Arc(2.1)ပိုင်ရမ်ဟွား/ပိုင္ရမ္ဟြား

11.7K 876 18
                                    

Unicode

ရှောင်ကျန့်လဲ နာကျင်တာ.သက်သာသွားမှ ဇာတ်ကြောင်းကိုဖတ်မိသည် ......

ဒီကမ္ဘာဟာ ရှေးဘုရင်ခေတ်, ဒီကမ္ဘာမှာ ယောကျာ်း၊မိန်းမအပြင် ကောဆိုတာပါရှိသည်။ ကောတေသည် အလွန်နူးညံ့ကာ အထိအခိုက်မခံနိူင်ကြချေ
ကောတေတွင် ကျူရှားရစ်ဆိုတဲ့ အမှတ်အသားများရှိသည် ကျူရှားရစ်သည် အနီရောင်ဖြစ်ပြီး အရောင်တောက်လေလေ ကလေးမွေးနိူင်စွမ်း မြင့်လေလေ ဖြစ်သည် ဒါကြောင့် အရောင်တောက်တဲ့ ကျူရှားရစ်ရှိတဲ့ ကောကို ဖူးဖူးမှုတ်ထားကြသည်။

ဒီကမ္ဘာရဲ့ ဇာတ်လိုက်က ရွှီထျန်းလုံ မင်နိုင်ငံရဲ့ အိမ်ရှေ့စံဖြစ်ကာ အလွန်သွေးအေးရက်စက်သူတစ်ယောက်...
စာပေ၊သိုင်းပညာ ဘက်စုံထူးချွန်သည် စစ်ရေးစစ်ရာတေကိူလဲ ဦးစီးရသည်။ ပြည်သူတေကပင်လေးစားကြည်ငြိုကြသည် ။

ဇာတ်လိုက်မ(male)ရဲ့နာမည်က ကျန်းယွီ
အမတ်ကြီးကျန်းရဲ့သားဖြစ်သည် အလွန်ဖြူစင်ကာ ပန်းလေးလိုနူးညံ့သည်။ အမတ်ကြီးကျန်းရဲ့ ရာထူးသည် အမတ်ချုပ်ကြီးထက် တစ်ဆင့်သာ နိမ့်သည်။ဇာတ်လိုက်မဟာ ဂီတပညာမှာ အလွန်ထူးချွန်လေသည်....

တနေ့ ဘုရင်သည် သူရဲ့သားဖြစ်သူ အိမ်ရှေ့စံသည် ကြင်ယာတော်မရှိသေးသဖြင့် နှစ်တိုင်းကျင်းပနေသည် ပန်းပွဲတော်တွင် ကြင်ယာတော်ရွေးပွဲပါ ပေါင်းထည့်ကာ ကျင်းပလေသည်။ထိုပန်းပွဲတော်သည် ယောကျာ်းလေးများသည် သိုင်းပညာယှဥ် ပြိုင်ကြရသည်။ မိန်းမ၊ကောတေကတော့ မိမိ ကြိုက်နှစ်သက်ရာ တူရီယာဖြင့် ဖျော်ဖြေခွင့်ရှိသည်။ထိုပွဲတွင် အနိုင်ရရှိသူနှစ်ဦးတို့သည် ဘုရင်အား ကြိုက်နှစ်သက်ရာ တောင်းဆိုခွင့်ရှိသည်။ ဒါပေါ့ ဇာတ်လိုက်တို့ရဲ့အရှိန်အဝါအတိုင်း ဇာတ်လိုက်ဟာ ယှဥ်ပြိုင်ရာမှာ သူအနိုင်ရရှိသွားတယ် ဇာတ်လိုက်မရဲ့ နူးညံ့တဲ့ သံစဥ်တေကိုနားထောင်ပြီး ဇာတ်လိုက်မရဲ့ ဖြူစင်မှုနဲ့ ရိုးသားမှုကိုမြင်ကာ ချစ်ကြိုက်သွားခဲ့တယ်။

ထိုပြိုင်ပွဲ အပြီးတွင် အလေ့အကျင့် တစ်ခုရှိသေးသည် ထိုဟာက မိမိကြိုက်နှစ်သက်ရာလူကို ပန်းကုံးစွပ်ပေးခြင်းပင် ယောကျာ်းသားများဟာ မိမိကြိုက်နှစ်သက်သူစီသွား၍ မိမိလက်ထဲက ပန်းကုံးအား ထိုမိန်းမ သို့မဟုတ် ကောအား စွပ်ပေးလိုက်ရင် သဘောကျတယ်ဆိုတဲ့ အဓိပ်ပါယျ သက်ရောက်ပြီး ထိုမိန်းမ သိုမဟုတ် ကောက ပန်းကုံးကို အစွပ်ခံကာ လက်ခံကြောင်းပြောသည်နှင့် ထိုလူနှစ်ယောက်ဟာ နောက်တစ်နေ့မှာ လက်ထက်ရသည်။ဇာတ်လိုက်ကလဲ သူသဘောကျတဲ့ ကောအား ပန်းကုံးစွပ်ပေးပြီး ဇာတ်လိုက်မကလဲ လက်ခံကာ နောက်နေ့လက်ထက်သွားကြသည် ထို့နောက် ကလေးနှစ်ယောက်မွေးကာ ပျော်ရွှင်စွာ နေထိုင်သွားကြပီး Happy Ending afterပေါ့....

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now