A Beloved Poem_10

644 75 6
                                    

" မင်း မင်းက ဘယ်သူလဲ "

" ကိုယ့်ရန်သူရဲ့သားကိုတောင် ချန်ထားမိတာ မသိတဲ့ သစ္စာ ဖောက်ပါလား စိစပ်တဲ့ ကျင်းချန်ဟိုင် မှ ဟုတ်ရဲ့လားဗျာ "

" ဘယ်သူက သစ္စာ ဖောက်လဲ မင်းစကားကို ဆင်ခြင်ပြောစမ်း "

"သစ္စာ ဖောက်ကို သတ်နိုင်ရင် ဘုရင် နေရာပေးမယ်ဆိုပြီး ကြိတ်တိုင်ပင်ထားတဲ့ အမတ်တွေကိုခင်ဗျား နည်းနည်းလေးတောင် မရိပ်မိခဲ့ဘူးမလား "

" ဘာ မဖြစ်နိုင်တာ "

" ခင်ဗျားရဲ့ ချစ်လှပါရဲ့ ဆိုတဲ့ အမတ်ဝမ်ကိုယ်တိုင်က သူ့သားနဲ့ မလက်ဆက်စေချင်လို့ ဒီလိုလုပ်ခဲ့တာလေ ဟားဟား "

" မင်း "

" မင်း ငါ့ကြင်ယာတော် ကို ဘယ်မှာ ဖမ်းထားလဲ "

ဘေးက အိမ်ရှေ့စံက ဖြတ်မေးသည်။

" မင်းကြင်ယာတော်လား မတော်ရသေးဘူးထင်တယ် "

" မင်း မင်းဘာစကားပြောတာလဲ "

" တော်တော့! "

ရုတ်တရက် ရှောင်းကျန့် ဒေါသထွက်စွာ အော်လိုက်တော့ အားလုံး တုန်တက်သွားသည်။

" တော်သင့်ပြီး အချိန်ကုန်ခံပြီး စကားများနေဖို့ လာခဲ့တာ မဟုတ်ဘူး သူတို့ကို ချက်ချင်းဖမ်းလိုက် "

" ဟုတ် မင်းသား "

" ဘာ ငါ့ကို လွှတ် ငါ့ကို လွှတ်စမ်း ရှောင်းမျိုးဆက် မင်းငါ့ကို လွှတ်ပေးစမ်း မင်း နောင်တရလိမ့်မယ် "

ယက်ကန်ယက်ကန် ပါသွားသော မင်းကြီးနဲ့ အိမ်ရှေ့စံကို ရှောင်းကျန့် ကြည့်ပြီး မဲ့ပြုံးလိုက်သည်။

" နောက်ဆုံးတော့ ကျွန်တော်လိုချင်တဲ့ အချိန်ကို ရောက်ခဲ့ပြီး မယ်တော် "

" အန်နာ အန်နာ "

ဝမ်ရိပေါ် နိုးနိုးချင်း မြင်လိုက်ရသော အရာကအခန်းတစ်ခုထဲ။ ဘေးမှာ အန်နာက သတိမေ့နေတုန်း။

" ဟင် ရိပေါ် "

" နိုးလာပြီးလား "

" ငါတို့ ငါတို့ ဘယ်ရောက်နေတာလဲ "

" မသိဘူး ငါလည်း နင်နဲ့ စကားပြောနေတုန ဖမ်းခေါ်သွားခံထိတာ ထင်တယ် ပြီးတော့ ငါနိုးတော့ နင်နဲ့ ဒီအခန်းထဲ ရောက်နေတာဘဲ "

A beloved poem(Stystem+historical)Where stories live. Discover now