Soo ကြည့်လိုက်တော့
'ဟင် '
Kim Jongdae ဆိုပါလား
'ဟုတ်တယ် Kim Jongdae ဆိုတာ ငါအရမ်းချစ်ရတဲ့ ငါ့ညီလေး မင်းကြောင့် သေသွားတဲ့သူ ငါ့ညီလေး '
'မဟုတ်ဘူး Kai မဟုတ်ဘူး '
'ဘာမဟုတ်တာလဲ မင်းကို တမ်းတမ်းစွဲပြီး နောက်ဆုံးထွက်သက်အချိန်မှာတောင် မင်းကိုပဲ တမ်းတနေတဲ့ ငါ့ညီလေးကို မင်းရက်စက်တာ တစ်ချက်လေးတောင် လာမကြည့်ခဲ့ဘူး ငါ့ညီလေးခမျာ နောက်ဆုံးအချိန်မှာတောင် သူ့ချစ်တဲ့သူ မျက်နှာလေးတောင် မမြင်သွားလိုက်ရ ဘူး မင်းလို မာယာများတဲ့မိန်းမ မင်းလို ရက်စက်တဲ့ မိန်းမ ဒီလောကမှာ ရှိမှာမဟုတ်ဘူး '
'မဟုတ်ဘူး Kai မဟုတ်ဘူး Kai ထင်ထားသလိုမဟုတ်ဘူး '
Soo ပြောရင်း ရင်ဘတ်တွေ အောင့်လာသည်။
'မင်းလဲ ငါ့ညီလေးလို မင်းချစ်တဲ့ငါ့ကို မင်းရဲ့နောက်ဆုံး အချိန်မှာ မမြင်စေရဘူး Do Kyungsoo '
Kai ပြောပြီး လှည့်ထွက်ခဲ့သည်။Taxi ငှားပြီး ပြန်လာခဲ့သည်။သူ ဘာကြောင့် မျက်ရည်တွေ ကျနေတာလဲ ပြီးတော့ ရင်ဘတ်ထဲကလဲ အောင့်တယ်။
ဟုတ်တယ် Soo ဒီပွဲမှာ ငါနိုင်တယ်လို့ ထင်ခဲ့ပေမဲ့ တကယ်က ငါရှုံးခဲ့တာ။ကိုယ်ပစ်ခဲ့တဲ့ မြှားက ကိုယ်ကို ပြန်စိုက်တာမျိုး။
မင်းနိုင်ပါတယ် Do Kyungsoo။ငါ့မှာတော့ မင်းကို ချစ်တဲ့စိတ်နဲ့ ငါ့ညီလေးအပေါ် သစ္စာဖောက်မိပြီ။
ညီရယ် Hyung ကို ခွင့်လွှတ်ပါကွာ Hyung လေ ညီချစ်တဲ့ Do Kyungsoo ကို ညီအတွက် လက်စားချေခဲ့ပေမဲ့ Hyung သု့ကို အရမ်းချစ်နေမိပြီ။
Taxi လေးက Workshop တစ်ခုရှေ့မှာ ရပ်သွားသည်။
သူ Taxi ပေါ်က ဆင်းတော့ ဆိုင်ထဲမှ လူတစ်ယောက် ထွက်လာပြီး သူ့ကို တွဲတော့
'Hyung ကျွန်တော် သူ့ကို ထားခဲ့ပြီ ဒါပေမဲ့ ဒါပေမဲ့ '
'ငါပြောသားပဲ Kai ရာ မင်းစိတ်ကို မနိုင်ရင် မလုပ်ပါနဲ့ဆိုတာ ခုတော့ မင်ပဲ နာတာပဲမလား '
သူ ခြောက်ကပ်ကပ် ပြုံးလိုက်ပြီး
'ဟုတ်တယ် Hyung သူတို့အိမ်ကို ဖုန်းဆက်ပေးဦး သူ့ကို အဲ့မှာထားခဲ့ပြီလို့ '