Arc (2.5)

10.2K 854 20
                                    

Zawgyi

"ကျန်းသခင်လေးပါ''

ရမ်ဟွားဟာ တုန်လှုပ်သွားသော မျက်နှာဖြင့် မျက်ရည်ဝဲကာ
"မ...မဖြစ်နိုင်တာ....မင်းလျှောက်မပြောနဲ့''

"ကျွန်မအမှန်တေပြောနေတာပါ''

"မင်းမှာ သက်သေရှိလို့လား''

"ကျွန်မမှာ သက်သေရှိတယ် အဲ့သက်သေက. ကျန်းသခင်လေးကိုယ်တိုင် ကျွန်မပြောရမှာတေကိုရေးပေးတဲ့စာပဲ''ဆိုကာ သူ့ရဲ့ အိတ်ထဲကနေ စာအိတ်ကိုထုတ်ပြလိုက်သည်။

ရမ်ဟွားလဲ တုန်တုန်ယင်ယင်ဖြင့် စာအိတ်အားလှမ်းယူကာ ဖွင့်ဖတ်ကြည့်လိုက်တော့ မျက်နှာတစ်ခုလုံးဖြူဖျော့သွားကာ သူ့အဖေနားသွား၍

"အ..အဖေ ဒီကိစ္စကို ထျန်းလုံကို သွားမပြောပါနဲ့ ပြီးတော့ ကျန်းယွီကိုလဲ ခွင့်လွှတ်ပေးလိုက်ပါ သူက အိမ်ရှေ့စံကိုသဘောကျနေတာလေ ဒီလိုဖြစ်တာ သဘာဝပါပဲ''

ပိုင်သခင်ကြီးဟာ သူ့ရဲ့ ဖြူစင်လွန်းတဲ့သား ကြောင့် သက်ပြင်းချကာ''ကောင်းပြီ သား ဒါပေမဲ့ ကျန်းယွီဆိုတဲ့ ကောငျလေးနဲ့ မပေါင်းနဲ့တော့''

"ဟုတ်ကဲ့''

ပိုင်သခင်ကြီးဟာ အစောနကအမျိုးသမီးဘက်ကိုလှည့်ကာ
"မင်းကို ငါ့သားကျေးဇူးနဲ့ ခွင့်လွှတ်ပေးလိုက်မယ် နောက်တစ်ခါရှိလာရင် ငါတို့ ပိုင်အိမ်တော်က မင်းရဲ့အသက်ကိုရော မင်းကလေးရဲ့အသက်ကိုရော အာမမခံဘူး''

ထိုအမျိုးသမီးလေးက အကြိမ်ကျေးဇူးတင်ကာ ထွက်သွားတော့သည်။

ပိုင်ရမ်ဟွားလဲ သူ့အဖေကို ခွင့်တောင်းပြီး သူ့အဆောင်ကို ပြန်သွားလိုက်သည်။ ပိုင်သခင်ကြီးဟာ သူ့သားအတွက် အလွန်စိတ်မကောင်းဖြစ်မိသည် ဒါပေမဲ့ သူ့သားအတွက် အိမ်ရှေ့စံကို ပြောမှ ဖြစ်မည် သူ့သားက ထိုကောင်လေးအတွက်ငဲ့ပေမဲ့ ဟိုကောင်လေးက သူ့သားကို လုပ်ကြံခဲ့တယ်မလား ဒါကြောင့် သူလဲ ငဲ့စရာ အကြောင်းမရှိ အခုလောက်ဆို သူ့သားဘယ်လောက်တောင် စိတ်ညစ်နေရှာမလဲ
သူမသိတာက သူစိတ်ညစ်နေမယ်လို့ ထင်နေတဲ့ သူ့သားဟာ သူ့ Systemလေးနဲ့ရန်ဖြစ်နေတာပါပဲ

[Host ကျွန်တော်မှားတာမှမဟုတ်တာ]

'မင်းမှားတာလေ ပြီးတော့ မင်းညစ်သွားတာ'

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now