Part 36

498 27 2
                                    

Unicode

ကိုကိုက ကျောင်းရှေ့ရောက်နေပြီမို့အသွန်းပြေးထွက်လာသည်...ကိုကိုကအလုပ်များ၍ဖုန်းဘဲပြောဖြစ်ကာ သိပ်မတွေ့ဖြစ်...အသွန်းကိုကိုနဲ့တွေ့ချင်သည်သို့သော်ကိုကို့ကိုမပူဆာချင်ပါကိုကိုအလုပ်တစ်ဖက်နဲ့အသွန်းအတွက် ဒုက္ခမရောက်စေချင်ဘူး....ကိုကိုနဲ့တပတ်နေလိုတစ်ခါမှတွေ့ဖြစ်သည်အဲတာတောင်ကိုကိုအလုပ်ပြန်ပြီးညမှလာသည်....ကို့ကိုကြောင့်အသွန်းလည်းညဆိုအပြင်ထွက်၍ရနေသည်....အခုလည်းကိုကိုစောင့်နေ၍အဆောင်မှူးကတံခါးဖွင့်ပေးခဲ့သည်....
အသွန်းကိုကို့ကိုကိစ္စမရှင်းပြရသေးခင်ဘဲထိုကိစ္စကပြီးသွားခဲ့သည်....အမရာရဲ့သူငယ်ချင်းသူလုပ်တယ်ဆိုပြီးအသွန်းဆီလာတောင်းပန်ကာpostကိုလည်းဖျက်လိုက်ပြီးမှားယွင်စွတ်စွဲမိကြောင်းလည်းတောင်းပန်သည်.....ထူးဆန်းတာက ကိုကိုအသွန်းကိုဒီအကြောင်းတစ်ခွန်းမဟ အမရာသူငယ်ချင်းကလည်းရည်ရွယ်ချက်ရှိအသွန်းကိုချောက်တွန်းပြီးမှလာတောင်းပန်နေသည်...သူ့အသိတရားရသွားပြီလားအသွန်းထင်မိသော်လည်းမဟုတ်....အမရာနဲ့ပူးပေါင်းနေဆဲပင်....အခု တော့အသွန်းလည်းစိတ်ထဲမထားတော့ပါတပါတပတ်တောင်ကြာပြီဘဲဟာကိုကို့ကိုတွေ့ဖို့သာစိတ်အားထက်သန်နေသည်.....

အမြဲတမ်းကိုကို့ကားကလမ်းဘေးချရပ်ထားတတ်သည်အခုတစ်ခါတော့ကိုကို ဒရိုင်ဘာပါလာသည်ထင်အပြင်မှာသူ့ဒရိုင်ဘာကစောင့်နေသည်...အသွန်းကိုလည်းမြင်တော့.....
ဒရိုင်ဘာ'''''မမလေး Bossကကားထဲမှာ...
အမြဲတမ်းဒရိုင်ဘာကအသွန်းထက်ကြီးပေမယ့်အသွန်းကိုမမလေးလိုခေါ်ပြီးခါတတ်သည်အသွန်းကအသွန်းလို့ဘဲခေါ်ပါလို့ပြောလည်းမခေါ်ပါ....အသွန်းကခေါင်းသာညိမ့်ပြ၍ကားထဲဝင်လာသည်.....
ကားနောက်ခန်းတွင်နက်တိုင်ကြိုးတို့ချော့ကာမျက်လုံးမိတ်နေသောသူ...သူကအသွန်းကိုလာတွေ့လျှင်ပင်ပန်းပုံပေါ်ကာမျက်လုံးတို့မိတ်ထားတတ်သည်မတွေ့တာကြာလာလေလေကိုကိုမျက်နှာကသိသိသာသာချောင်ကျလာသည်....
အသွန်းကို့ကိုသနားသည်သူ့ခမျာအသက်အရွယ်နဲ့မလိုက်အောင်တာဝန်ယူရကာအသွန်းကိုလည်းအချိန်ပေးရသေးသည်....အသွန်းကကို့ကိုလာမတွေ့လည်းရပါတယ်ပြောသော်လည်းကိုကိုလာတွေ့ပါသေးသည်.....အသွန်းကကို့ကိုတွေ့ချင်ပေမဲ့ကိုကိုကအလုပ်မှမအား......အရင်ကဆိုအသွန်းကိုကိုအိပ်နေတယ်လို့ထင်ခဲ့တာ...အခုကြာလာတော့သိပြီကိုကိုမျက်လုံးမိတ်ကာမှေးနေသည်....
အသွန်းလည်းလက်ညိုးနဲ့ကို့ကိုနှာခေါင်းလေးကိုတို့ကြည့်ကာအထက်ကနေအောက်ဆွဲကြည့်သည်....
သူကအသွန်းလက်ညိုးကိုဆုပ်လိုက်ကာ ကို့အသားကိုဘယ်သူမဆင်မခြေထိရဲတာလဲ.ပြောလာသည်...
အသွန်းကပြုံးပြကာ....ကိုကိုကငြိုငြင်တာလားပြန်ပြောလိုက်သည်....
အသွန်း''''ကိုကိုထမင်းရောစားရဲ့လားမျက်နှာကချောင်ကျနေတာကို.....အလုပ်ဇွတ်လုပ်နေနော်အသွန်းကို့ကိုမချစ်တော့ဘူး....
မင်းမဟာ''''တကယ်လားတကယ်မချစ်တာသေချာလားနောက်ခါထပ်ပြောကြည့်
အသွန်း''''သေချာတယ်ပြန်ပြောလိုက်သည်....
အသွန်းပြောသည်နှင့်သူကအသွန်းလက်တွေကိုချုပ်လိုက်ကာ.....ကိုအပြစ်ပေးပြီ......ဟုဆိုကာအသွန်းနှုတ်ခမ်းနဲ့သူ့နှုတ်ခမ်းတစ်ထပ်ထဲကျသွားလေသည်....ကိုကိုကအသွန်းကိုအမြဲနူးနူးညံညံနမ်းလေ့ရှိသည်...သူစိတ်ဆိုးနေတဲ့အချိန်မှလွှဲလို့ပေါ့....အသွန်းလည်းသူ့အနမ်းတွေနဲ့ရင်းနှီးနေပြီဖြစ်ကာမျက်နှာတွေမရဲတော့သလိုသူ့အနမ်းတွေကိုလက်ခံတတ်လာသည်....
အတော်ကြာမှသူကလွတ်ပေးခဲ့သည်....
မင်းမဟာ ''''နောက်ခါကို့ကိုမချစ်တော့ဘူးပြောကြည့်.....
အသွန်း''''ဒါဆိုကိုကိုနေ့မအိပ်ညမအိပ်အလုပ်တွေသိပ်မလုပ်နဲ့လေ...
မင်းမဟာ '''အွန်းပါ ကိုကိုဒီprojectလေးပြီးရင်အချိန်တစ်ခုလောက်နားပါ့မယ်ဗျာကျောင်းလည်းပြန်လာတက်မယ်....ကို့ကိုအခုတော့နားလည်ပေး.......
အသွန်း''''ကောင်းပြီလေ... ကတိနော်ဟူ၍အသွန်းလက်သန်းပေးလိုက်လျှင်ကတိဟုပြန်ပြောကာသူ့လက်သန့်ထောင်ပြီးလက်သန်းချင်းချိတ်လိုက်သည်.....
မင်းမဟာ''''သွန်း ကိုကိုလေUSသွားရမှာ....
အသွန်းအံသြကာစိတ်ထဲတွင်ဗလာကျင်းဖြသ်သွားသည်....
မင်းမဟာ ''''တပတ်လောက်ဘဲကြာမှာကွာပြီးရင်ကိုကိုဒီprojectပြီးပြီ....
အသွန်းမျက်နှာကိုသူမမြင်အောင်အတတ်နိုင်ဆုံးပြန်ပြင်ကာ သွားပေါ့ကိုကိုရဲ့အလုပ်ကိစ္စဘဲဟာကို.....ကိုကိုဘယ်နေ့သွားမှာလဲ....
မင်းမဟာ''''မနက်ဖြန် ကိုကိုအသွန်းကိုမခွဲချင်ဘူးကိုကိုသွန်းကိုခေါ်သွားချင်တယ်...ပြီးတော့ကိုကိုဟိုကိုရောက်ရင်အသွန်းကိုဆက်သွယ်နိုင်မယ်မထင်ဘူးကွာ....သွန်း ကိုကိုနဲ့လိုက်ခဲ့ပါလား....
အသွန်း'''ကိုကိုကလည်းပြီးရင်ပြန်တွေ့ရမှာဘဲကိုအသွန်းကို့ကိုစောင့်နေမယ် ကိုကိုသာအလုပ်သေချာလုပ်နော်...အချိန်လည်းနောက်ကျနေပြီအသွန်းသွားတော့မယ်နော်ဟုဆိုကာသူ့စကားတောင်နားမထောင်တော့ဘဲမြန်မြန်ထွက်လာခဲ်သည်....ကျောင်းဝန်းထဲရောက်တာနဲ့အသွန်းမျက်ရည်လည်လာခဲ့သည်....အသွန်းကို့ကိုရှေ့မှာမထိန်းနိုင်မှာဆိုးလို့အမြန်လာခဲ့သည်....အသွန်းကိုကိုနဲ့တစ်မြေထဲမှာရှိနေရင်တောင်လွမ်းနေရတာအဝေးမှာဆိုဘယ်လိုလပ်ရမလဲမသိပါ.....

Clinging Love💛💛 Unicode+Zawgyi Where stories live. Discover now