Episode 10

4.1K 378 3
                                    

ဒီနေ့ တီလေး သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့သွားရမယ်တဲ့။Kai ရယ် Baek ရယ Yeol ရယ်။Soo ကတော့ မလိုက်တော့ဘူး။

'Kai ရေ Kai '

ခြံထဲမှာ ရှိတဲ့ သူ့ကို အော်ခေါ်လိုက်သည်။

'ဘာလဲ Soo '

'ဒီနေ့ တီလေးနဲ့ မွေးနေ့ပွဲသွားရမှာလေ ဘာဝတ်မှာလဲ '

'ဟာ Soo ကလဲ ပုံမှန်ပဲ ဝတ်မှာပေါ့ '

'ပုံမှန်တော့ ဝတ်လို့မရဘူးနော် Kai ငါ့ကို မျက်နှာပျက်အောင် မလုပ်နဲ့ အဲ့ပွဲမှာ ငါ့သူငယ်ချင်းတွေ အများကြီး '

Baek ရောက်လာပြီး ဝင်ပြောလိုက်သည်။

'ဟုတ်ကဲ့ တီလေး '

'ဒါဆို ဒီလိုလုပ်လေ Kai ရဲ့ ဟိုနေက Soo ဝယ်ပေးထားတဲ့ အကျီင်္လေးကို Style Pan လေး တွဲဝတ်လိုက် '

'အင်း ဒါဆို Soo ပြောတဲ့ အတိုင်း ဝတ်မယ် ဘယ်အချိန်သွားမှာလဲ တီလေး '

'ညနေ 4 နာရီလောက်ပေါ့ စောစောလုပ်နော် yeol ကို ဝင်ခေါ်ရဦးမှာ '

'nae တီလေး '

#########

'Soo ရေ တီလေးတို့သွားတော့မယ်နော် အိမ်တံခါးတွေ သေချာပိတ်ထားဦး အိမ်ပြန်ရောက်ခါနီးမှ ဖုန်းဆက်လိုက်မယ် '

'ဟုတ်ကဲ့ပါ တီလေးရယ် သွားစရာရှိတာ သွားပါ Soo ကို စိတ်မပူပါနဲ့ ကောင်းကောင်းပျော်ခဲ့နော် တီလေး Kai ရောပဲ '

'အင်း ဒါဆို သွားပြီနော် Soo '

သူတို့ ထွက်ခဲ့ကြသည်။Yeol noona ကို ဝင်ခေါ်ပြီး သွားကြသည်။ဟိုရောက်တော့ လူတောင် စုံနေပြီလေ။

Baek သူမ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်တော့ Kai လဲ Baek အနား တစ်ကပ်ကပ်နဲ့ပေါ့။တချို့သူငယ်ချင်းတွေက Baek ကို စွံ့တော့မှာလား မေးကြတော့

'မဟုတ်ပါဘူးဟာ ဒါ ငါ့ တူလေးပါ '

'မသိပါဘူးဟာ နင်ဟာလေး မှတ်နေတာပေါဟ'

Baek သူငယ်ချင်းတွေကို နှုတ်ဆက်ရင်းနဲ့ တစ်နေရာ အရောက် ကလေးမလေး တစ်ယောက်က

'ဟယ် ဒီက အစ်ကိုက Exodus Company က MD မလား '

'ဟင် '

Baek ကြားလိုက်ရတာ ဘာလဲ။Kai ကဘာလို့ ....

I love you,but....Where stories live. Discover now