Love makes a person Tender(Uni)

316 26 3
                                    

"ကျွန်တော်မျိုးတို့ပြန်လည်တိုက်ခိုက်ဖို့ပြင်ဆင်ထားသင့်ပါတယ် မင်းကြီး"

"အမတ်ကြီးလျို ဒါက ရူးမိုက်ရာကျမဲ့ကိစ္စပါပဲ ဝမ်ဧကရာဇ်ကို ကျွန်တော်မျိုးတို့က တိုက်ခိုက်ဖို့မဆိုနဲ့ ခုခံဖို့တောင် မဖြစ်နိုင်ပါဘူး မင်းကြီး ဝမ်ဧကရာဇ် ကြွချီလာရင် ဧကရာဇ်နဲ့မဟာမိတ်ဖွဲ့နိုင်ဖို့ကြိုးစားရပါမယ်"

"မဖြစ်နိုင်ပါဘူး ဝမ်ဧကရာဇ်မျက်စိကျတဲ့တိုင်းပြည်တိုင်း သိမ်းပိုက်ခံတာချည်းပါပဲ ဝမ်ဧကရာဇ်က ရှောင်တိုင်းပြည်ကို လာရောက်လည်ပတ်မယ်ဆိုတည်းက ဒါ ဘာသဘောလဲဆိုတာ ထင်ရှားနေတာပဲ မင်းကြီး ကျွန်တော်မျိုးတို့ တပ်ဖွဲ့ကိုအသင့်ပြင်ထားသင့်ပါတယ်"

"အားလုံးတော်ကြတော့ မနက်ဖြန် ဧကရာဇ်ရောက်လာတော့မယ် ဧကရာဇ်က ဘယ်လိုအကြံအစည်မျိုးနဲ့ရောက်လာမလဲ မပြောတက်ပေမဲ့ အမတ်ကြီးလျိုပြောသလိုတော့ ကိုယ်တော် မလုပ်နိုင်ဘူး ဘာကြောင့်လဲဆိုတော့ ကိုယ်တော်တို့ဟာ တိုင်းပြည်ကို လာတဲ့ဧည့်သည်ကို ဒီလိုမကြိုဆိုနိုင်ဘူး
ကိုယ်တော်တို့ ဧည့်ဝတ်အကောင်းဆုံး ကျေပွန်ကြရမယ်"

ရှောင်မင်းကြီးစကားအဆုံး ညီလာခံဟာ တိတ်ဆိတ်ငြိမ်သပ်သွားသော်လည်း အားလုံးရဲ့စိတ်ထဲမှာတော့ မနက်ဖြန်အတွက် ရင်လေးနေကြမှာ အမှန်ပင်

💚❤️

ရှီးဟူရေကန်

"ရေး ကောကောရောက်လာပြီ"

ရေကန်စပ် အနီးအနား ဆော့ကစားနေတဲ့ ကလေးတသိုက်ဟာ ‌သူတို့နားရောက်လာတဲ့သူကြောင့် ပျော်ရွင်စွာ အော်ဟစ်လိုက်ကြသည်

"ကောကော ဒီနေ့လဲ သားတို့ကို အဲ့ဒါကြီးတီးပြပါနော်"

ကြည့်လိုက်တာနဲ့ နွမ်းပါးမှန်းသိသာနိုင်တဲ့ ကလေးတသိုက်ဟာ ထိုလူသားခြေထောက်ကိုဖက်တွယ်ရင်းပြောလာခဲ့သည်

"ဟေ့ ကလေးတွေ မင်းတို့ဖယ်စမ်း"

"အားလုံ"

For My LuckyWhere stories live. Discover now