Part 42

429 22 4
                                    

Unicode

ရှိုင်း'''ကိုမင်းကိုတစ်နေရာမှာဖြစ်ဖြစ်စကားပြောပါရစေ....
သွန်းခနမျှစဥ်းစားပြီးရှိုင်းရတယ်လို့ပြောလိုက်သည်....အကြောင်းကတော့သူရှိုင်းကိုရှင်းရှင်းလင်းလင်းပြောခြင်ပြီး...ကန်တင်းကလည်းလူသွားလူလာများ၍ဖြစ်သည်....

အယွန်းတို့ကန်တင်းမှာကျန်ခဲ့ပြီး....အသွန်းကတော့ရှိုင်းနဲ့အတူကျောင်းရှေ့က coffee ဆိုင်လာခဲ့သည်....
ဆိုင်ထဲရောက်တော့ရှိုင်းကအသွန်းအတွက်ခုံဆွဲပေးသည်...အသွန်းကလည်းဒီတိုင်းသာဝင်ထိုင်လိုက်သည်....
ရှိုင်း '''မြတ် တစ်ခုခုမှာလေ...
သွန်း''ရှိုင်းပြောစရာရှိတာသာပြောပါ ကျမကအချိန်သိပ်မရဘူး......
ရှိုင်း ''''တကယ်တော့..ကိုမြတ်ကိုမပြောဘဲထွက်သွားခဲ့တာကို့အမေကြောင့်ပါ...ကို့အမေရောဂါကညချင်းထဖောက်တော့ကိုတို့မှာပြင်ဆင်ချိန်တောင်မရလိုက်ဘဲ Cမြို့ကိုလာခဲ့ရတာကျောင်းပြောင်းလက်မှတ်တောင်လူလွတ်ခိုင်းယူခဲ့ရတာ....ကိုတောင်းပန်ပါတယ် ကွာ.....
အသွန်း'''အိုး ရှိုင်း ဘာလို့တောင်းပန်တာလဲဒါကရှိုင်း ကိစ္စလေကျမနဲ့ဘာမှမဆိုင်လို့တောင်းပန်စရာမလိုဘူး.....အဲတုန်း က ကျမကခလေးသာသာစိတ်ကစားရုံလောက်ဘဲရှိုင်းထွက်သွားတာကျမဘယ်လိုမှမခံစားရဘူး.....
ရှိုင်း '''ကိုနားလည်ပါတယ် အသွန်းကို့ကိုမေ့နေလောက်ပြီဆိုတာ...ဒါပေမဲ့ ကိုကြိုးစားကြည့်ချင်သေးတယ် ကိုတို့အစကနေပြန်စလို့ရတာဘဲ....
အသွန်း''''ရှင်ဘာတွေတွေးနေတာလဲ...ကျမတော့အဲတာတွေစိတ်ထဲမှာမရှိတော့ဘူးရှင်ကြိုးစားလည်းအလကားဘဲဖြစ်မှာ.....ကျမမှာကိုကိုရှိနှင့်ပြီးသားလေ ရှင့်ကိုလက်ခံစကားပြောတယ်ဆိုတာကလည်း ကျမသဘောထားကိုရှင့်ကိုသိစေချင်လို့....
ရှိုင်း '''''မြတ်မကြိုးစားကြည့်ဘဲဘာလို့ တပ်အပ်ပြောနိုင်ရတာလဲ....မင်းကို့ကိုသတိရနေခဲ့တာကိုသိတာ....
သွန်း''''ရှင်တခုခုတော့လွှဲနေပြီထင်တယ်ကျမမှာပြောစရာစကားမရှိတော့ဘူး...ခွင့်ပြုပါဦး....good luck ပါနော်.....အသွန်းထရပ်လိုက်တော့ရှိုင်းကအသွန်းလက်ကိုလှမ်းဆွဲလိုက်ကာ.....ကိုမင်းကိုလက်မလွတ်နိုင်သေးဘူးပြောလာသည်..ဘေးဝိုင်းကလူတွေပါအသွန်းတို့ကိုကြည့်နေကြသည်....ကျမလက်ကိုလွတ်လိုက်အသွန်းအသံကဒေါသ သံပါနေပြီ.......ထိုအခါ ရှိုင်းကအသွန်းလက်ကိုဆက်လက်ဆွဲထားကာ...ကျနော်နဲ့သူမကတယောက်နဲ့တယောက်အရမ်းချစ်ကြတဲ့ငယ်ချစ်ဦးတွေပါ...အကြောင်းတစ်စုံတစ်ရာကြောင့်ကျနော်တို့ကွဲသွားကြပြီး...အခုပြန်တွေ့တဲ့အချိန်မှာတော့သူမကျနော်ကိုစိတ်ဆိုးနေလို့ပါဒီမှာရှိနေတဲ့သူတွေအကုန်လုံးသူမစိတ်ဆိုးပြေအောင်ဝိုင်းပြောပေးကြဦး...ရှိုင်းအသံကတစ်ဆိုင်လုံးဖုံးလွှမ်းသွားကာ...ဘေးဝိုင်းများမှတိုင်ပင်ထားသည့်တိုင်....စိတ်ဆိုးပြေလိုက် တော့ဆိုသည်အသံများတစ်ပြိုင်နက်ထွက်လာကာ ထပ်ခါထပ်ခါဆိုလာကြသည်.....အသွန်းရှိုင်းကိုအကြည့်စူးစူးဖြင့်ကြည့်လိုက်ပြီးကျမလက်ကိုအခုလွတ်လိုက်နော်ပြောသော်လည်းရှိုင်းကသွန်းကိုသူ့ဖက်ဆွဲလိုက်ကာသွန်းခါးကိုဖက်ထားသည်သွန်းကသူ့ရင်ခွင်ထဲရောက်သွားသည်.....
အသွန်းသူ့ရင်ဘတ်ကိုတွန်းထုတ်သည်...ထိုအချိန်တွင်ကျောဘက်မှဆိုင်တံခါးဖွင့်သံကြားရပြီးတစ်ဆိုင်လုံလည်းတိတ်ဆိတ်သွားသည်...အသွန်းကရှိုင်းကိုတွန်းထုတ်နေပြီးနောက်ကိုလှည့်မကြည့်နိုင်.....

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now