I love you,but....

4.8K 375 0
                                    

Episode 3

Soo တွေးနေရင်း မျက်ရည်တွေပါ ကျလာသည်။ထိုအချိန်တွင် အတွင်းရေးမှုးကောင်မလေးဝင်လာပြီး

@  မမ ဒီနေ့ .....

သူမပြောရင်း မမကို ကြည့်လိုက်တော့ ငိုနေသည်။

@ဟင် မမ ငိုနေတယ် ဘာလို့လဲ ဟင် ဟိုကောင်လေး ကြောင့်လား မငိုပါနဲ့ မမရယ် သူဟာသူဖြစ်သွားတာပါ မမလုပ်တာမှ မဟုတ်တာ ဖြစ်တာလဲ တော်တော် ကြာနေပြီပဲ မမ မေ့လို့ မရသေးဘူးလား

@အင်း ရပါတယ် မမနားချင်လို့   ဒီနေ့ လက်မှတ်ထိုးမယ့်ဟာတွေ နေ့လည်မှပဲ ထိုးတော့မယ် ကျန်တာတွေတော့ ကိုယ့်ဟာကို ကြည့်လိုက်လုပ်တော့နော်

@nae မမ

©©©©©©©©©©©©©©©©©©©©©

ဒီလိုနဲ့ သူ သူမတို့ဆီမှာ နေတာ 1လ နီးပါးရှိနေပြီလေ။သူတို့နဲ့ နေကြည့်မှ သူတို့က အဆင့်အတန်း ခွဲခြားမှုမရှိဘူး ဆိုတာ သိရတယ်။Company မှာဆို နေ့လည်စာကို သူမက သူ့နဲ့အတူ အမြဲစားတယ်လေ။သူမလာရင်တောင် သူ့ကို ခေါ်ခိုင်းပြီး လာစားခိုင်းတာလေ။သူမလဲ သူ့ကို သံယောဇဉ် တွယ်လာပြီထင်ပါတယ်။သူလဲ ဒီမိသားစုကို ခင်မင်မိတာတော့ အမှန်ပါ။

ဒီ 1လ အတွင်းတော့ သူlesson တွေ မစရသေးဘူးလေ။ဒီနေ့တော့ ပိတ်ရက်မို့ အိမ်မှာ တီလေးက ကျောက်ကျော လုပ်ကျွေးမယ်တဲ့။Ajishi ကို နောက်ဖေးက အုန်းပင်က အုန်းသီး ခူးခိုင်းနေသည်။သူကတော့ အိမ်ရှေ့က နှင်းဆီပန်းခင်းထဲမှာ ပန်းပင်တွေကို သန့်ရှင်းနေသည်။သူမကတော့ သူဘေးမှာ စကားလာပြောလိုက် မီးဖိုချောင်ထဲက တီလေးဘေးမှာ စကားပြောလိုက်နှင့်ပေါ့။

တကယ်ဆို ဒီအခြေအနေလေးက လိုချင်စရာပါ။သူသာ သူလာရင်း အကြောင်းကိစ္စမရှိရင် ဒီဘဝလေးကို လိုချင်မိတာ အမှန်ပါ။ဒါပေမဲ့ .....

သူတွေးနေတုန်း နောက်ဖေးက ယုယု အော်သံကို ကြားလိုက်သည်။သူပြေးသွားတုန်း အိမ်ထဲကပါ သုမ ထွက်လာပြီး သွားကြည့်သည်။ကြည့်လိုက်တော့ ယုယု ခြေထောက်ပေါ်ကို အုန်းသီး ပြုတ်ကျတာ။ခြေထောက် ကြည့်လိုက်တော့ သွေးခြေဥနေတာ။

Kai @ဘယ်လိုဖြစ်တာလဲ ယုယုရယ်

ယုယုကတော့ ငိုနေသည်။ငိုရင်းပြောနေသည်။

I love you,but....Where stories live. Discover now