မျက်လုံးမလွှဲနိုင်ဘဲဒီအံ့မခန်းပုံရိပ်ကိုလည်းလက်မလွှတ်ချင်ပေ
သူမဟာသူမဘဝတစ်လျှောက်လုံးတွင်ယောက်ျားများစွာနဲ့တွေ့ဆုံခဲ့တာမဟုတ်ပေမယ့်အနားမှာရှိနေသောထိုယောက်ျားအားမည်သူမှလည်းမယှဉ်နိုင်ပေ
သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်အကြာကြီးတိတ်တဆိတ်ငေးကြည့်နေမိသည်
သူ၏မျက်လုံးများသည်သူမ၏ ဦးခေါင်းမှခြေချောင်းများအထိတမင်တကာသွားလာနေသည်ကိုသူမမြင်လိုက်သည်
သူ့အမူအရာ‌ေတွအားသူမမဖတ်ရသေးပေမယ့်သူမသူ့ကိုကြည့်ရင်းအနည်းဆုံးတော့သူ့မျက်လုံးထဲကပြင်းထန်တဲ့ရမ္မက်များကိုခံစားမိသည်
ဒီလူအတွက်သူမသည်တကယ်ဆွဲဆောင်မှုရှိခဲ့တယ်ဆိုတာသူမယုံကြည်သည်
အထူးသဖြင့်အဲဒီ့ညက သူမလှပသည်ဆိုတာ သူသိလောက်သည်
သို့သော်သူမ၏ရှေ့ကထိုလူသားသည်တော့ဘုရားတစ်ဆူလိုပင်
သူမအပါအဝင်ဒီနိုင်ငံကမိန်းကလေးတွေပင်တစ်ယောက်မှသူ၏ဘေးမှာရပ်လို့မရလောက်အောင်ကြည့်ကောင်းတယ်လို့သူမတကယ်ထင်မိသည်
သူမအတွေးများနေစဉ်အိပ်ယာပေါ်မှထိုလူသည်သူမအားစစ်တမ်းလှမ်းကောက်လိုက်သည်
ဒီတစ်ခါတွင်တော့သူ၏အကြည့်ကသူမ ရဲ့လည်ပင်း၊....သူမရဲ့ညှပ်ရိုးတွေကိုဖြည်းညင်းစွာစုပ်လိုက်သလိုခံစားလိုက်ရပြီးသူမရဲ့သေးငယ်တဲ့ခါးအထက်နားမှာရပ်သွားပြီးသူမရဲ့ခါးသေးသေးလေးထက်မှာရပ်လိုက်သည်
နောက်ဆုံးတွင်သူသည်သူ၏ပါးစပ်ကိုဖွင့်လိုက်ကာစကားပြောလာသည်

Hellbound With You(ချင်မင်းဟွာ Vs အန်းထနာ)Onde histórias criam vida. Descubra agora