ဒီခံစားချက်တွေကို ပြန်မလိုချင်တော့ဘူး
ထပ်မဖြစ်ချင်တော့ဘူးမင်းဖြစ်နေလို့ကိုမချစ်တာ (အပိုင်း၁၇)
ဒီနေ့သည် ကိုကြီးလင်းညီ ပြန်မဲ့နေဖြစ်၏။
တစ်ပတ်အတိနေခဲ့ပေးသော ကိုကြီးလင်းညီအား
လီလီကျေးဇူးတင်မိပါသည်။ ကိုကြီးလင်းညီကတော့ ပြောရှာပါတယ်။"လီလီသာ ကိုယ့်ကို
လက်ခံမယ်ဆိုရင် ကိုယ် မေမြို့ကနေမပြန်တော့ဘူး" တဲ့။ ပြန်ရတဲ့အကြောင်းအရင်းကလည်း
လီလီက မိန်းကလေးဖြစ်နေတာကြောင့်
ဒီမှာဆက်နေရင် တစ်မျိုးထင်မှာတွေက
များလာလိမ့်မည်။ ပတ်၀န်းကျင်ကို ဂရုမစိုက်ချင်သော်လည်း ပတ်၀န်းကျင်နှင့်နေရသည့်သူတွေမို့
အထင်အမြင်အလွဲမခံနိုင်ပါ။ မေမေနှင့်ဖေဖေကလည်း ကိုကြီးလင်းညီကိုပဲ ရွေးသည်ဖြစ်စေ
မည်သူ့ကိုရွေးသည်ဖြစ်စေ လက်ခံပေးမည့်သူတွေပင်။"မေမေတို့ပြန်မယ်နော် သမီးလေး"
"ဖေဖေမှာတာလည်းမမေ့နဲ့နော် လိမ်လိမ်မာမာနေနော်"
"ဟုတ်ကဲ့ပါ ဖေဖေနဲ့မေမေ"
လီလီ၏မိဘတွေကတော့ "ဘယ်တော့ပြန်လာမှာလဲ" ဆိုပြီးအတင်းမမေးပါ။ လီလီစိတ်သက်သာရာရမှပြန်လာဖို့သာ မှာထားသောကြောင့်သာ။
"ကိုယ်ပြန်တော့မယ် လီလီ"
"ဟုတ်ကဲ့ကိုကြီးလင်းညီ"
လီလီသည် ကိုကြီးလင်းညီကို ခင်တွယ်နေပါ၏။လီလီ၏နှလုံးသားသည် ဘာကိုမှသေချာရေရာမနေပါ။လက်ခံရမလား၊ ငြင်းပယ်ရမလား လီလီ
မဝေခွဲနိုင်။လီလီ၏မိဘတွေနှင့်အတူ
ကိုကြီးလင်းညီပြန်သွားတော့ တီမေကတော့
တစ်ခုခုကိုပြောပြချင်နေပုံပင်။"တီမေ ဘာပြောချင်နေတာလဲ"
"နင့်အစ်ကိုပေါ့ သူ့အိမ်မှာမွှေလို့ဆိုပြီး
ဒီကိုလွှတ်မလို့တဲ့""ကောင်းတာပဲလေ တီလေးရဲ့"
"အောင်မလေး နင်တို့မောင်နှမတွေက မျောက်ကျလွန်းတယ် ထိန်းမနိုင်ဘူး"
တီမေသည် လီလီ၏ အစ်ကိုဖြစ်သူမွှေနေမှာကိုကြောက်သည်။ လီလီ၏အစ်ကိုတစ်၀မ်းကွဲက
တည်ကြည်ပြီးခန့်ညားသည်။ ဒါပေမဲ့ တီမေ၏
အချစ်ရေးကို ၀င်ရောက်စွက်ဖက်နိုင်သည်မို့
တီမေက မလာစေချင်တာဖြစ်မည်။
YOU ARE READING
မင်း ဖြစ်နေလို့ကို မချစ်တာ (I don't love you because you are)
Truyện Ngắnလီလီကသာလီလီဝေဆာမဟုတ်ရင် ကိုကိုပြန်ချစ်မှာလား (လီလီဝေဆာ) မင်းဖြစ်နေလို့ကို မချစ်တာ (မင်းခန့်စျာန်)