"ငါနောင်တရပါပြီ နောက်ဆို ငါ ဘယ်သောအခါမှ အတွဲတွေကြားမစနောက်တော့ပါဘူးလို့"
အမွေစိန်မရဲ့နောင်တ တသီတတန်းကြီးဟာ ဒီကစခဲ့တာဖြစ်သည်
"ကျင်းလင်!"
တအိမ်လုံးတုန်ခါသွားလောက်တဲ့အသံလှိုင်းကြောင့် ကျင်းလင်လက်ထဲက
ဂိမ်းစက်လေးတောင် လန့်ဖျန့်ပြီးလွှတ်ချလိုက်မိသည်အူးဝါး မားမားဝယ်ပေးထားတာ တပတ်တောင်မပြည့်သေးဘူး ပျက်စီးသွားပြီ
နေပါဦး အဲ့ဒါကအရေးမကြီးပါဘူး
ခုနကကြားလိုက်ရတာ လေးလေးအသံမဟုတ်လား"သေစမ်း လေးလေး ဘာတွေလာကွိုင်ဦးမလဲမသိဘူး"
ကျင်းလင် ကုတင်ပေါ်ပြေးတက်ကာ စောင်ခေါင်းမြီးချုံပြီးပုန်းနေလိုက်သည်
ဟင့်အင်း ဒါလဲ လွတ်မှာမဟုတ်ဘူး
ဘာလုပ်ရမလဲ
ရေချိုးခန်းထဲပဲဝင်ပြေးရမလား
ဝရံတာကပဲ ခုန်ဆင်းရမလား
ကွမ်ရင်မယ်တော်ရေ သားကိုကယ်ပါဒုန်း
"ကျင်းလင်!"
အခန်းတံခါးကိုဒုန်းခနဲမြည်အောင် တွန်းဖွင့်လိုက်ပြီး အခန်းရှေ့မှာ ကြက်မွှေးတချောင်းနဲ့ မတ်တပ်ရပ်နေတဲ့လေးလေး
"ဟီး လေးလေးရှောင်း"
အမလေး လေးလေးရှောင်းအနီးတဝိုက်မှာ ဒေါသမိုးတိမ်တွေမဲမှောင်လို့နေပါလား
ဒါဆိုရင်တော့ တော်ရုံတန်ရုံပြသာနာမဖြစ်နိုင်ဘူးလေးလေးက ဘာမှမပြောပဲ ကြက်မွှေးကိုလွှဲကာ သူဆီပြေးလာတော့သည်
"အား လေးလေးရှောင်း လေးလေးရှောင်း မှားမယ်နော်"
"ငါ့စကားနားမထောင်တဲ့ကောင် မင်းကို ဒီနေ့တကယ်ဆုံးမရမယ်"
"အား မားမားရေ လေးလေးရှောင်းသားကိုအနိုင်ကျင့်နေတယ်"
ကျင်းလင် အခန်းထဲလှည့်ပတ်ပြေးရတာ အားမရလို့ အိမ်အောက်ထပ်ဆင်းပြေးကာ ခြံထဲကိုပြေးထွက်လာသည်
"အားးး"
ခြံထဲအရောက်မှာ တဖက်ခြံကိုလှမ်းကြည့်လိုက်တော့လဲ
ခုမှအိပ်ယာနှိုးကာစကြွက်သိုက်ဆံပင်ကေနဲ့ကိုးရို့ကားယားခြံထဲပြေးဆင်းလာတဲ့ အားယွမ်ကိုတွေ့လိုက်ရသည်