နှလုံးသားဒဏ်ရာများကို ဖြေဖျောက်ခြင်း (သို့)လှပသောနေ့ရက်များကိုစတင်ခြင်း

260 13 13
                                    

နှလုံးသားဒဏ်ရာများကို ဖြေဖျောက်ခြင်း
(သို့)လှပသောနေ့ရက်များကိုစတင်ခြင်း

မင်းဖြစ်နေလို့ကို မချစ်တာ (အပိုင်း ၂)
အတိတ်မှာ ဘာတွေဖြစ်ခဲ့လဲ
ဘာတွေလုပ်ခဲ့လဲ ဆိုတာကို မမှတ်မိချင်ဘူး။
မမှတ်မိချင်တော့တဲ့အခါ မေ့ပစ်လို့လည်းရသလို
ပြန်သတိမရတော့တာမျိုးလည်းလုပ်ခွင့်ရှိတယ်။
မေ့ပစ်ခွင့် စွန့်ပစ်ခွင့် အမျိုးမျိုးသော
အခွင့်အရေးများကို ကိုယ်တိုင်ဖန်တီးယူနိုင်တယ်။
ဘယ်သူတားချင်လဲ
ဘယ်သူတားနိုင်မလဲ
ဘယ်သူတားရဲမလဲ စတဲ့ အရာတွေကို
မေ့ပျောက်လိုက်ပြီး ဒီတိုင်းလေး မေ့ဖျောက်ရာကနေ မေ့မေ့ပျောက်ပျောက်ဖြစ်သွားနိုင်တယ်။

လီလီနှင့်ကိုကိုမင်းခန့်ဈာန်မတွေ့တော့တာ
သုံးနှစ်ကြာခဲ့ပြီး ပြန်တွေ့တဲ့အချိန်မှာ
ကိုကိုမင်းခန့်ဈာန်ဘေးမှာ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။အဲ့ဒီနေ့က
လီလီရဲ့ငယ်သူငယ်ချင်း ကောင်လေးနှင့်
ချိန်းထားသဖြင့် အင်းလျားကန်ကိုရောက်ရှိနေခြင်းဖြစ်သည်။အဲ့ဒီနေ့က အမှတ်တမဲ့
ကိုကိုမင်းခန့်ဈာန်အကြောင်းကို မှတ်တမ်းတင်ထားတဲ့စာအုပ်ကို ယူသွားမိသဖြင့်
အဲ့ဒီနေ့က ကိုကိုမင်းခန့်ဈာန်သည်
လီလီ၏ မှတ်တမ်းထဲက အကြောင်းအရာတချို့နှင့်အတူ ဓာတ်ပုံများစွာကို တွေ့သွားမည်ထင်၏။
အဲ့နေ့တွေ့ပြီးကတည်းက လီလီအပြင်ကို
၆လကြာသည်အထိ အပြင်မထွက်ခဲ့ပါ။လီလီသည် မင်းခန့်ဈာန် ဟူသည် နာမည်သုံးလုံး၏
နွံထဲတွင်ဘယ်လိုမျှမရုန်းနိုင်။ရုန်းကန်သမျှ
တွန်းကန်သမျှအားတို့သည် အလကားသုံးလိုက်သလိုပင်။နစ်ပြီးရင်းနစ် ချစ်ပြီးရင်းချစ်။
မေ့ပစ်ဖို့ကြိုးစားလိုက်တိုင်း အမှတ်တရ ပုံရိပ်တွေ ရောက်လာသည်။ချစ်ပစ်မည် ကြိုးစားလိုက်တိုင်း အဝေးသို့တွန်းပို့ခံရပြန်၏။လီလီသည်
မည်မျှပင်ကြိုးစားပါစေ လီလီ့ကိုဆိုလျှင်
ကိုကိုမင်းခန့်ဈာန်သည် အပြစ်အနာအဆာတွေ
ပြည့်နှက်နေသည့်ငမိုက်သား အပြစ်လုပ်သူလိုမျိုးသာမြင်နေသည်။လီလီသည် အတိတ်ဘ၀မှာ
မင်းခန့်ဈာန်ဆိုသည့်ယောကျာ်းအပေါ်ကို
အပြစ်များစွာလုပ်ခဲ့ဖူးသည်လား။သို့မဟုတ်
ဒီဘ၀မှာ ချစ်မိတာကိုက လီလီအမှားဖြစ်နေသည်လား။အဖြေလည်းမရှိသလို မေးခွန်းတွေကိုလည်း ထပ်ပြီးမထုတ်ချင်တော့ပါ။ ဒီဘ၀၏
၀ဋ်ကြွေးများသည် လီလီ၏ အသက် ၁၉ နှစ်မှာတင်
အဆုံးသတ်ပစ်လိုက်ပါမည်။လူမှန်းသိတတ်စအရွယ်ကနေ ဖက်တွယ် ကပ်တွယ်လာရသဖြင့်
ကိုကိုမင်းခန့်ဈာန်မှတစ်ပါး တခြားသူဆိုတာမရှိ‌ခဲ့ပေ။အရင်ကလီလီမှာ မိန်းကလေးသူငယ်ချင်း
ယောကျာ်းလေးသူငယ်ချင်းများစွာရှိခဲ့ပေမဲ့လည်း ကိုကိုမင်းခန့်ဈာန်၏ "ကိုကိုနဲ့ပဲပေါင်း
ပေါက်စ သူငယ်ချင်းတွေကမကောင်းဘူး
မပေါင်းဘူး" ဟုပြောသဖြင့် ဘေးထွက်ခဲ့ရာမှ
လီလီသည် ဖယ်ကျဉ်ခံရသော မိန်းကလေးတစ်ဦးဖြစ်လာ၏။လီလီသည် များစွာအယုံအကြည်လွန်ကဲခဲ့ပြီး များစွာတစ်ဖက်ချစ်ခဲ့သော်လည်း
ပြန်စဉ်းစားကြည့်လျှင် တစ်ဖက်သူ၏
သတ်ခြင်းကိုခံရတဲ့လီလီက မသေရုံတမယ်
အသက်ရှူကာ အချစ်မှာ နစ်မြောရင်း
မေ့မြောခြင်း‌ပင်လယ်ထဲက မလွတ်မြောက်နိုင်ခြင်း။လီလီလုပ်သမျှအရာအားလုံးသည်
ကိုကိုမင်းခန့်ဈာန် ပြန်ချစ်ဖို့ ဖြစ်ခဲ့သော်လည်း
အဆုံးသတ်မှာ ဝေးရုံအပြင် နည်းနည်းလေးတောင် နီးစပ်ခွင့်မရှိခဲ့။ဒီလောက်ဆို
လုံလောက်ပြီမို့ အရာအားလုံးကို ဖျက်ချပစ်လိုက်မည်။အတိတ်ဆိုသည့်အရာသည် လွှတ်ချလိုက်လျှင် ပေါ့ပါးသွားသလို ဖျောက်ပစ်လိုက်လျှင်
လည်းပြန်ပေါ်လာတော့မည်မဟုတ်ပေ။

မင်း ဖြစ်နေလို့ကို မချစ်တာ (I don't love you because you are)Where stories live. Discover now