Next morning
သူတို့ နှင်းဆီခင်းထဲမှာ ရှင်းနေသည်။သူမက ဒန်းပေါ်မှာ ထိုင်နေသည်။ဒီနေ့ သူမ အလုပ်မသွားဘူးလေ။ သူမ ကြည့်ရတာ ဒီနေ့ ပျော်နေပုံပေါ်သည်။ပြီးတော့ သုမ ဒီနေ့ အရမ်းလှနေတယ်။ဂါဝန်အစိမ်းနုလေး ဝတ်ထားတော့ ကလေးဆန်စွာ လှနေသည်။ပြီးတော့ Ajushi ကို လှမ်းပြီး ဟိုအိုးလေးရွေ့ပေးပါ ဒီအိုးလေး ရွေ့ပေးပါနဲ့ အော်ပြောနေသည်။
ပြီးတော့ သူ့ကိုလဲ ဒီနေ့ ဘုရားပန်းတင်မှာမို့ နှင်းဆီပန်းခူးပေးပါလို့ အော်ပြောသည်။
သူပန်းခုးနေတုန်း သူမအော်သံကြားလိုက်သည်။
'အား '
သူ အသံကြားကြားချင်း သူမနားကို ပြေးသွားကြည့်တော့ သူမ က တစ်စုံတစ်ခုကို လက်ညိုးထိုးနေသည်။သူကြည့်လိုက်တော့ မြက်လျောမြွေတစ်ကောင်။
သူ သူမကို ပြန်ကြည့်လိုက်တော့ သူမ သတိမေ့နေ့ပြီ။
'Soo Soo သတိထားလေ '
သူ သူမကို လှုပ်ခေါ်တာ မရလို့ ပွေ့ပြီး အိမ်ထဲကို ခေါ် သွားပြီး တီလေး ကို Yeol noona ကို ခေါ်ပေးပါလို့ ပြောလိုက်သည်။
ခဏကြာတော့ yeol ရောက်လာသည်။yeol ကြည့်လိုက်တော့
'လန့်ပြီး သတိမေ့သွားတာပါ နောက်ဆို သတိထားပေါ့ ဒါနဲ့ ဘာလုပ်လိုက်လို့ လန့်သွားတာလဲ Kai မင်း တစ်ခုခု ပြောလိုက်တာလား '
Kai လန့်သွားသည်။ တီလေး ရှေ့မှာလေ။
'ဟာ noona ကလဲ ဘာမှ မပြောပါဘူး '
'ဒါဆို ဘာလို့ သတိလစ်သွားတာလဲ '
'မြွေမြင်တော့ လန့်သွားတာပါyeol ရယ် အဲ့ Kai တစ်ယောက်ကလဲ ရှင်းရှင်းမပြောဘူး '
Baek Kai ကို မျက်စောင်းထိုးလိုက်သည်။
'အင်း အင်း '
သူမ သတိရလာပြီ။
'Soo Soo ကျွန်တော်ခေါ်တာကြားလား '
'အင်း Kai '
'ဟုတ်တယ် ကျွန်တော်ပါ '
'တီလေးရော '
'အင်း ရှိတယ် Soo အတွက် ဆေးသွားယူတယ် '
'အင်း မြွေမြွေ ရော '