A Beloved Poem_6

934 74 8
                                    

"အိပေါ် အိပေါ်..."

"အမ်..."

ဖန်ရှင်းက ရိပေါ်ကို ဆေးတိုက်နေစဉ် အပြင်မှ တံခါးခေါက်လာသောအသံ။

*ဒီအသံကို ငါရင်းရင်းနှီးနှီး ကြားဖူးနေပါတယ်.*

"အပြင်က ခေါ်နေတာ ဘယ်သူလဲ"

"အဲ သခင်လေး ကျွန်တော် ပြောဖို့ မေ့နေတာ သခင်လေးမှာ သူငယ်ချင်းတစ်ယောက်ရှိသေးတယ်။ သူက အန်နာတဲ့  သူနဲ့ သခင်လေးက ငယ်ငယ်ကတည်းက ခင်တာ "

"အာ ကောင်းပြီး တံခါးသွားဖွင့်ပေးလိုက်"

*နမည်တွေက မပြောင်းဘူးဘဲ*

* စစချင်းမလို့ပါ နောက်ဘ၀တွေက ပြောင်းမှာပါ *

*အဲ ခင်ဗျား ဘယ်လိုရောက်နေတာလဲ *

*လမ်းကြုံရောက်လာတာ စိတ်မပူနဲ့ မင်းနားမှာ တခါတလေ မခေါ်တောင် ရှိပါတယ်။*

"အိပေါ်!!!! "
စကားပြောနေ‌တုန်း အရှေ့က အသံဗြဲကြီးကြောင့် ရိပေါ် နားပါအူသွားရသည်။

*အကျင့်နဲ့ အသံက နောက်ဘ၀တောင် မပျောက်ဘူး..*

"အိပေါ် အိပေါ် နင် အတိတ်မေ့သွားတာဆို.."

ရိပေါ် ဖန်ရှင်းကို အကြည့်တချက်ပစ်လိုက်တော့ ဖန်ရှင်းက မလုံမလဲ ကြည့်လာသည်။

"ဟို..အဲ သခင်လေး သခင်လေးက အရင်တုန်းက သူ့ကိုတော့ အကုန်ပြောပြပါတယ်..."

"နင်ကလည်းဟယ် ငါ့ကိုသာ ယုံကြည်လိုက်ပါ.. အဲ့လိုကြီး မလုပ်နေစမ်းနဲ့.."

"အေးပါ အေးပါ.."

"ဖန်ရှင်း.. အပြင်ခနထွက်ပေးအုံး.."

အန်နာက ဖန်ရှင်း ကို အပြင်ထုတ်လိုက်သည်။

"အိပေါ်.. နင်သိလား.. မသိတာရှိရင် ငါ့ကိုမေးနော်..."

" ဒါနဲ့..ငါ့အဖေက ငါ့ကို တကယ်ချစ်ရဲ့လား..."

"နင်ကလည်း ပေါက်ပေါက်ရှာရှာဟယ်.. နင်က ၀မ်တစ်အိမ်လုံးရဲ့ အချစ်ခံလေး အဲ့နေ့က နှင်းတော ထဲမှာ ဒူးထောက်ခိုင်းတာက မင်းအမိန့်နဲ့ ကျသင့်လို့ ၀မ်တစ်အိမ်လုံးက ဒေါသထွက်နေကြတာ..မနက်ကတောင် မင်းကြီးနဲ့ နည်းနည်း မကျေမနပ် ဖြစ်သွားကြသေးတယ်.."

A beloved poem(Stystem+historical)Where stories live. Discover now