"ကျန့်ကျန့် ကျောင်းမှာစာလိုက်နိုင်ရဲ့လား ကျောင်းကိုအချိန်မှန်တက်နော် အတန်းချိန်တွေပြေးမနေနဲ့ ပါးပါး မင်းသတင်းတွေအကုန်ကြားတယ်နော်"
"ပါးကလဲ အဲ့ဒါ ကျန့်ကျန့်ကို မနာလိုအူတိုနေတဲ့သူတွေက ကျန့််ကျန့်မကောင်းကြောင်းကိုလျှောက်ပြောနေတာ ပါးပါး သူတို့ပြောတာ မယုံရဘူးနော်"
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာချစ်စဖွယ်ဆိုနေသောသားငယ်လေးကြောင့်ရှောင်းပါး ပြုံးလိုက်သည်
"ပါးလဲ မယုံချင်ပါဘူး ခက်တာက ကျန့်ကျန့်လေး ဆရာမကိုယ်တိုင်ဖုန်းဆက်ပြောတာဆိုတော့ မယုံလို့မရတော့ဘူး
ကျန့်ကျန့်ပြောသလိုဆို တီချယ်က ကျန့်ကျန့်အကြောင်းမဟုတ်တာတွေလျှောက်ပြောနေတယ်ပေါ့လေ ဒီကိစ္စသွားရှင်းရမယ်""အယ် ပါးပါးအဲ့လိုမဟုတ်..."
"ဘာမဟုတ်တာလဲ သူများရဲ့အဖိုးတန်သားလေးအကြောင်းတွေ လျှောက်ပြောနေတဲ့ဆရာမကို ကျောင်းအုပ်နဲ့ကိုတိုင်ရမယ်"
"အီးဟီး မတိုင်နဲ့လို့ ပါးပါး မဟုတ်ပါဘူးဆို အဲ့လိုဟုတ်ဘူးလို့"
"ဟားဟား ပါးပါးသိပါတယ်ကွာ ပါးပါးက စနေတာပါ"
"ဟွန့် သွား ပါးပါးကိုခေါ်တော့ဘူး"
ကျောင်းရှေ့ရောက်နေပြီမို့ သားတော်မောင်က နှုတ်ခမ်းတတောင်လောက်ဆူကာ ကောက်ချိတ်ပြီး ကားပေါ်ကဆင်းသွားလေရဲ့
"ကျန့်ကျန့် ပါး ဒီနေ့ နယ်ကိုအလုပ်ကိစ္စသွားရမှာမို့ သားကိုလာမကြိုနိုင်ဘူးနော် အတန်းမပြီးခင် လျှောက်မသွားရဘူးနော် ကြားလား"
"ဟီး ဟုတ်ကဲ့ပါခင်ဗျ"
ခုနကထိဆူပုတ်နေတဲ့မျက်နှာကနေ ချက်ချင်းပြုံးရွင်သွားလေရဲ့
ဟင်း ဒီကလေးစကားနားထောင်မဲ့ပုံလဲမပေါ်ပါဘူး🎼🎼🎼
"ဟဲလို"
"..."
"နိဟောင်Mr.Wang"
"..."
"ဪ projectကိစ္စလား စိတ်မရှိပါနဲ့Mr.Wang ကျွန်တော် ဒီနေ့နယ်ကိုခရီးသွားစရာရှိလို့အခုလာနိုင်မယ်မထင်ဘူး"