'မသွားပါနဲ့ Kai '
Soo Kai ကို နောက်ကနေ ဖက်လိုက်သည်။
'မသွားပါနဲ့ Kai ရယ် Soo ကို ထားမသွားပါနဲ့ '
'Soo ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်သွားပါရစေ '
'ဟင့်အင်း ဟင့်အင်း '
'ဒီလိုမလုပ်ပါနဲ့ ကျွန်တော်လို ဘာမှ တန်ဖိုးမရှိတဲ့ လူအတွက် စိတ်ပင်ပန်းမခံပါနဲ့ ပြီးတော့ Soo ပါစပ်က ပြောတဲ့ စကားတွေထက် Soo ရေးထားတဲ့ စာတွေက ပိုပြီး ထိရောက်မှု ရှိပါတယ် Soo ကျွန်တော်ကို မုန်းတယ်ဆို ဟုတ်ပါတယ် မုန်းပါ ကျွန်တော်က Soo မုန်းသင်တဲ့ လူတစ်ယောက်ပါ ကျွန်တော် ကြောင့် Soo အမြဲ စိတ်ဆင်းရဲနေရလို့ စိတ်မကောင်းပါဘူး ကျွန်တော် သွားပါရစေ ကျွန်တော်ကို သွားခွင့်ပြုပါ '
သူ ပြောပြီး ချာခနဲ လှည့်ပြီး ခြေလှမ်း တစ် နှစ် သုံး လှမ်းပဲ လှမ်းရသေးတယ် နောက်က သူမ ပြောလိုက်တဲ့ စကားကြောင့် သူ့ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားပြီး သူမဘက်ကို မျက်နှာ မူလိုက်တယ်။
သူမပြောလိုက်တဲ့ စကားက
'Soo Kai ကို ချစ်တယ် 'တဲ့
သူ သူမဆီကို သွားပြီး သူမကို ညင်သာစွာ ထွေးပွေ့လိုက်သည်။သူ ပါးစပ်မှလဲ Soo Mianne ဆိုပြီး ရွတ်နေပါသည်။
သူမ ဘယ်လောက်င်ုနေသလဲ ဆိုရင် ခဏ အတွင်းမှာပဲ သူရင်ဘတ်က အကျီင်္ မျက်ရည်တွေ ရွှဲသွားသည်။
'တိတ်ပါတော့ Soo ရယ် ကိုယ် တောင်ပန်ပါတယ် '
သူ ပြောပြီး သူမ မျက်နှာလေးကို ဆွဲမော့လိုက်ကာ မျက်ရည်တွေ သုတ်ပေးလိုက်သည်။
'Saranghae Soo ပြီးတော့ နောက်ကျမှ ပြောတဲ့ အတွက် Mianne ပြီးတော့ ကိုယ်လိုလူကို ချစ်ပေးလို့ Gomawo '
Soo အချိုသာဆုံး ပြုံးပြီးတော့ သူကို ကြည်လိုက်သည်။သူမကို ပြုံးပြနေတဲ့ သူမ ချစ်သူလေး Kim Kai ။
ဘာတွေ ဖြစ်ဖြစ် Soo သူ့ကို ချစ်သည်။
############
Next morning
'ဟဲ့ Soo သော့ကြီး တယမ်းယမ်းနဲ့ ဘယ်သွားမလို့လဲ '
Soo တီလေးကို ပြုံးပြပြီး
'Kai ဆီလေ '
'ဟင် Kai အခန်းတံခါးကို သော့ခေတ်ထားခဲ့တာလား '