Chapter:3

224 23 2
                                    

Unicode

"စစ်သူကြီးအိမ်တော်အကြီးဆုံးသမီးရဲ့အမေဟာ ပျောက်ချင်းမလှပျောက်သွားခဲ့တယ်။သမီးအကြီးဆုံး‌ကသုံးနှစ်အရွယ်မှာဘဲကိုယ်ခန္ဓာအားနည်းနေကြောင်းတွေ့ရှိခဲ့ကြတယ်။ပြီးတော့သူမအသက်သုံးနှစ်ခွဲမှာဘဲမျက်နှာပေါ် အနီရောင်အမှတ်အသားတစ်ခုပေါ်လာခဲ့တယ်။သူမကရုပ်ဆိုးပြီးအသုံးလဲမဝင်တာကြောင့် မိသားစုကိုပါဂုဏ်ငယ်စေလို့  မောင်နှမတွေရဲ့ အနိုင်ကျင့်ခြင်းကိုလဲ ခံရသူဖြစ်တယ်။သူမကအစေခံများနဲ့နှိုင်းယှဉ်ရင်‌ေတာင်ပိုပြီးသိမ်ငယ်စရာကောင်းတဲ့သမီးအကြီးဆုံးဖြစ်တယ်။၁၂ယောက်မြောက်မင်းသားနဲ့ စေ့စပ်ကြောင်းလမ်းထားတဲ့ သတ္တိနည်းသူလေး ဖြစ်တယ်.."

သူမအမျိုးသား‌ေလာင်းထံမှလျှို့ဝှက်စာတစ်စောင်ကိုလက်ခံရရှိတာကြောင့်သူမ၏ခန္ဓာပိုင်ရှင်ကဒီနေရာကိုရောက်လာတာဖြစ်တယ်။ဒါမယ့်လဲ ဒါက ထောင်ချောက်တစ်ခုဆိုတာ သူမ မသိခဲ့လေဘူး..!

သူမရှေ့ကလူကတော့မင်းကြီးအကို King Lu ရဲ့သားFei Xing နိုင်ငံ တော်ဝင်မိသားစုရဲ့ လူသိများတဲ့ လူရှုပ်တစ်ယောက်ဘဲ..။သူက မြို့စားLe Hua အဖြစ်မြောက်စားခြင်း ခံရပြီး သူ့သရုပ်ဆောင်မှုကဆရာကျတယ်လိူ့ ယူဆလို့ရတယ်။ဒါပေမယ့်..သူကမိန်းကလေးငယ်တွေကိုဖျက်ဆီးပြီးသာယာတတ်တဲ့အကျင့်ရှိတယ်။ပြန့်နေတဲ့ကောလဟတွေအရတော့ သူကတစ်ညကို မိန်းကလေးခြောက်ယောက်နဲ့အိပ်ပြအများစုကသူ့အောက်မှာ သေ သွားကြတယ်တဲ့..။အသက်ရှင်ကျန်ရစ်သူတွေတောင်ပြင်းထန်တဲ့စိတ်ဝေဒနာနဲ့အဆုံးသတ်ကြရတယ်။

မြို့တော်မှာအမျိုးသမီးတိုင်းသူ့ကိုမကြောက်တဲ့သူ မရှိဘူး။Gu Xijiu ရဲ့ ခန္ဓာပိုင်ရှင်တောင်မှ မြို့စားရူးရဲ့ အသုံးတော်ခံရမယ်ဆိုတာ သိခဲ့လို့ သူမက ကြောက်လန့်သွားပြီး ကွကိုယ့်သတ်သေဖို့ကြိုးစားခဲ့တာဖြစ်တယ်။

Gu Xijiu အစစ်က သေသွားပြီးပြီ။ဒါပေမယ့်ခေတ်သစ်ကမ္ဘာကလူသတ်သမားဟာသူမရဲ့လူ‌ေသ‌ေကာင်ခန္ဓာကိုမတော်တဆပိုင်ဆိုင်ပြီးပြန်လည်ရှင်ပြန်ထမြောက်လာတယ်လေ..။

မှတ်ဥာဏ်စီမံခန့်ခွဲတာက Gu Xijiu အတွက်လွယ်ကူတဲ့အလုပ်တစ်ခုသာဖြစ်တယ်။

အဆိပ်ပြင်းသောကြင်ယာတော်(မြန်မာဘာသာပြန်)Where stories live. Discover now