Arc (3.3)

10K 822 45
                                    

Unicode

ကားကိုမောင်းနေသူမှာ လီဆောင်းဝူဖြစ်ပြီး ဘေးနားတွင် ဂင်ဂျွန်ဟော့ဝင်ထိုင်သည် ကားနောက်ခန်းတွင်တော့ ဂျင်ယယ်ဝန်းထိုင်ကာ.ကားထဲက အခြေအနေသည် ကသိကအောက်ဖြစ်စေသည်
ထိူအခြေအနေကို ဇာတ်လိုက်မက မနေနိုင်ဘူးထင်ပါရဲ့ စကားစပြောသည်။

"အကိုဆောင်းဝူက အနုပညာနယ်ပယ်ထဲဝင်တော့မှာလား''

လီဆောင်းဝူဟာ ကားမောင်းရင် ခေါင်းငြိမ့်ပြကာ ပြန်ဖြေသည်။

"အင်း ဟုတ်တယ်လေ ကိုယ်ချစ်တဲ့သူက အနုပညာနယ်ပယ်ထဲမှာဆိုတော့ ကိုယ်လဲသူ့ကိုထောက်ပံ့ဖို့ အနုပညာရှင် ဖြစ်သင့်တယ်မလား''
ထိုစကားကို ပြောပြီးနောက်မှာ  ဇာတ်လိုက်နှင့်ဇာတ်လိုက်မက မျက်လုံးအရောင်များ တလဲ့လဲ့နဲ့
ဂင်ဂျွန်ဟော့ဟာ သူ့ကိုပြောတယ်ထင်ကာ အရမ်းတွေ ပြောနေသလို ဂျင်ယယ်ဝန်းဟာလဲ အဲ့လိုပါပဲ

"အကိုဂျွန်ဟော့ ညီမက အခုမှအနုပညာလောက မှာ.သက်တမ်းနုသူဆိုတော့ သင်ကြားပေးပါအုံး''ဆိုကာ ပါးလေးတွေရဲပီး ခေါင်းငုံကာ ရှက်ရွံ့ပုံလေးဖြင့်ပြောလေသည် ဒီလိုအပြောမျိုးဟာ.ဘယ်ယောကျားအတွက်မဆို ရင်ခုန်ချင်စရာ ကောင်းပေမဲ့ ဂင်ဂျွန်ဟော့အတွက်တော့ အသံကစိတ်ပျက်စရာ...သူဟာ ထိုမိန်းမနဲ့ မပြောချင်တာမို့

"အရည်အချင်းကို အကျိုးရှိရှိအသုံးချပေါ့''

ကားလေးဟာ တရွေ့ရွေ့ဖြင့် ဂျင်ယယ်ဝန်းရဲ့ အိမ်ရှေ့မှာ ရပ်သွားခဲ့သည် ဂျင်ယယ်ဝန်းဟာ အိမ်သို့ သူတို့နှစ်ယောက်လုံးကို ဖိတ်ခေါ်သည် ဒါပေမဲ့ အလုပ်ရှိသည်ဆိုကာ ငြင်းလိုက်ကာ ကားကိုဆက်မောင်းလာခဲ့သည်

ကားပေါ်မှာတော့ ဂင်ဂျွန်ဟော့ဟာ သူ့ရဲ့ကလေးက သူ့အပေါ် အမြင်မကြည်မှန်းသိပေမဲ့ ဘာကို အမြင်မကြည်မှနိးမသိပေ ဒါကြောင့် စကားရှာကာ စပြောလိုက်သည်။

"ဝူလေး..''

"ဆောင်းဝူ''

"ဟမ်''ဂင်နမ်ဂျွန်းမှ စကားစပြောရန်နာ မည်ခေါ်လိုက်တဲ့အချိန် လီဆောင်းဝူဘက်မှပြောလိုက်တဲ့စကားကြောင့် ကြောင်အသွားချိန် လီဆောင်းဝူမှ ဆက်ပြောသည်

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now