(Unicode)
" မင်း နိုးလာပြီးလား..."
ဘေးက စကားပြောသံနဲ့ အတူ ခေါင်းက တစ်ဆစ်ဆစ် ကိုက်လာတာ မပျောက်သေး။ မျက်စိအမြင်က ဝါးနေတုန်းပင်။
" အင့် ကျွန်တော် ဘယ်ရောက်နေတာလဲ"
"မင်းက အခု ဘ၀ အသစ်ကို ပြန်စ ရမယ့်အချိန်ပါ။"
" ခင်ဗျားပြောတာတွေ ကျွန်တော် နားမလည်ဘူး.."
အရှေ့က လူကြီး တစ်ယောက်က သူ့ကို ပြန်ပြောပြသည်။
" ကောင်းပြီး မင်းကို ငါပြောပြမယ်နားထောင်ပါ.. မင်းက ဘ၀ အသစ် ကို ထပ်စရမှာဖြစ်ပြီး မပြီးပြတ်သေးတဲ့ ဘ၀တွေကိုလည်း ထပ် ဖြေရှင်းရအုံးမှာ ဖြစ်တယ်။ အနောက်တိုင်းစကား နဲ့ ဆိုရင် System လို ပုံစံလို့လဲ ပြောလို့ရသလိုမျိုး timetravel ဘက်ခြမ်းလည်း သွားပါတယ်။ အခုက ငါက ကံစီမံတဲ့အတိုင်း မင်းကို ကူညီပေးတဲ့သူပါ။ "
"ဒါဆို ကျွန်တော်က အရင်ဘ၀ကို ဘယ်တော့မှ ပြန်သွားရမှာလဲ "
" မပြီးပြတ်သေးတဲ့ ဘ၀က နှစ်ဘ၀ ကျန်ပြီးး သွားရမယ့် ဘ၀ကတော့ သုံးဘ၀ ပါ။"
"ဘာ အဲ့လောက်တောင် များတာလား..."
" ဟုတ်တယ် မင်းရဲ့ ၂၁ ရာစုက ဘ၀ကျရင်တော့ မင်းဘာသာမင်းး လုပ်ဆောင် ရတော့မှာ ဖြစ်သလို နောက်ထပ် အရာတွေကတော့ ပုံမှန်အတိုင်းး လည်ပတ်သွားမှာဖြစ်တယ်။ ဒီအကြောင်းးတွေ ဖြစ်ရတာကလည်းး မင်းကို တစ်စုံတစ်ယောက်က ဆွဲခေါ်ခဲ့လို့."
"ဘယ်သူကလဲ... ကျွန်တော့်ရဲ့ မှတ်ညာဏ် ထဲက လူလား.."
" ဟုတ်တယ် သူက တောင်းဆု တစ်ခု ပြုထားတယ် သူက မတရားခံရတာ ဖြစ်ပြီးး လောကကြီးက မတရားသဖြင့် ကြည့်နေလို့မရဘူးး ဒါကြောင့် မင်းက သူနဲ့ တူတဲ့အတွက် ရောက်လာတာ ဖြစ်တယ်..."
" ဟာ အဲ့လို လုပ်လို့ရတယ်ပေါ့ ကိုယ့်ဟာကိုယ် နေနေတာတောင် သူများခိုင်းတာ ခံရတယ်လို့! "
ရိပေါ်က တစ်ချက် နှာမှုတ်ပြီးး ပြောတယ်။
"ကဲပါ။ အဲ့ဒါတွေထားပါ မင်းလည်း လူကောင်းတစ်ယောက်ပါဘဲ။ ကောင်းမှုနဲ့ မတရားမှုအတွက် အဖြေရှာပေးတာ ခက်ခဲတာမှ မဟုတ်တာ.."
VOUS LISEZ
A beloved poem(Stystem+historical)
Fiction HistoriqueTitle-A beloved poem CP - yizhan Role- Zsww(Zhanyi) Type- Historical + Stystem XiaoZhan & Wangyibo Fanficition Start Date-11/9/2021