Chapter:6 နောက်တစ်ကြိမ် အဝတ်မပါဘဲ သူမလွတ်မြောက်ပြန်..

165 15 3
                                    

Unicode

သူမလမ်းလျှောက်တာ ဆယ်မီတာလောက်ဘဲရှိသေးတယ် ဂူကပိုပိုပြီးတော့ မှောင်လာတယ်။ နောက်တစ်လှမ်းလိုက်တဲ့အခါမှာ ဂူထဲက အပေါက်တစ်ခုကိုလှမ်းမိပြီး ရုတ်တရက်ဆိုသလိုအပေါက်ထဲကျသွားတယ်

ဒါကတော်တော်လေးထူးဆန်းတယ် တကယ်ဆိုရင်ဂူထဲကမြေသားတွေအကုန်လုံးက ညီညာနေရမှာလေ ဘာလို့ဒီမှာထောင်ချောက်ရှိနေရတာလဲ..

သူမအောက်ကိုရောက်တော့ သူရဲ့လဲကျနေတဲ့အနေထားကနေ တည့်မတ်ဖို့ပြင်နေရင်းနဲ့ ပြီးတော့ဒဏ်ရာလည်းမရဘူး ဒါပေမဲ့သူမရဲ့  ခန္ဓာကိုယ်မှာရှိတဲ့အဝတ်စားတွေကတော့တော်တော်လေးစုတ်ပြတ်သွားတယ်။

အဝတ်စားမပါဘဲ တစ်ခါထပ်ပြီးလွတ်မြောက်သွားပြန်ပြီ!

သူမအဲ့လိုဖြစ်တာကိုကြိမ်ဆဲနေမိတယ် ။တစ်ချိန်တည်းမှာလည်းကံကောင်းတယ်လို့တွေးမိနေတယ်။ခုလိုမျိုးဖြစ်သွားတာ သူမတစ်ယောက်တည်းမလို့ကံကောင်းတာ.. တစ်ခြားတစ်ယောက်သာပါရင် သူမတော်တော်လေးရှက်နေရမှာ

သူမရဲ့ခေါင်းကိုခါပြီးတော့  နဂိုအမြင်အာရုံကိုပြန်ရဖို့ကြိုးစားလိုက်တယ်။သူမ ပတ်ပတ်လည်လှည့်ကြည့်​​ဆဲမှာပင်  တစ်ကိုယ်လုံး ရုတ်တရက်ဆိုသလို လှုပ်မရတော့ဘူး ။

ခုသူမရောက်နေတဲ့ဂူက ပထမဖြတ်လာခဲ့တဲ့ဂူလောက်မှောင်မိုက်မနေဘူး။ ပတ်ပတ်လည်မှာရှိတဲ့ကျောက်သားတွေက အရောင်တလက်လက်နဲ့တောက်ပနေတယ်။ ရုတ်ခြည်းဆိုသလိုသူမမြင်လိုက်ရတဲ့ မြင်ကွင်းကိူကြောင်သွားတယ်။

အဲ့ဂူထဲမှာရှိတဲ့ သက်တမ်းရင့်​​နေပြီ​​​​ဖြစ်တဲ့ အဆောက်အဦးမှာလူတစ်ယောက်ထိုင်နေတာကိုတွေ့သွားခဲ့တာ။

ဂူထဲမှာရှိနေတဲ့အလင်းရောင်နဲ့ သူ့ကိုမြင်နေရတဲ့အကွာဝေးကနည်းနည်းလှမ်းနေတာကြောင့် Gu Xijiu ကအမှောင်ထဲမှာရှိနေတဲ့လူရဲ့ ပုံပန်းသွင်ပြင်ကို သေသေချာမသိရဘူး။အဲ့လူထိုင်နေတာဆိုတဲ့အရိပ်ရောင်လောက်ဘဲသူမြင်ရတယ် အဲ့ထက်တော့ပိုပြီးသူမမြင်ရဘူး။ဒါပေမဲ့အဲ့လူက  အဖြူရောင်ဆံပင်ပုံစံနဲ့ အဖြူရောင် အက်ျီကိုဝတ်ဆင်ထားတယ်

အဆိပ်ပြင်းသောကြင်ယာတော်(မြန်မာဘာသာပြန်)Where stories live. Discover now