Unicode
ဒီနေ့မေမေကနေမကောင်းလို့ဆိုင်ကနေ နေ့လည်ကတည်းပြန်လာတယ် မေမေနေမကောင်းတော့အသွန်းအလုပ်ရှုပ်တာပေါ့ ညစာပြင်ပေးပြီးမေမေအတွက်ဆန်ပြုတ်ပြုတ်ပေးသည် သွန်းသွန်းကဒီလိုအချိန် အရမ်းလိမ်မာတာဘဲ အသွန်းပြင်ဆင်နေချိန် နောက်က ကိုကိုစကားသံကြောင့် သွန်းကနဂိုကတည်းလိမ်မာပြီးသား ကိုကိုပြန်ချေပပြီးစားပွဲခင်းနဲ့လက်သုတ်ပုဝါမကြည့်ဘဲမှားဆွဲမိလိုက်သည်.... ထိုအချိန်မှာဘဲစားပွဲပေါ်ကဟင်းမှောက်ကျကုန်ပြီးပန်းကန်တွေပါကွဲကုန်သည်...အမယ်လေးသွားပါပြီအသွန်းအော်လေသည်.အသွန်းရယ်နင်မျက်စိက ကြည့်လေငါတော့ညသာငတ်ပြီကိုကိုပြောတာကြောင့်အသွန်းနှုတ်ခမ်းဆူပြီး ကိုကိုဘဲစကားလာများပြီးတော့အဲတာကိုကိုကြောင့်အသွန်းငိုမဲ့ငိုမဲ့ပြောတာကြောင့်အကိုဖြစ်သူမှာမဆူနိုင်တော့ပါ....ဘာမှမဖြစ်ပါဘူးသွန်းသွန်းရယ်ကိုကိုတို့ခေါက်ဆွဲပြုတ်ဘဲစားကြမယ် နောက်ဆုံးတော့မြတ်တေဇာဘဲပြန်ချော့ရသည် ......အသွန်းညစာစားပြီအပေါ်တတ်လာခဲ့သည် ပန်းကန်ကတော့ကိုကိုဘဲဆေးသည် အသွန်းဆေးလျှင်အိမ်ကပန်းကန်ကုန်တော့မည်
အသွန်းလဲနမောနမဲ့ချပ်ပြာချပ်ပြာမဖြစ်ချင်ပါသို့သော်လည်း...ဟင်အသွန်းသူ့ကိုသူတွေးနေမိသည် ကိုကိုကမဆူပေမဲ့မေမေအဆူခံကထိထားသေးသည်....အသွန်းစာမလုပ်ချင်တော့ဘဲအိပ်ယာပေါ်တွင်သာပစ်လဲချလိုက်သည်.....
ဒေါက်ဒေါက် တံခါးခေါက်သံကြောင့် ဝင်လာပါအသွန်းအော်လိုက်သည် သွန်းသွန်းအိပ်ပြီလားကိုကိုအသံ မအိပ်သေးပါဘူးအသွန်းအားမရှိစွာပြန်ပြောလိုက်သည်....သွန်းသွန်းရယ်ဘာမှမဖြစ်ဘူးမေမေကသွန်းကိုကောင်းစေချင်လို့ဆူတာသွန်းဒီလိုနမောနမဲ့မနိုင်နဲ့လေ ကိုကိုပြောလာသည် သွန်းလည်းဘယ်လိုဖြစ်ချင်မှာလည်းသူ့ကိုသူဖြစ်တာကို ပြောမရမှန်းသိတဲ့ညီမကိုမြတ်တေဇာကြည့်ကာကောင်းပါပြီနောက်ဆင်ခြင်နော်ဒါနဲ့ကိုကိုမနက်ဖြန်အလုပ်နားတယ်သွန်းလည်းကျောင်းပိတ်တော့ဘယ်သွားချင်လည်းကိုကိုလိုက်ပို့မယ်....ပြန်ချော့နေသောအကိုကိုကြည့်ကာ သွန်းအယွန်းတို့အိမ်ကိုဘဲသွားမယ်ပြန်ဖြေလိုက်သည်....ဟုတ်ပါပြီဗျာ အခုတော့အိပ်တော့နော်..ကိုကိုအခန်းထဲကထွက်သွားလေသည်....
စာလည်းမလုပ်ချင် ဖုန်းလည်းကိုင်ဖို့မရှိတဲ့အသွန်းက သာအုပ်စင်ကဝတ္ထုစာအုပ်တစ်အုပ်ယူကာဖတ်လေသည်.......
YOU ARE READING
Clinging Love💛💛 Unicode+Zawgyi
DragosteUnicode ဇာတ်လမ်း အကျဥ်းကတော့...ရှပ်ပြာပြာနိုင်တဲ့ကောင်မလေးတယောက်.....အရမျးတညျငွိမျပွီးကောငျမလေးတှကွေားရပေနျးစားပွီးအရာရာတိုင်းပြည့်စံုတော်လွန်းသည့်သူဌေးသားလေး... သူတို့နှစ်ယောက်တွေ့ဆုံကြပြီး....အချစ်တစ်ခုဖြစ်လာခဲ့သည်...မင်းသားကအရမ်းသဝန်တိုပြီးအရမ်းခ...