(Unicode)
Warning! Role sst များ မဖတ်သင့်ကြောင်းနဲ့ novel ဇာတ်ကောင် sst သမားများ မဖတ်သင့်ကြောင်း ဤ ဇာတ်လမ်းသည် novel မူရင်း ဇာတ်ကောင်နဲ့ ဇာတ်ကောင်ရေးသူအား မလေးစား ခြင်းမရှိကြောင်း warning ပေးပါသည်။
တနေကုန်၍ တနေ့မိုးလင်းပြန်ပြီး။ နံဘေးဆီ ကြည့်လိုက်တော့ ဒီနေ့လည်း ချစ်ရသူက အနားမှာ မရှိပြန်ပေ။ မနက်ခင်း နေရောင်ခြည်က လှသော်ငြားလည်း သူ့အတွက် ခြောက်ကပ်ပေ၏။ အရာအားလုံး တဖန် ပြန်စလို့ ရနိုင်ကောင်းရဲ့။ ဒါဆို သူချစ်တဲ့သူနဲ့ ခွဲခဲ့ ရမှာမဟုတ်ချေဘူး..။
" ဦးရီးတော် ရီလင်လောင်ဇူ .. မယ်တော်ကြီးတို့က မနက်စာသုံးဆောင်ဖို့ အတွက် အခေါ်တော်ပါးပါတယ်"
"ကောင်းပြီး ငါလာခဲ့မယ် မင်းသွားနှင့်ပါ..."
" ဟုတ် ကဲ့ပါ...ဦးရီးတော်..."
အိပ်ယာထက်မှ ထလိုက်ပြီး... ညအိပ်ဝတ်စုံကို လဲဖို့ ပြင်သည်။ ဝတ်ရုံတော်ကို တစ်လွှာချင်း ခွာချ တော့ ဗိုက်သားမွှေးတွေနဲ့ ဝမ်းဗိုက် ကြွက်သားတွေက ပေါ်လာသည်။ ယောကျာ်း ဆန်လှသော ကိုယ်က ရင်ဘတ်မှာ ထင်းနေတဲ့ အမာရွတ်တစ်ခုကို သူလက်ဖြင့် ဖွဖွ ထိကြည့်မိသည်။
" ရင်းရင်း ကိုယ် မင်းနဲ့ ထပ်ဆုံခဲ့ရင် အကြောင်းပြချက် ပေးချင်ပါသေးရဲ့.."
ကျလာသော မျက်ရည်စက်တို့ကို သူ ပြန်မသုတ် မိခဲ့ချေ။
"ချစ်ရသူနဲ့ ခွဲခွာရပြီး မနှစ်သက်သူနဲ့ ပေါင်းဖက်ရတယ် နန်းတော်ထဲမှာ ထိန်းသိမ်းခံခဲ့ရတာ အခုဆိုရင် တစ်နှစ်ကျော်နေပြီး ရင်းရင်း... မင်းကိုယ့်ကို ခွင့်လွှတ်တယ်မလား.."
မျက်ရည်တွေကို အလျင်အမြန် သုတ်ပြီး စားသောက်ခန်းထဲ သွားရန် ပြင်ဆင်လိုက်သည်။ အနက်ေရာင်ဝတ်ရုံကို အောက်ခံဝတ်ရုံ အနီအပေါ် ထပ်စေလိုက်သည်။ ပြီးတော့ စားသောက်ဆောင်သို့ ထွက်ခဲ့သည်။
YOU ARE READING
A beloved poem(Stystem+historical)
Historical FictionTitle-A beloved poem CP - yizhan Role- Zsww(Zhanyi) Type- Historical + Stystem XiaoZhan & Wangyibo Fanficition Start Date-11/9/2021