Arc (4.1)လီရှင်းရန်/လီရွင္းရန္

9.2K 768 56
                                    

Unicode

ဒီကမ္ဘာဟာ အရင်ကမ္ဘာလို ခေတ်သစ်ကမ္ဘာပင် ဒီကမ္ဘာရဲ့ဇာတ်လိုက်က ကုယွမ်
ဇာတ်လိုက်မ(male)က မုချင်း

ဇာတ်လိုက်ဟာ သူ့အမေရဲ့နှစ်ပတ်လည်နေ့အတွက် ပန်းဝယ်ဖို့သွားရာမှ ဖြူစင်စွာ ပန်းတွေကို ကြည့်နေတဲ့ ဇာတ်လိုက်မကို မြင်ကာ ချစ်သွားခဲ့သည် ထိူ့နောက်မှာ ဇာတ်လိုက်မရဲ့ အကြောင်းတွေကိုစုံစမ်းခဲ့သည် ထိုမှစတင်ကာ ဇာတ်လိုက်က ဇာတ်လိုက်မအား အမျိုးမျိုးပိုးပန်းခဲ့သည် ဇာတ်လိုက်ဟာဇာတ်လိုက်မကို ဖွင့်ပြော ဇာတ်လိုက်မက ခေါင်းငြိမ့် နောက်တော့ချစ်ကြိုက် ဇာတ်လိုက်က စီးပွားရေးဧကရာဇ်၊ရေခဲတုံးဘုရင်ဟု နာမည်ကျော်ကြားသည် ထိူကဲ့သို့ရေခဲတုံးဘုရင်ဟာ တစ်ယောက်သော သူရှေ့မှာ အလွန်ကို နူးညံသည့်ကြောင့် လူတိုင်းဟာ ရှုံ့ချခြင်းမပြုပဲ အားကျကြသည် ထို့နောက်မှာတော့ ကလေးတစ်ယောက်မွေးကာ ပျော်ရွှင်စွာနေထိုင်သွားကြသည်

သူဝင်ထားတဲ့ခန္တာကိုယ်နာမည်က လီရှင်းရန်ဖြစ်ပြီးသူဟာ တစ်အိမ်လုံးရဲ့ အပယ်ခံဖြစ်တယ် သူ့ကိုမွေးခဲ့တဲ့ မိခင်ဆီကအမုန်းကို ငယ်ငယ်ထဲက ခံခဲ့ရတယ် သူ့ကိုဘာကြောင့် မုန်းလဲဆိုတာ သူမသိချေ ပြီးတော့ သူ့အဘွားဟာ သူ့အား မိခင်ဘက်မှ မုမျိုးရိုးကို လုံးဝမလိုက်စေခဲ့ပဲ လီမျိုးရိုးကိုသာ နာမည်ပေးခဲ့သည် သူ့ညီငယ်လေးအား လီမျိုးရိုးအား သူ့အဘွားမှ လုံးဝဆက်ခံခွင့်မပြုတာကြောင့် သူ့ညီက မုမျိုးရိုးဖြင့်သာ နေရသည် သူ့ညီငယ်လေးဟာလဲ မျက်နှာနှစ်ခွနဲ့လူဖြစ်သည် သူ့မိဘတွေ သူ့အပေါင်းအသင်းတွေ လူကြီးလူကောင်းတွေရှေ့ကျရင် အလွန်ကိုရိုးသားဖြူစင်သူ..အလွန်ကိုအနစ်နာခံတတ်လွန်းသူ အလွန်ကို ကြင်နာတတ်လွန်းသူဖြစ်သည် ဒါပေမဲ့ ဘယ်သူကထင်မှာလဲ ဇာတ်လိုက်မဟာ ထိုအရာတွေရဲ့နောက်ကွယ်ကျရင် ကြောက်စရာကောင်းလွန်းလှသည် အမုန်းစကားနဲ့တိုက်ခိုက်တတ်သည်။ တစ်ရက်မှာ သူ့အဘွားက ရုတ်တရပ်သေဆုံးသွားခဲ့သည် ဆေးစစ်ချက်အရ အဆိပ်မိသေခြင်းပင် ဒါကို မုအိမ်တော်ကလူတွေဟာ လီရန်ရှင်းကို ပုံချခံရကာ နှင်ထုတ်ခြင်းကိုခံခဲ့ရသည် ထိုသို့နှင်ထုတ်ခံရခြင်းကြောင့် လမ်းဘေးမှာတင် အစာငတ်ပြီး အဓမ္မကျင့်ခံရကာ သေဆုံးသွားခဲ့သည် လီရှင်းရန်သေဆုံးသည့်နေ့ဟာ ဇာတ်လိုက်နှစ်ယောက်ရဲ့ လက်ထပ်ပွဲကျင်းပတဲ့နေ့ဖြစ်သည်

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now