Chapter: 1 သယ်ဆောင်ခံရခြင်း

1.2K 45 6
                                    

#Unicode

Ch 1

Gu Xijiu နိုးလာတဲ့အချိန်မှာဘဲ အကျပ်တည်းတစ်ခုနဲ့ ပက်ပင်းကြုံရတယ်။သူမရဲ့ပတ်ဝန်းကျင်ကိုလဲ လုံးဝမမှတ်မိနိုင်ခဲ့ဘူး။

သူမရောက်နေတဲ့နေရာမှာ ပိတ်အချောသားလိုက်ကာတွေရှေးကျပိးတန်ဖိုးကြီးတဲ့ဝရံတာတွေ ‌ကြက်ခြေခတ်ယှက်နွယ်နေတဲ့ သစ်သားတိုင်တွေနဲ့အကောက်အကွေ့တွေ များတဲ့ စင်းကြံ လမ်းတွေရှိတယ်။အပေါက်ကနေတစ်ဆင့်စင်းကြံလမ်းတစ်လျှောက်ထွက်ကြည့်လိုက်တယ်။လဆန်းလဖြစ်လို့ တောက်ပနေတဲ့မိုးကောင်းကင်မှာ ‌ကြယ်တွေနဲ့ ဖြန့်ကျက်နေတယ်။ကြည့်ပြီးတာနဲ့ သူမသတိထားမိလိုက်တာက လူအနည်းစုရဲ့ ပုခုံးပေါ်မှာ အလျားလိုက် သူမကို သယ်လာကြတယ်ဆိုတာဘဲ။

သူမထိတ်လန့်သွားတာမို့ အလိုအလျောက်ဘဲ နဲနဲလေး လှုပ်မိသွားတယ်။အဲ့အချိန်မှာ သူမအဝတ်‌တွေမဝတ်ထားဘူးဆိုတာ သဘောပေါက်သွားရပြီ!!စောင်ပါးလေးနဲ့ဘဲ သူမကို ခေါင်းကနေခြေထောက်ထိ မျက်လုံး လေးဘဲ ဖော်ပြီး ပတ်ပေးထားတာ။

သူမကို လမ်းလျှောက်ရင်းသယ်နေတဲ့ လူနှစ်ယောက်ကိုချောင်းကြည့်လိုက်တယ်။

နှစ်ယောက်လုံးက တရုတ်ရှေးခေတ် တိုက်ခိုက်သူဝတ်စုံအပြည့်စုံဝတ်ပြီး သန်မာပုံပေါ်တယ်။လူတစ်ယောက်ကို သယ်ပြီး လျှောက်နေပေမယ့်လဲ သူတိူ့ကတိတ်တဆိတ်ဘဲ..။သူတို့ကိုကြည့်ရတာ တိူက်ခိုက်ရေးအတတ်မှာ ကျွမ်းကျင်တယ်လို့ ထင်ရတယ်။

Gu Xijiu က စောင်ထဲကနေ လက်သီးကိုတင်းတင်ဆုပ်ထားလိုက်တယ်။

သူမကမော်ဒန်ခေတ်မှာ ရက်စက်ပြီး ထိပ်တန်းလူသတ်သမားလဲဖြစ်တယ်။သိူ့‌‌ေပမယ့်လဲသူမရဲ့အနီးစပ်ဆုံး လေ့ကျင့်ရေးသမားLong Xi က သစ္စာဖောက်လိမ့်မယ်လို့ဘယ်တုန်းကမှမမျှော်လင့်ခဲ့မိဘူး။သူက သူမယုံကြည်ခဲ့ရပြီး နှစ်နှစ်ကာကာချစ်ခဲ့ရသူ...ပြီးတော့ သူကဆရာဝန်တစ်ယောက်လဲဖြစ်တယ်။Gu Xijiu က သူ့ကိုလက်ထက်မယ်လို့တောင် တွေးခဲ့တာ..။

ဒါ‌ေပမယ့်လဲ သူရဲ့နေမကောင်းတဲ့ ဇနီးလောင်းအတွက် သူမရဲ့အသဲကိုအစားထိုး ပြောင်းပေးချင်ခဲ့တာ..အဲ့တာကြောင့်သူမကိုဆေးသွင်းပြီး သတိမေ့သွားစေဖို့ သူကြိုးပမ်းခဲ့တယ်လေ..

အဆိပ်ပြင်းသောကြင်ယာတော်(မြန်မာဘာသာပြန်)Where stories live. Discover now