ဒီလောင်းရိပ်အောက်ကလွတ်မြောက်ချင်ပြီ
မင်းဖြစ်နေလို့ကိုမချစ်တာ (အပိုင်း ၁၈)
စိတ်ခံစားချက်တွေအကုန် အဆင်ပြေသွားပြီဟု
သတ်မှတ်ထားသော်လည်း ရုတ်တရက်သိလိုက်ရသော ကိစ္စတစ်ခုကြောင့် သွေးပျက်မတတ်
ဖြစ်ရသည်မှာ လီလီပင်။ လီလီသည် ပူပင်သောကနှင့်ဝေးအောင် ရုန်းထွက်ချင်၍
ဒီကို လာခဲ့ပေမဲ့ ပူပင်သောကပေးသူသည်
လီလီ့နောက်သို့တကောက်ကောက်
လိုချင်နေသယောင်။"လီလီ အဆင်ပြေရဲ့လား ထမင်းစားရအောင်လေ"
"ဟင့်အင်း"
လီလီသည် ဖျားနေတာ တစ်ပတ်ခန့်ရှိပြီ။အခန်းထဲက အခန်းပြင်လုံး၀မထွက်ပေ။
အခန်းထဲက လိုက်ကာဘေးမှာနေပြီး
ငူငိုင်စွာ ထိုင်နေတတ်သည်။တစ်ခန်းလုံးအမှောင်ချထပြီး ဘာဆိုဘာမှမလုပ်ပေ။ ရေချိုးချိန်နှင့်မျက်နှာသစ်၊သွားတိုက်လုပ်သည့်အချိန်သာ
လှုပ်ရှားမှုရှိသည်။အားအင်တွေ ဆုတ်နစ်နေပြီး
တစ်ကိုယ်လုံးမလှုပ်နိုင်။"ဒီနေ့ ဟန်ညားခန့်လာမယ်ပြောတယ်"
"အင်း"
"တီမေ့အပြစ်ပါကွယ် တီမေကြိုပြောဖို့လုပ်ခဲ့ပေမဲ့..."
ဒီရက်ပိုင်းတွင်း တီမေနှင့်မမသံလွင်က
မျက်နှာသိပ်မကောင်းတာ လီလီရိပ်မိသည်။
စိတ်ထင်နေတာမဟုတ်ပဲ ဒီကစ္စကြောင့်ကိုး။
ပြောမထွက်နိုင်တာကြောင့် မပြောရက်ခဲ့တာနေမှာပါလေ။ တီမေနှင့်မမသံလွင်ကိုလည်း
အားနာလှပြီ။"လီလီ ရန်ကုန်ပြန်သင့်လား"
"အို မဖြစ်ပါဘူး မပြန်ရပါဘူး လီလီရယ်
တီမေတို့နဲ့ပဲနေ""အားနာလှပြီ"
"တီမေက အဒေါ်အရင်းပါကွယ် တီမေမှာ
မမတို့အစားစောင့်ရှောက်ရမဲ့တာ၀န်အပြည့်ရှိတယ်"လီလီသည် ခေါင်းသာငြှိမ့်ပြလိုက်သည်။ဘာဆိုဘာမှမပြောပဲသာ နေလိုက်၏။
"လီလီလေးရေ ဟန်ညားခန့်လာတယ်"
မမသံလွင်နှင့်အတူ ကိုဟန်ညားခန့်ကိုတွေ့လိုက်ရသည်။ကိုဟန်ညားခန့်က လီလီ့ကို
တိုးဖွဖွလေးသာပြုံးပြသည်။
YOU ARE READING
မင်း ဖြစ်နေလို့ကို မချစ်တာ (I don't love you because you are)
Short Storyလီလီကသာလီလီဝေဆာမဟုတ်ရင် ကိုကိုပြန်ချစ်မှာလား (လီလီဝေဆာ) မင်းဖြစ်နေလို့ကို မချစ်တာ (မင်းခန့်စျာန်)