A Beloved Poem-1

1.3K 102 6
                                    

(Unicode)

( .ဝမ်ဝမ်နဲ့ ဦးရီးတော်က မတည့်ဘူး)

" ဒီနေ့ ခေါ်လိုက်ရတာက .  မယ်တော်ရဲ့ ခရီးစဥ်အကြောင်းပြောမလို့ပါ...ဒါနဲ့..."

" မယ်တော်က ဘယ်ကို ခရီး ထွက်မလို့ပါလဲ"

မင်းကြီး က မယ်တော်ကြီးကို ဖြတ်မေးလိုက်သည်။

"မယ်တော် အနောက်နိုင်ငံ တိုင်းတပါးကို ခရီးထွက်စရာရှိတယ် အနည်းဆုံး တစ်နှစ်ကျော်ကျော်လောက် ကြာမယ်ကွဲ့.. တိုင်းပြည် မိတ်ဖက် အတွက်နဲ့ မင်းတို့ခမည်းတော်ရဲ့ မိတ်ဆွေဟောင်းတွေပါ သူတို့နိုင်ငံကို အလည်အပတ် သွားရင်းနဲ့... ဒီနှစ် လက်ချည် ပွဲတော်ပြီးရင် သွားဖြစ်မယ်.."

" မယ်တော် တစ်ယောက်တည်း သွားဖို့ ဖြစ်ရဲ့လား အ​ဖော်တွေ ခေါ်သွားပါလား..."

" အမ်း...မယ်တော် စီစဥ်ထားပါတယ်...သားတော် စိတ်မပူပါနဲ့..."

" မယ်မယ်ဟွား...မရှိတော့ ပျင်းနေတော့မှာဘဲ..ဟွန်း..." ဝမ်ရိပေါ်က သက်ပြင်းချသံနဲ့ တဖက်ကနေ ဖြတ်ပြောတယ်။

" ဝမ်ဝမ် စိတ်မကောင်းမဖြစ်ပါနဲ့ကွယ်.. နောက်သွားရင် မယ်မယ်ခေါ်မှာပါ။ ဝမ်ဝမ် အတွက် မယ်မယ်စီစဥ်ထားတာ ရှိပါတယ်..ပြီးတော့ ဦးရီးတော် ရှောင်းလည်း ရှိတာဘဲ"

" အွန်း အွန်း... ဘာကြီးလဲ မယ်မယ်ဟွား.."

ဝမ်ရိပေါ်က စားနေတုန်း ပါးဖောင်းဖောင်းတွေနဲ့ မပီတပီ ပြောတယ်။ တခြားသူတွေဆို လေးစားမှုမရှိမှာ မှန်ပေမယ့် မယ်တော်ကြီးက မဆူသည့်အပြင် ချစ်မြတ်နိုးစွာ ကြည့်​ေနတော့ ဘယ်သူမှ အထွန့်မတက်ရဲ။

" မယ်မယ်ဟွား ဝမ်ဝမ့်အတွက် ကိုယ်ရံတော် စီစဥ်ပေးထားတယ် မယ်မယ် ခရီးသွားတဲ့အချိန်ကျ ဘယ်သူမှ အနိုင်မကျင့်ရဲအောင်...ခနနေ စားပြီးရင် သွားရွေးလှည့်.."

"ဟီး..ဟီး.. မိုက်တယ် ကစားဖော် ရတော့မှာပေါ့ ဒါဆို မယ်မယ်ဟွား မရှိလည်း မပျင်းတော့ဘူး..ဟိ.."

ဝမ်ရိပေါ်က လက်ခုပ်တီးပြီး မယ်တော်ကြီးကိုလက်မထောင်ပြပြီး အပျော်ကြီး ပျော်နေတယ်။ မယ်တော်ကြီးနဲ့ မင်းကြီးတို့ကလည်း ထိုအပြုအမူကို သဘောတွေကျနေကြလို့..။

A beloved poem(Stystem+historical)Tempat cerita menjadi hidup. Temukan sekarang