Surprise Day for Lily

148 6 4
                                    

Surprise Day for Lily

မင်းဖြစ်နေလို့ကိုမချစ်တာ (အပိုင်း၁၄)

မနေ့ညက ပျော်ရွှင်မှုတွေကို ပြန်တွေးရင်း
အိပ်ယာ၀င်နောက်ကျသွားသူကတော့ လီလီပင်။
တီမေနှင့်မမသံလွင်ကတော့ လီလီ့ကို
ကြည့်ပြီး ပါးစပ်တပြင်ပြင်နှင့် ဘာကိုပြောပြချင်နေလဲမသိ။မေးကြည့်ဖို့လုပ်လိုက်ပေမဲ့
ညဉ့်နက်နေသည်မို့ မနက်မှသာ မေးဖို့ပဲ
ဆုံးဖြတ်လိုက်သည်။

"တီမေ"

"ဝေ"

"တီမေ လီလီ့ကို ပြောစရာရှိလို့လား"

"ဟို... မရှိပါဘူး"

တီမေသည် ဒီနေ့လည်း မျက်နှာမကောင်းပေ။
ဘာတွေများဖုံးကွယ်ထားလဲဆိုတာ လီလီသိချင်မိသည်။ တီမေ့ကိုအတင်းမေးမရတော့လည်း
မမသံလွင်ကိုမေးရုံပေါ့။ တီမေ စာဖတ်နေတဲ့စာပွဲခုံဘေးနားကနေထလာပြီး မမသံလွင် အခန်းထဲသို့ သွားလိုက်သည်။

"မမသံလွင်"

"အင်း လီလီလေး"

"မမသံလွင်နဲ့တီမေ လီလီ့ကို တစ်ခုခုပြောစရာရှိနေတာလား"

"အင်..ဟင့်အင်း မရှိပါဘူး"

"သေချာလို့လား"

မမသံလွင်သည် ချက်ချင်းပင် ပိုက်ဆံအိတ်ကို
ကောက်ကိုင်ကာ အပြင်သွားဖို့ပြင်ဆင်တော့သည်။ ဒီနေ့မှထူးထူးဆန်းဆန်း
လီလီဘာပြောပြော မဖြေချင်၊မပြောချင် ဖြစ်နေရတာလဲ။

"မမသံလွင် အပြင်သွားဦးမယ် လီလီ
တီမေလည်းအတူတူပဲ အဲ့ဒါကြောင့်
ဒီနေ့အိမ်မှာ အိမ်စောင့်လုပ်ပေးဦးနော်"

"ဟုတ်ကဲ့ မမသံလွင်"

လီလီ ဒီနေ့တော့ တစ်ယောက်တည်းအထီးကျန်ရဦးမည်။ မမသံလွင်နှင့်တီမေ တို့နှစ်ယောက်အပြင်သွားတော့ လီလီ တစ်ယောက်တည်း
အိမ်မှာကျန်ခဲ့ရသည်။ တစ်ယောက်တည်းကျန်ခဲ့တာမို့လို့ TV ကြည့်ရင်း အချိန်ဖြုန်းလိုက်၏။
လီလီက ဖုန်းထဲမှာ ဇာတ်လမ်းတွဲ ကြည့်ရင်
မျက်လုံးညောင်းတတ်လို့ TV ကြည့်တာများသည်။ ညနေ 4နာရီထိုးတဲ့အထိ
ရောက်မလာသဖြင့် လီလီ ဧည့်ခန်းထဲတွင်
အိပ်ပျော်သွားသည်။

မင်း ဖြစ်နေလို့ကို မချစ်တာ (I don't love you because you are)Where stories live. Discover now