ပျော်ရွှင်မှုဆိုတာ ဘယ်လိုဖန်တီးယူရလဲ

130 5 1
                                    

ပျော်ရွှင်မှုဆိုတာ ဘယ်လိုဖန်တီးယူရလဲ

မင်းဖြစ်နေလို့ကိုမချစ်တာ (အပိုင်း၁၆)

ပျော်ရွှင်မှုဆိုတာ ဘယ်လိုမျိုးလဲ။
ဘယ်လိုပျော်ရွှင်အောင် နေထိုင်သင့်လဲ။
နေ့စဉ်ပုံမှန်ဘ၀မှာရော ပျော်ရွှင်မှုတွေကအမြဲရှိနေတာလား စသဖြင့် မေးခွန်းတွေက
လူတိုင်းမှာရှိတတ်ကြတယ်။ ဒီလိုမေးခွန်းမျိုးက
လီလီ့မှာလည်းရှိတာပဲ။ လီလီလည်း
အဲ့သလိုတွေတွေးဖူးတယ်။ အခုတော့
လီလီက ပျော်ရွှင်မှုဆိုတာကို ကိုယ်တိုင်ဖန်တီးကြည့်တော့မယ်။ ခက်ခဲလား လွယ်လား ဆို‌တာတော့ လီလီသေချာမသိပေမဲ့ ကြိုးစားကြည့်ရမည်မဟုတ်လား။

လီလီသည် အတွေးလွန်နေတုန်း
ပါးပေါ်သို့ ရေခဲအေးအေးလေးက
လာကပ်ခြင်းကိုခံလိုက်ရသည်။ မည်သူလဲဆိုတာ‌ကိုတော့ လီလီသိပါ၏။ ကိုကြီးလင်းညီသည်
လီလီ့ကြောင့် မနေ့က ဟော်တယ်မှာတည်လိုက်ရသည်။အခုလည်း မနက်စောစောစီးစီး
ခြံထဲမှာ စာအုပ်ထိုင်ဖတ်နေတဲ့ လီလီ့ဆီကို
Vito အအေးဗူးလေး ယူလာပေးရပြန်သည်။
လီလီသောက်နေကျ အအေးလေးကို
ယူလာပေးဖို့အတွက် မမေ့တဲ့ ကိုကြီးလင်းညီက
တာ၀န်၀တ္တရားတိုင်း ဘယ်တုန်းကမှမပျက်ကွက်ခဲ့ဖူးပါ။

"ဟာ ကိုကြီးလင်းညီ"

"ဒီမှာ အအေးယူလာတယ်"

လီလီသည် နွေ၊မိုး၊ဆောင်း ဥတုသုံးပါးစလုံးမှာ
အအေးအသောက်မပျက်သူတစ်ဦး။ငယ်ငယ်က ခဏခဏနေမကောင်းတာတွေကလည်း
ဒီလိုမျိုးတွေကြောင့်လည်းပါမည်။

"ဘာတွေ တွေးနေတာလဲ လီလီ"

"ဟိုဟိုဒီဒီ‌ပါ ဟီးဟီး"

"ဧကန္တ မင်းခန့်ဈာန်အကြောင်းလား"

လီလီသည် ချက်ချင်းဆိုသလိုပင်
ရုတ်ချည်းပြောင်းလဲသွား၏။မျက်နှာသည်
တင်းမာသွားခြင်းမရှိသော်လည်း ဖျော့တော့သွားသည်။ လီလီသည် ကိုကိုမင်းခန့်ဈာန်၏
နာမည်ကြားလိုက်လျှင်ကိုအရှုံးပေးနေရ၏။
အနိုင်မယူခဲ့ဖူးတာကြောင့်လည်းဖြစ်မည်။

"ကိုယ် ပြောမိတာ တောင်းပန်ပါတယ်"

"ဟင့်အင်း မလိုဘူး"

မင်း ဖြစ်နေလို့ကို မချစ်တာ (I don't love you because you are)Where stories live. Discover now