Part 28

517 24 2
                                    

Unicode

အသံကြားရာအယွန်းတို့ကြည့်လိုက်တော့
မျက်မှောင်ကြုတ်ကာအေးစက်တဲ့အရှိန်အဝါနဲ့မင်းမဟာရောက်လာခဲ့တယ်....လုံခြုံရေးတွေချုပ်ထားတာကိုရုန်းနေတဲ့သူတို့ဟာမင်းမဟာကိုမြင်တာနဲ့ကြက်သေသလိုဖြစ်သွားကြတယ်....

မင်းမဟာ'''မင်းတို့ရုန်းရဲသေးလား အခုချက်ချင်းတောင်းပန်လိုက်အသံအက်အက်ဖြင့်အေးစက်နေသည်...ထိုအခါနှာဘူးကောင်သည်...သခင်မလေးတို့ကျနော်အမှားပါကျနော်တောင်းပန်ပါတယ်လို့ပြောပြီးဒူးထောက်ကျသွားသည်....
အောက်မှာပုံလျက်သားကျနေတဲ့အသွန်းကိုအယွန်းကပြန်ထူထားသည်...အသွန်းသည်တော်တော်မူးနေသည်ထင်ဘာမှမသိတော့...ထို့လူတွေကိုလည်းလုံခြုံရေးတွေခေါ်သွားသည်...
အသွန်းတို့အသွန်းကိုချီတွဲကာကလပ်ကနေထွက်လာကြသည်.....ထိုအချိန်တွင်clubရှေ့မှာရပ်နေတဲ့မင်းမဟာ......
အယွန်း'''ခနကညီမတို့ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်အယွန်းပြောလိုက်သည်

မင်းမဟာ'''အင်း မင်းတို့အကုန်လုံးကားပေါ်တက်လိုက်အေးစက်စက်ပင်ပြောလာသည်
အသွန်းတို့လည်းနောက်ကျနေပြီဖြစ်၍taxiလည်းတားရခက်သောကြောင့်သူ့ကားပေါ်တက်ခဲ့ကြသည်....မင်းမဟာလိုက်မပို့ရင်တောင်အကူအညီတောင်းဖို့စဥ်းစားထားပြီးသားဒီအကိုလေးကအလိုက်သိတော့......ရှုမဝတို့တော့မနက်ဖြန်သေရင်သေပျော်ပြီမင်းမဟာကားကိုလိုက်စီးရလို့ရှုမဝကို့အတွေးထဲကိုပြောနေမိသည်.....
ရှုမဝနဲ့လင်းလက်ကားထဲဝင်တော့အယွန်းကအသွန်းကိုကိုင်ထားတာကြောင့်ကားထဲဝင်ရခက်နေသည်....အသွန်းမှာလည်းရုပ်သေးရုပ်လိုဖြစ်နေသည်......
မင်းမဟာ'''သူ့ကိုရှေ့ခန်းမှာထိုင်ခိုင်းလိုက်....
အယွန်းလက်ထဲမှအသွန်းကိုပွေ့ချီသွားသောမင်းမဟာကြောင့်အကုန်လုံးမျက်လုံးပြူးကုန်သည်သူသည်အသွန်းကိုရှေ့ခန်းတွင်အသာအယာချပေးပြီးထိုင်ခုံခါးပတ်ပါပတ်ပေးသေးသည်....ထိုမြင်ကွင်းကြောင့်အယွန်းကားပေါ်မတက်နိုင်သေးဘဲကြောင်အအဖြစ်နေသည်....မင်းမဟာမှကားပေါ်မတက်ရန်အချက်ပြမှအယွန်းသတိဝင်ကာကားပေါ်တက်ခဲ့သည်......
သူငယ်ချင်းတွေလာတုံးကတော့သိပ်မဝေးသလိုနှင့်အခုမှကျောင်းနဲ့အရမ်းဝေးမှန်းသိခဲ့ရသည်....
မင်းမဟာမီးပွင့်မိ၍ကားရပ်နေတုန်း...

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now