Part 26

500 23 0
                                    

Unicode

အသွန်းတို့မေဂျာချိန်ပြီးတော့အခန်းထဲကထွက်လာခဲ့သည်...ကန်တင်းကိုလာခဲ့အသွန်းဖုန်းဆီmassageဝင်လာသည်...သူတို့ကန်တင်းမှာသွားရအောင်အသွန်းပြောလိုက်သည်...မင်းခန့်ကခေါင်းသာညိမ့်ပြသည်...မင်းခန့်သည်အရင်လိုမဟုတ်တည်တည်ငြိမ်ငြိမ်ပင်အသွန်းမှာသူ့ပုံစံကြောင့်ဆွံအလုနီးဖြစ်သွားသည်....

အသွန်းကိုလက်လှမ်းပြနေတဲ့အယွန်းတို့ဝိုင်းဆီကိုဦးတည်လာခဲ့သည်...မင်းခန့်ကိုမြင်တော့အယွန်းမျက်လုံးတော့သာမန်ထက်ပြူးကျယ်သွားသည်ကိုအသွန်းသတိထားမိသည်...ကျန်နှစ်ယောက်ကတော့ကြောင်တောင်တောင်လေး...အယွန်းနဲ့တွေ့မှမင်းခန့်ဟာခနနေကလိုတည်ငြိမ်မနေတော့
စတွေ့တာနဲ့သတ်နေကြသည်...

မင်းခန့်'''ဂျပုမ မတွေ့တာကြာပြီ
အယွန်း'''ငါ့အရပ်အဲလောက်မပုဘူးနင့်ကိုအဲလိုမခေါ်ဖို့ဘယ်နခါပြောရမလဲအခုချိန်ထိအချိုးကမပြောင်းဘူးအယွန်းမျက်မှောင်ကြုတ်ကာပြောလိုက်သည်....
အသွန်း'''နင်တို့နှစ်ယောက်ကတွေ့တာနဲ့ကိုက်ဖို့ဘဲခနရပ်ဦးဟုဆိုကအသွန်းကလင်းလက်နဲ့ရှုမဝကိုမင်းခန့်နဲ့မိတ်ဆက်ပေးလိုက်သည်..လင်းလက်တို့ကဖော်ရွေတော့မင်းခန့်နဲ့ရင်းနှီးလွယ်သည်.....
ခနနေတော့အသွန်းတို့နားကိုအပြေးလာခဲ့တဲ့ကောင်းမြတ်...ကောင်းမြတ်ကမချောပေမဲ့ကြည့်ကောင်းသည်uniကျောင်းသာဖြစ်လာတော့သန့်ပြီးစမတ်ကျနေသည်အရင်ကအကျင့်တွေကတော့မပျောက်....

ကောင်းမြတ်'''ဟာ မင်း..
ကောင်းမြတ်ရှုမဝကိုမြင်မြင်ချင်းလက်ညိုးထိုးကရန်လုပ်သည်....အကြောင်းကတော့..ကောင်းမြတ်တယောက်ထုံးစံအတိုင်းအိပ်ယာထနောက်ကျ၍မေဂျာအချိန်နောက်ကျလို့ပါမောက္ခစာသင်ချိန်နောက်ကနေကုံးကုံးကွကွခိုးဝင်ကာ...နောက်ဆုံးအတန်းမှာထိုင်နေသောကောင်မလေးဘေးတွေခုံအလွတ်တွေ့၍ထိုကောင်မလေးနားကပ်သွားကာတဖက်ခုံသို့တိုးပေးရန်တိုးတိုးလေးပြောခဲ့သည်....ထိုကောင်မလေးမှာအကြောတင်းစွာသူ့စကားကိုအရေးမလုပ်....နောက်တော့မဖယ်ပေးဘဲသူ့ကိုကျော်ဝင်၍ဝင်ရန်ပြောလာသည်...သူတို့နှစ်ယောက်ငြင်းခုံရင်းအသံကျယ်လာတာကြောင့်
ပါမောက္ခ နဲ့တစ်ခန်းလုံးသူတို့ကိုကြည့်လာသည်
ထို့နောက်ပါမောက္ခကစိတ်ဆိုးပြီးကောင်းမြတ်ကအခန်းထဲကထွက်ရန်ပြောခဲ့သည်.....ကောင်းမြတ်ကန်တင်းကိုမင်းခန့်လာဖို့ပြောလို့လာခဲ့ရသည်လာတဲ့တလျှောက်ထိုကောင်မလေးကိုကျိန်ဆဲခဲ့သည်.....သို့သော်ဒီရောက်တော့ထိုကောင်မလေးကိုပြန်တွေ့ခဲ့ရသည်.....ကောင်းမြတ်တယောက်အသွန်းတို့ကိုလုံးစေ့ပတ်စေ့ရှင်းပြပြီးကြက်သတုံးမဟုရှုမဝကိုလမ်းပတ်သည်....

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now