"ဟင့် ဦး"
"မင်း မငိုနဲ့ တိတ်တော့"
"ကျွန်တော် ကြောက်တယ် ဦး အခု ကျွန်တော့်မှာဘယ်သူမှမရှိတော့ဘူး"
"ကိုယ် ရှိတယ်"
သူ့စကားကြောင့် ကလေးက ရင်ခွင်ထဲက ထွက်လို့ မော့ကြည့်လာတယ်
"ဦး ရှိမယ်လား"
"အင်း"
"ဟင့်"
ငိုယိုနေတဲ့ကောင်လေးကို ရိပေါ် တချက်ကြည့်လိုက်သည်
"မင်း ကိုယ့်နောက်လိုက်ခဲ့မလား"
"ဟုတ် ကျွန်တော် ဒီမှာ မနေချင်ဘူး"
ကောင်လေးက ပြောရင်း ရိပေါ် ရင်ခွင်ထဲ တိုးဝင်လာတော့
ရိပေါ် အလိုက်သင့်ဖက်ထားပေးမိတယ်ရိပေါ်အခန်းရဲ့အလယ် စားပွဲပေါ်မှာရှိတဲ့ ဓာတ်ပုံကို တချက်ကြည့်လိုက်တယ်
ထိုဓာတ်ပုံထဲက အမျိုးသမီးကတော့ ဒီနေ့ပဲ လူ့လောကထဲကထွက်ခွာသွားခဲ့ပြီငါ ကလေးကို ပျော်ရွင်အောင်ထားမယ်
မင်းစောင့်ကြည့်နေပါ💛
တလခန့်ကြာသော်
"သခင်လေးက အမြဲ ဒီပုံကိုပဲကြည့်နေတာပဲနော်"
ကုတင်ခေါင်းရင်းမှာ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံကိုကြည့်နေတဲ့ ရှောင်းကျန့်ကိုသန့်ရှင်းရေးလုပ်နေတဲ့ အစ်ကိုNikeမှ လှမ်းပြောလိုက်ခြင်းပင်
ထိုအခါမှ ရှောင်းကျန့် ဓာတ်ပုံမှမျက်လုံးလွှဲလိုက်ရင်း"ဟို ဓာတ်ပုံထဲ ကျွန်တော်က အရမ်းချောနေလို့ပါ"
"ဟုတ်ရဲ့လား သခင်လေးရယ် ကျွန်တော့်မျက်လုံးထဲတော့ သခင်လေးက သခင်လေးအမျိုးသားကိုပဲစိုက်ကြည့်နေသလားလို့"
"အစ်ကိုNikeနော် မဟုတ်တာတွေ"
ရှောင်းကျန့် အစ်ကို့ကို ဆူပုတ်ပုတ် ပြန်ချေပရင်း အခန်းထဲကပြေးထွက်လာသည်