Unicode
မင်းမဟာ မနက်နိုးစက်သံနဲ့အတူထလိုက်သည်
ပုံမှန်အတိုင်းကျောင်းသွားဖို့ပြင်ဆင်ပြီးအောက်ထပ်ဆင်းလာခဲ့သည်...ဒယ်ဒီကတော့အလုပ်သွားပြီ ကြီးမေပြင်ပေးတဲ့ breakfast ကိုစားပြီးကျောင်းကိုဦးတည်လာခဲ့သည်....
ကျောင်းရောက်တော့ထုံးစံအတိုင်းကောင်မလေးတွေကလိုက်နေခဲ့ပေမယ့်ခပ်တည်တည်ပင်...မင်းမဟာအတန်းပျက်တာများနေသောကြောင့်ဒီနေ့တော့မေဂျာအတန်းတက်ရန်လာခဲ့သည်....မနက်ခင်းမှာဘဲစိတ်ရှုပ်စရာကောင်းတာရောက်လာပါပြီ....မင်းမဟာတက်တဲ့အတန်းမှာ တရုန်းရုန်းနဲ့လာတက်တဲ့ကောင်မလေးတွေ သူ့ဘေးမှာပေါ်တင်ဓာတ်ပုံရိုက်နေတဲ့သူတွေကြောင့်မင်းမဟာပိုစိတ်ရှုပ်ရသည် ဒီထက်ပိုစိတ်ရှုပ်စရာကောင်းတာကတော့ ဘေးမှာထိုင်နေတဲ့အမရာပင်......
မင်းမဟာစာကိုဘဲအာရုံစိုက်နိုင်ဖို့ပြင်ရသည်...စီနီယာ မေဂျာချိန်ပြီးသွားပြီဆိုတော့ကန်တင်းမှာမုန့်တစ်ခုခုသွားစားရအောင်လေ အမရာဝယ်ကျွေးပါ့မယ် ကျနော်မအားဘူး.... စီနီယာ သင်ထောက်ကူအတွက်ကူညီမယ်မလား...ကူညီမယ်လေခနနေမင်းခန့်မင်းကိုဆက်သွယ်လာလိမ့်မယ်
မင်းမဟာသူပြောချင်တာပြောပြီးထွက်လာခဲ့သည် တယောက်ထဲကြောင်အအကျန်နေခဲ့သူအမရာကတော့အောက်နှုတ်ခမ်းကိုက်နေခဲ့သည်
မင်းမဟာဒါကိုကြိုသိနေ၍ အမရာကိုကြိုက်နေတဲ့မင်းခန့်ကိုတမင်လွဲလိုက်သည်......ဒီနေ့လည်ထမင်းစားချိန်ပြီးတော့မင်းခန့်ကမုန့်စျေးတန်းမှာမုန့်လိုက်ကျွေးသည် ...ထူးထူးဆန်းဆန်း နင်ငါတို့ကိုဘာလို့မုန့်ဝယ်ကျွေးတာလဲအသွန်းမေးလိုက်သည် ဒီလိုပါပဲ မင်းခန့် ပြန်ဖြေသည် မင်းခန့်အမြဲအသွန်းရဲ့အပြုံးတို့တွင်ရင်ခုန်ရသည်.....
မင်းမဟာ Bမြို့မှာကုန်တိုက်အသစ်တည်ဆောက်ဖို့ Bမြို့ကိုလာခဲ့သည်....မင်းမဟာကွန်ဒိုကိုအရင်မသွားဘဲမြတ်သွန်းခြယ်တို့ကျောင်းကိုသွားခဲ့သည်....ကားကိုကျောင်းနဲ့မနီးမဝေးမှာဘဲရပ်ထားပြီးမြတ်သွန်းခြယ်တို့အလာကိုစောင့်နေခဲ့သည်.....လာပါပြီ သူစောင့်နေသူသူငယ်ချင်းတွေနဲ့စကားပြောပြီးပြုံးနေတဲ့သူမလက်ကထမင်းချိုင့်လေးကိုင်ထားပြီး...ကျောင်းဝတ်စုံလေးနဲ့ဆံပင်ကျစ်ဆံမှီးလေးကျစ်ထားပြီးဆံမြိတ်ပါးပါးလေးချထားသည်ပါးချိုင့်လေးကခွက်လို့......သူမကတော့ကားထဲကမင်းမဟာကိုမမြင်ပါ မင်းမဟာကကားမှန်တင်ထားတယ်လေ....
သူမဘေးက ကောင်လေးနဲ့ပြုံးပြီးစကားပြောနေတာကိုမြင်တော့မင်းမဟာမျက်နှာအမှောင်ရိပ်လွမ်းသွားသည်...ခနကြာတော့သူမသူ့အိမ်ကလာကြိုတယ်ထင်ပါရဲ့ကားတစ်စီးပေါ်တတ်ပြီးပြန်သွားသည်....
YOU ARE READING
Clinging Love💛💛 Unicode+Zawgyi
عاطفيةUnicode ဇာတ်လမ်း အကျဥ်းကတော့...ရှပ်ပြာပြာနိုင်တဲ့ကောင်မလေးတယောက်.....အရမျးတညျငွိမျပွီးကောငျမလေးတှကွေားရပေနျးစားပွီးအရာရာတိုင်းပြည့်စံုတော်လွန်းသည့်သူဌေးသားလေး... သူတို့နှစ်ယောက်တွေ့ဆုံကြပြီး....အချစ်တစ်ခုဖြစ်လာခဲ့သည်...မင်းသားကအရမ်းသဝန်တိုပြီးအရမ်းခ...