A Beloved Poem-2

978 101 6
                                    

(Unicode)

( ဝမ်ဝမ် အတွက် ကံတရားကြီးက ရက်စက်လိုက်တာ...)

" ဒါလည်း မကောင်းဘူး ဝတုတ်ကြီး. "

လူလေးယောက် အရှေ့ မှာ ထားကာ လှည့်ပတ်ကြည့်ရှူ နေသော ကြင်ယာတော်။

" ဒါက ပိန်လွန်းတယ်...ရုပ်ဆိုးကြီး.."

" ဝါး... အမြင့်ကြီး အရပ်ရှည်ကြီးကို..ဘယ်လို ခေါ်ရမှာလား..မယ်မယ်ဟွားတို့ လုပ်ပြီး..."

" အမ်း ဒီတစ်ယောက် က မဆိုးပါဘူး... ဟိုလူတွေထက် ဆိုရင် ကောင်းတယ်..ရုပ်လည်း ချောတယ်.ဟိဟိ.."

​ရှေ့ကလူကို ကြင်ယာတော် က ဆွဲလိုက်တယ်။

" ကောကော..ကောကော ကို ရွေးမယ်..ဟီး.."

" ကျေးဇူးတ င်ပါတယ် ကြင်ယာတော် အကောင်းဆုံး စောင့်ရှောက်ပေးပါ့မယ်.."

ကိုယ်ရံတော်က ကြင်ယာတော် ကို ဂါရဝပြုလိုက်သည်။

" ရတယ် သွားမယ် ကောကော.."

ကြင်ယာတော် ဆွဲခေါ်သွားရာနောက် ကိုယ်ရံတော်က လိုက်ပါသွားတယ်..။

" ဟွန်း... အစကတည်းက ဒီလိုမှန်းသိသားဘဲ မယ်မယ်ဟွားက ဘာလို့ ရွေးခံခိုင်းမှန်းကိုမသိဘူး တစ်ယောက်ဆိုတစ်ယောက် ရွေးပေးလိုက်ဆို ပြီးနေတာဘဲကို.."

" ဟုတ်ပ.ကွာ.." အရှေ့က ဝတုတ် ပြောတာကို အရှည်ကြီးက ထောက်ခံတယ်။

" မပြောကြပါနဲ့ တိုးတိုးပါ မယ်တော်ကြီး သိရင် ခေါင်းပြတ်နေအုံးမယ် သွားကြ သွားကြ..." ပိန်တဲ့လူက ပြောမှ သုံးယောက်လုံး ကုတ်ကုတ် နဲ့ ထွက်သွားကြသည်။

" ကောကော ကောကော နမည်က ဘယ်လိုလဲ ဟင်.."

" ပိုင်ဟုန်း..ပါ ကြင်ယာတော်.."

နန်းတော်ပန်းခြံတစ်ခုမှာ အရှေ့က ကောင်လေးက သစ်သီးတွေကို ခူးနေပြီး အနောက်ကကိုယ်ရံတော်ကတော့ ခြင်းတောင်းကိုင်ရင်း လိုက်နေရှာတယ်။

" အွန်း ကောကော လို့ဘဲ ခေါ်မယ် ဟီး..."

" ကြင်ယာတော် အလိုရှိသလို ခေါ်နိုင်ပါတယ်.."

" ကြင်ယာတော်လို့ ခေါ်ရတာ မထောက်ဘူးလား...ဝမ်ဝမ်လို့ဘဲခေါ်ပါ...ကောကောရဲ့..."

A beloved poem(Stystem+historical)Donde viven las historias. Descúbrelo ahora