မင်းဖြစ်နေလို့ကိုမချစ်တာ(I don't love you because you are)

1.9K 56 29
                                    

မင်း ဖြစ်နေလို့ကို မချစ်တာ (one short )

" ကိုကို"
"အင်း"
"ဘာ အင်းလဲ ဗျာ လို့ ‌ပြန်ထူး"
"ဗျာ"
"အဲ့လိုမှပေါ့"
"ကိုကို လို့ခေါ်ရင် ဗျာလို့ ပဲထူးရမယ်"
"အင်းပါ"

ငါက ကိုကို့ကို သိပ်ချစ်တာ ကိုကိုဆိုတာ
တခြားသူမဟုတ် ငါတစ်ဖက်သတ်ကြိုက်နေတဲ့
ကောင်လေး ငါက ကိုကို့ ကြိုက်လည်းကြိုက်တယ် ချစ်လည်းချစ်တယ်

"ပေါက်စ ကိုကို့ဆီဘာလာလုပ်တာလဲ"
"ကိုကိုပဲ မနေ့ညက အပြင်သွားမလို့ဆို ပေါက်စလည်း အပြင်လိုက်မယ်လေ"
"အင်းလေ ကိုကိုအပြင်သွားတော့မှာ ပေါက်စရဲ့"
"ဒါဆို ပေါက်စလည်းလိုက်မယ်လေ"
"မလိုက်ပါနဲ့ကွာ အခုက ကိုကို့သူငယ်ချင်းရဲ့ ညီမနဲ့ ကိုကိုတွေ့ရမှာ"
"ဘာလုပ်ဖို့တွေ့မှာလဲ"
"သူ့ကိုချစ်လို့လေ ရည်းစားစကားပြောမလို့"
"သေချာပေါက် သူက ကိုကို့ကို ပြန်မကြိုက်ဘူး"

ကိုကို့ကို ငါပဲပိုင်ချင်တယ် ငါနဲ့ပဲဆိုင်စေချင်တယ်
ကိုကို့ဘာသာ ဘယ်သူနဲ့ကြိုက်ကြိုက်
ကိုကိုက ငါ့အတွက်ပဲ‌ဖြစ်စေရမယ်
အခု ကိုကိုက ရည်းစားစကားသွားပြောမလို့တဲ့
ငါက ကိုကို့နောက်က လိုက်ပြီးကို နှောင့်ယှက်မှာ
ကိုကိုက ငါ့ကြောင့် ရည်းစားမရခဲ့တာ ဆိုပြီး တစ်ခါတလေ ငါ့ကို အပြစ်တင်တယ် အပြစ်တင်ပြောဆိုလည်း ခဏပေါ့ အရေးကြီးတာ ငါ ကိုကို့ကို ပိုင်ဖို့လေ

"ပေါက်စ ကိုကို ပြောထားတယ်မလား ပေါက်စ အဲ့လိုတွေ အနောက်က လိုက်နေလို့ ကျိန်စာ တိုက်နေလို့ ကိုကိုကောင်မလေးမရတာ"
"ကျိန်စာမတိုက်ပါဘူးကိုကိုရဲ့
အကြင်နာတွေကြောင့် ကိုကိုဘာသာ တန်ပြန်၀ဋ်လည်နေတာ"
"ကဲ တော်ပြီ ဆက်မငြင်းတော့ဘူး ကိုကိုသွားပြီ"
"အင်း သွားသွား"

ကိုကိုက ငါ့ကို သူရည်းစားသွားပြောမဲ့ကောင်‌မလေးဆီ ကိုအတူတူမလိုက်ဖို့ တားတယ် ငါက တားလည်း လိုက်သွားတယ် ငါက ကိုကိုနဲ့အတူ သွား‌တာတော့မဟုတ်ဘူး ငါဘာသာ ကိုကို့နောက်က လိုက်သွားတာ

"ကိုယ် နည်းနည်းနောက်ကျသွားတယ်"
"ရပါတယ် ကိုကြီး"
"ဘာမှာထားပြီးပြီလဲ ညီမလေး မမှာရသေးရင် ကိုယ်မှာပေးမယ်"
"ကိုကြီး အကြိုက်ကိုညီမ မသိဘူး ဒါပေမဲ့
ဟော့ပေါ့ တစ်ပွဲမှာထားတယ် ကိုကြီး ကြိုက်ရဲ့လား"
"အင်း ကြိုက်တာပေါ့ ကိုယ်က ဟော့ပေါ့သိပ်ကြိုက်တာ"

မင်း ဖြစ်နေလို့ကို မချစ်တာ (I don't love you because you are)Where stories live. Discover now