လီလီ့ကိုချစ်တဲ့သူတွေအများကြီးရှိသေးတာပဲ

150 7 0
                                    

လီလီ့ကိုချစ်တဲ့သူတွေအများကြီးရှိသေးတာပဲ

မင်းဖြစ်နေလို့ကိုမချစ်တာ (အပိုင်း၁၅)

လီလီ၏မွေးနေ့ကိုနောက်ကျမှလာပေမဲ့လည်း
စိတ်မဆိုးပဲ ၀မ်းသာစွာကြိုဆိုမိသည်။အခုလေးတင် တွေးနေတုန်း ရောက်လာသဖြင့်
လွန်စွာ၀မ်းသာမိသည်။

"ကိုယ့်နောက်မှာဘယ်သူတွေပါလာလဲသိလား"

"ဘယ်သူလဲ"

လီလီထင်နေတဲ့သူတော့မဟုတ်ဘူးမလား။
လီလီ၏လက်တွေခြေတွေတုန်လာကာ
‌ထွက်ပြေးချင်လာသည်။

"Surprise  မေမေ့သမီးလေး"

"Happy birthday ပါ ဖေဖေ့ချစ်သမီးလေး"

ကိုကြီးလင်းညီ၏ အနောက်‌တွင်ပါလာသူက
ဖေဖေနှင့်မေမေဖြစ်နေတာကြောင့်
လီလီထခုန်မိတော့မလိုပင်။တကယ်ကို
ထင်မထားခဲ့တဲ့ surprise အကြီးစားပင်။
ဒီနှစ်တော့ မေမေနှင့်ဖေဖေ ဆီက
ရိုးရှင်းတဲ့ ၀က်ဝံအကြီးကြီးအရုပ်တစ်ရုပ်ရလိုက်သည်။

"ဒါမေမေ့သမီးအကြိုက်"

လီလီသည်၀မ်းသာပြီးမေမေ့ကိုပြေးဖက်မိသည်။
ဖေဖေသည်လည်း ငိုပြီး ဖက်နေတဲ့
လီလီ့ကိုထပ်ဆင့်ဖက်နေ၏။ အခုပုံစံလေးက
ဖေဖေက လီလီတို့သားအမိနှစ်ယောက်ကို
ရင်ခွင်ထဲ ထည့်ထားသည့်ပုံစံ။ ဒီလိုမျိုးလေးပျော်ရတာက လီလီ့အသက် ၂၀မှာ ဒီတစ်ခါသာပင်။အရင်က လီလီသည် မွေးနေ့တိုင်းမှာ
တိတ်ဆိတ်စွာဖြတ်သန်းတတ်သဖြင့်
ဖေဖေနှင့်မေမေက စိန်ဆွဲကြိုး၊စိန်နားကပ်၊ရွှေလက်စွပ်၊ကား စသဖြင့် လက်ဆောင်ပေးတတ်သည်။ဒီနှစ်တော့ရိုးရိုးရှင်းရှင်းလေးပေမဲ့
လီလီတအားပျော်ရသည်။

"မမတို့ပါရောက်လာတာလား"

"အေးပေါ့ ညဉ်းတူမက မွေးနေ့ကိုမေ့နေမယ်ဆိုတာသိလို့ပေါ့အေ"

မေမေ၏ အဖြေကြောင့် တီမေသည်
ပြန်လည်ပြုံးပြပြီး အနေခက်သည်။
အနေခက်ရသည့်အကြောင်းအရင်းက
ဟန်လင်းယာရှိနေတာကြောင့်ဖြစ်လိမ့်မည်။
မေမေနှင့်ဖေဖေအတွက် အကုန်လုံးက နေရာဖယ်ပေးသည်။ ဟန်လင်းယာကလည်းအလိုက်တသိ
နေရာရွှေ့ပေးသည်။ကိုကြီးလင်းညီကတော့
လီလီဘေးနားတွင်၀င်ထိုင်သည်။

မင်း ဖြစ်နေလို့ကို မချစ်တာ (I don't love you because you are)Where stories live. Discover now