Kim Jongdae
အသက်-22
(14.9.2011) နေ့တွင် ကွယ်လွန်သည်။
အုတ်ဂူ အပြာလေးပေါ်မှာရေးထားတဲ့ စာတန်းကို ဖတ်ပြီး သူ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။တကယ်ဆို 22နှစ်ဆိုတဲ့အရွယ် လောကကြီးမှာ ပျော်ပျော်နေရမယ့် အရွယ်။အခုတော့ ဒီအရွယ်လေးက အုတ်ဂူထဲမှာ ဝိညာဉ်မဲ့ ထာဝရလဲလျောင်းနေရပြီ။ဒါတွေ အကုန်လုံး မင်းကြောင့်ပဲ Do Kyung Soo။မင်းနဲ့သာ မတွေ့ခဲ့ရင် ငါ့ညီလေး ဘာမှဖြစ်မှာမဟုတ်ဘူး။
ညီလေးခမျာ သူမကို ဘယ်လောက်ချစ်လဲ ဆိုရင် သူရဲ့ နောက်ဆုံး အချိန်မှာတောင် ပြောသွားတာ 'မ'တဲ့။သူရင်နာလိုက်တာ။
ထိုအချိန်တွင် မိုးများ တဖွားဖွားရွာလာသည်။မိုးရေစက်များနှင့်အတူ သူမျက်ဝန်းများ မျက်ရည်များ ပါးပြင်ပေါ်သို့ နွေးခနဲ လိမ့်ဆင်းသွာသည်။သူ မျက်ရည်များကို သုတ်လိုက်ရင်း ထရပ်လိုက်ကာ
Kai@ညီ သိပ်မကြာခင်မှာ ညီ ခံစားခဲ့ရသလ ဝေဒနာမျိုး Do Kyung Soo ခံစားစေရမယ် ညီ hyung ကို စောင့်ကြည့်ပေးပါ ညီအစား hyung လက်စားချေပေးမယ် ညီကို hyung ကတိပေးတယ်
သူ ညီ အုတ်ဂူကနေ ထွက်ခဲ့သည်။
©©©©©©©©©©©©©©©©©©©©©
XoXo Super Market
ဆိုင်းဘုတ်ကို တစ်ချက်မော့ကြည့်ပြီး အထဲကိုဝင်ခဲ့သည်။အထဲကို ရောက်တော့ မြေညီထပ်မှာ လူ့အသုံးအဆောင်နှင့် လူသုံးကုန်ပစ္စည်း ပြီးတော့ အစားအသောက်တွေ စုံလင်အောင်ရှိသည်။
သူ ဒုတိယထပ်ကို တက်ခဲ့သည်။ဒုတိယထပ်မှာတော့ အဝတ်အစား မိန်မဝတ် ယောကျာ်းဝတ် ကလေးဝတ် အစုံအလင်ရှိသည်။
တတိယထပ် ရောက်တော့ ဓာတ်လှေကားအဝမှာပင် လုံခြုံရေး ဦးလေးကြီးက @ဒီထဲကို ပြင်ပလူတွေ ဝင်လို့မရပါဘူး လူငယ်လေး
Kai@ဟုတ်ကဲ ကျွန်တော် သူဌေး Do Kyung Soo နဲ့ တွေ့ဖို့လာတာပါ
@ဟုတ်ကဲ့ ဒါဆို သူဌေး ရုံးခန်းက ဒီဘက်မှာပါ
ထို ဦးလေးကြီးက ဓာတ်လှေကား၏ဘယ်ဘက်ကို လမ်းညွှန်ပြလိုက်သည်။သူလဲ အဲ့ဘက်ကို သွားလိုက်သည်။