"ဧည့်သည် ဘာအလိုရှိပါသလဲ"
"Black coffeeတခွက်ပေးပါ ခင်ဗျ
တခြားဘာမှမထည့်ဘူးနော်
Black coffeeသက်သက်ပဲပေးပါ"YiBo ကော်ဖီထိုင်သောက်နေရင်း ကောင်တာဘက်ကအသံလေးကြောင့် လှည့်ကြည့်လိုက်မိသည်
ဘာရယ်မဟုတ် သူသောက်နေတာကလဲ
ထိုသူမှာတာနှင့်တထပ်တည်းတူသည့် Black coffeeတခွက်မို့ဒီလိုကော်ဖီခါးခါးကို သူနှင့်အကြိုက်တူသည့်သူအား ကြည့်ချင်မိလို့ပင်
ဒီနေ့မှ coffeeဆိုင်လေးမှာ လူတွေအုံနေတဲ့အပြင်
YiBoရှိနေရာဝိုင်းကိုကျောပေးထားပြီး ကော်ဖီဖျော်သောနေရာဘက်ကိုသာ အာရုံစိုက်နေသောထိုလူသားကြောင့် မျက်နှာကိုတော့မမြင်ရ"မြန်မြန်လေးလုပ်ပေးပါလားဗျာ"
အလျင်လိုနေပုံရပေမဲ့ စိတ်မရှည်ခြင်း ဒေါသထွက်ခြင်းအလျင်းမပါပဲ ကလေးငယ်တယောက်က မုန့်တခုတောင်းနေသလို ဂျီနေသည့်အသံလေးပင်
ပေါ့ပေါ့ပါးပါး T-shirtမိုးပြာရောင်လေးဝတ်ထားတဲ့ထိုလူသားရဲ့ဘယ်ဘတ်လက်မှာပတ်ထားတဲ့ လက်ပတ်လေးအရ သူတို့ကျောင်းကဆိုတာကိုတော့ YiBoသိလို့ရပြီမို့ ပြုံးမိပြန်သည်
Uniကျောင်းသားတယောက်က ဒီလိုကလေးဆန်တက်သေးတယ်လား"ဘယ်လိုလေးလဲကွာ"
"အစ်ကိုကြီး!"
ကောင်တာရှေ့မှာခုန်ဆွခုန်ဆွလုပ်ရင်း ကော်ဖီဖျော်နေတဲ့ အစ်ကိုတယောက်ကို ဆူဆောင့်ဆောင့်ခေါ်သံသေးသေးလေးက အသည်းယားစရာ
"ကဲ ဒီမှာ Xiaoရဲ့Black coffeeရပါပြီခင်ဗျ"
"အဟီး ကျေးဇူးဗျ"
လိုချင်တာရသွားတော့ ပိုက်ဆံရှင်းပြီး ဆိုင်အပြင်ကိုပြေးထွက်သွားတဲ့သူလေးကို မျက်နှာမမြင်လိုက်ရ
မျက်နှာလေးကိုမမြင်ရလို့သာ
မြင်သာမြင်ရရင် ကလေးတယောက်လိုပြုံးရွင်နေဦးမှာလို့ သူတွေးမိသည်Xiaoတဲ့
Black coffeeကြိုက်တဲ့Xiao💛💛💛