"ရှောင်းကျန့် Please"
"မရဘူး ဖေးမင် လုံးဝပဲ "
"လာပါကွာ မင်းကလဲ ဒီနေ့ အတန်းက ရုတ်တရတ်ကြီးပိတ်ချလိုက်တော့ ငါထွက်ပေါက်ပိတ်နေလို့ကွ
ခုတလော ငါခဏခဏထွက်နေတော့ ဒီနေ့အကြောင်းကိစ္စမရှိရင်မထွက်ရတဲ့လေ""အဲ့တော့ ငါက အကြောင်းကိစ္စကြီးပေါ့လေ"
"ကူညီပါ သူငယ်ချင်းရာ"
"No No No"
"မင်းကလဲကွာ မင်းကျတော့ ရည်းစားထားပြီး ငါကျမထားရဘူးလားပြော
ငါ့ကို အဲ့လောက်တောင်နှမြောနေတာလား"ရှောင်းကျန့်ရဲ့ချောမောခန်ညားလွန်းလို့ မျက်နှာလေးဟာ ဖေးမင်ရဲ့စကားကြောင့် မဲ့ရွဲ့သွားရတယ်
"မင်းကိုများငါက နှမြောရမယ် မင်းငါ့နားရှိနေရင် ငါပါစန်းကျလို့ ကန်ထုတ်ချင်နေတာ"
"ဒါဆို မင်းက ဘာလို့တားနေရတာလဲ"
"ဟိုကလေးကိုသနားလို့ပေါ့ မင်းကွာ အသက်မပြည့်သေးတဲ့ နုနုနယ်နယ် ကလေးတယောက်ကို မင်းလို အိုကြီးအိုမကြီးကများ ကြံရတယ်လို့
ဟိုကောင်လေးကလဲ မျက်လုံးများမှုန်နေ... မဟုတ်ဘူး မှုန်ရုံမဟုတ်ဘူး မင်းကိုပြန်ကြိုက်တယ်ဆိုတော့ သူ ကန်းနေတာဖြစ်မယ်"ဖေးမင် ရှောင်းကျန့်စကားကြောင့် မှန်ထဲ သူကိုယ်သူပြန်ကြည့်လိုက်မိတယ်
ငါအဲ့လောက်တောင်အခြေအနေဆိုးနေလို့လား
မဟုတ်ပါဘူး မှန်ထဲမှာတော့ နတ်သားလေးတပါးကိုပဲမြင်နေရတယ်"မင်း လွန်နေပြီနော် ရှောင်းကျန့် ငါ့အသက်က 20ကို ပါးပါးလေးပဲစွန်းသေးတာ
မင်းပြောပုံက မသိရင် ငါကပဲ အသက်60အဖိုးကြီးကျလို့""မင်းကအသက်ပြည့်လို့ထားပါတော့ ဟို အသက်မပြည့်တဲ့ကလေးကျတော့ရော"
"ဒီမှာ ရှောင်းကျန့် အချစ်မှာ အသက်အရွယ်ကွာခြားချက်မရှိဘူးကွ
ပြီးတော့ ဘေဘီက အသက်ပြည့်ဖို့ တနှစ်ပဲလိုတော့တာကို"