Chapter:8 သူခိုးများထံမှ ခိုးယူခြင်း

281 23 6
                                    

Unicode

သူမဆီမှာ လောလောဆယ် အတွင်းအားက မရှိနေဘူး။အဲ့ဒါကြောင့် သူခိုးတွေကိုအကဲစမ်းမယ့်အစား ရှောင်ဖို့ အနေအထားကိုဘဲ အသင့်ပြင်‌ထားတယ်။သူမရဲ့ စစ်သူကြီးအိမ် လမ်းကိုသာ ရှာဖို့ ဆုံးဖြတ်လိုက်တယ်။

သူမခန့်မှန်းတာသာအမှန်ဖြစ်ရင်နောက်နေ့မနက်ဆိုစစ်သူကြီးရဲ့နေအိမ်မှာ ပြဇာတ်ဆန်ဆန်ဘဲ အတော်ကို မွှေနောက်ခံရတော့မှာ..

သူမ နေမထွက်ခင်ကို အရောက်ပြန်မှရမယ်!

သူမရဲ့သေးသွယ်တဲ့လက်ကိုကြည့်ပြီး‌ေတာ့ သူမကပြုံးမိတယ်။

သူမရဲ့ တည်ရှိမှုက အစစ်အမှန်ဆိုတာကို အဲ့မတိုင်ခင် အတောတွင်းမှာတည်းကခံစားမိခဲ့ပြီ။

သူမကိုဒီပုံစံအသစ်နဲ့ ပြန်လည်ရှင်သန်ဖို့ အခွင့်အလမ်းပေးခဲ့တာကြောင့်သူမ ကောင်း‌ေကာင်းမွန်မွန်ဆက်လက်ပြီး နေထိုင်ရမယ်! အတိတ်ကို အတိတ်မှာဘဲထားခဲ့ ပြီး သူမရဲ့ အငှားဘဝ အသစ်ကိုဘဲ အာရုံစိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

သူမဆံပင်ကိုခြောက်အောင်သုတ်နေရင်းနဲ့ အဲ့ရုပ်ထုကိုသူမထပ်ပြီးကြည့်မိတယ်။ရုပ်ထုရဲ့ပြီးပြည့်စုံတဲ့နှုတ်ခမ်းသားက ပန်းရောင်ဖျော့တော့တော့လေးဖြစ်နေပြီးတော့ အပေါ်ကိုအနည်းငယ်‌ေလး‌ေကာ့တက်‌ေနတယ်။ရုပ်ထုရဲ့ ပြုံးပန်းဝေနေတဲ့နှုတ်ခမ်းသားလေးပေါ်ကို အနမ်းတပွင်လောက် နေရာချပေးချင်မိလာတယ်။

Gu Xijiu ကသူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲနဲ့ ရုပ်ထုရဲ့ အေးစက်နေတဲ့နှုတ်ခမ်းကို ကောက်နမ်းပစ်လိုက်တယ်။အံသြဖို့ကောင်းတာက သူ့နှုတ်ခမ်း‌ေပါ်ကနေ သင်းပျံ့ တဲ့ မွှေးရနံ့ ကို ရလိုက်တာ ပြီးတော့ အနံ့ရဲ့ စွဲဆောင်မှုကို ကျိန်းသေပေါက်ခံလိုက်ရတာဘဲ..

Gu xiju ဟာအဲ့ရုပ်ထုကိုနမ်းပြီးပြီးချင်း တစ်ခါတည်းထွက်သွားခဲ့ချင်ပေမဲ့ အနံ့ရဲ့စွဲဆောင်ခြင်းကိုသူမခံလိုက်ရတာကြောင့် အချိန်နည်းနည်းလောက်ကြာအောင် ဆက်ပြီး ဖက်ထားမိနေတယ်။

ဒါကဘယ်လို ကျောက်စိမ်းမျိုးပါလိမ့်? ဒါကိုကြည့်ရတာတော့ သာမန်ထက်ပို‌ေနတဲ့ အဖြူရောင်အကြမ်းထည် ကျောက်စိမ်းသာသာပါ။ အရေးကြီးဆုံးကတော့ ရုပ်ထုဆီက ကောင်းမွန်တဲ့ အနံ့လေး ရှိနေတာဘဲ!

You've reached the end of published parts.

⏰ Last updated: Sep 18, 2021 ⏰

Add this story to your Library to get notified about new parts!

အဆိပ်ပြင်းသောကြင်ယာတော်(မြန်မာဘာသာပြန်)Where stories live. Discover now